ဆံပင်အကောက်ပုံစံလေးတွေက မိန်းကလေးတစ်ယောက်အလှကို ပိုရင့်ကျက်သွားစေပြီး ပိုကဗျာဆန်စေပါတယ်။ သင်က ဆံပင်ကောက်ဖို့ စဉ်းစားထားတယ်ဆိုရင် ကိုယ်နဲ့ လိုက်ဖက်မယ့် ဆံပင်အကောက်ပုံစံကို ကြိုရွေးထားဖို့လိုပါတယ်။ သင့်ကို လုံးဝပုံစံပြောင်းသွားပြီး လှသွားစေမယ့် အကောက်ပုံစံတွေကို ကြည့်ကြည့်လိုက်ပါနော်။

၁။ အကောက်ပြေပြေလေး


သင်က ရှည်လျားတဲ့ ဆံကေသာကို ပိုင်ဆိုင်တယ်ဆိုရင် ကောက်သားပြေပြေလေးတွေက သင်နဲ့လိုက်ဖက်မှာပါ။ လိမ်ကောက်နေတာမျိုးမဟုတ်ဘဲ ပြေပြေလေးနဲ့ ဆင်းသွားတာပါ။

၂။ ရေသူမကောက်သား


Mermaid Curls လို့ခေါ်ပါတယ်။ Taylor Swift အရင်က ကောက်ခဲ့ဖူးတဲ့ ဆံပင်ပုံစံမျိုးပါ။

၃။ Sexy ကျတဲ့ အကောက်ပုံစံ


ဆံပင်ပြေပြေလေးကောက်တဲ့ပုံစံမဟုတ်ဘဲ လုံးဝ အကောက်ပုံစံပါ။ အလွယ်ပြောရမယ်ဆိုရင် ခေါက်ဆွဲသားလိုပါပဲ။ ဒီလိုကောက်သားပုံစံကို ဆွဲဆောင်မှုရှိပြီး Sexy ကျတဲ့ ပုံစံလိုချင်ရင် ကောက်သင့်ပါတယ်။

၄။ အကောက်ဆံထုံး


သင်က ဆံပင်ကောက်ထားတယ်ဆိုရင် ဆံထုံး ထုံးဖို့က အနည်းငယ်တော့ခက်ခဲပါမယ်။ ဒါပေမဲ့ ထုံးလိုက်တဲ့အချိန် ဆံပင်အဖြောင့်နဲ့မတူဘဲ တမူထူးခြားပြီး ပိုလှနေပါလိမ့်မယ်။

၅။ ရစ်ပတ်တဲ့ပုံစံ


Spiral ရစ်ပတ်တဲ့ပုံစံ ခွေခွေကောက်ကောက်လေးတွေပါ။

၆။ Braided Waves


သတို့သမီးတွေ ကောက်နေကျ ဆံပင်အကောက်ပုံစံမျိုးပါ။ ဆံသားအောက်ဘက်မှာ လှိုုင်းတွန့်ပုံစံသွားတဲ့ အကောက်ပါ။

၇။ လှိုင်းပုံစံ


ရေလှိုင်းပုံစံအကောက်လေးတွေကလည်း မိန်းကလေးတွေ ကောက်ကြည့်သင့်တဲ့ ဆံပင်ပုံစံပါ။

Photo Source: Pinterest

By MyStyle Myanmar