အားလုံးပဲ မင်္ဂလာပါနော်။ စကပ်တွေက ဝတ်ရတာ သက်တောင့်သက်သာဖြစ်ပြီး ရာသီမရွေး ဝတ်ဆင်နိုင်ပါတယ်။ သင်က စကပ်အတိုဝတ်ရတာ မကြိုက်တဲ့ မိန်းကလေးတစ်ယောက်ဆိုရင် စကပ်အရှည်လေးတွေ ဝတ်နိုင်ပါတယ်။ စကပ်အတိုမှ ဖက်ရှင်ကျတာမဟုတ်ပါဘူး။ စကပ်အရှည်ကိုလည်း စတိုင်ကျအောင် လှအောင် ဝတ်ဆင်နိုင်ပါသေးတယ်။
စကပ်အရှည်ဖက်ရှင်က ဘယ်အချိန်ပဲဖြစ်ဖြစ် မရိုးတော့မယ့် ဖက်ရှင်တွေထဲ ပါဝင်ပါတယ်။ မြင်ရသူကိုလည်း အမြင်မရိုင်းစေဘဲ ရိုးရိုးလေးနဲ့ လှနေစေမှာပါ။ အတိုမဟုတ်တဲ့အတွက် သင့်ကိုယ်သင်လည်း ပိုပြီး ယုံကြည်မှုရှိစေမှာပါ။ ဒူးမဲတဲ့မိန်းကလေးတွေအနေနဲ့လည်း စကပ်ရှည်ကို ချစ်စရာကောင်းအောင် ဝတ်နိုင်ပါသေးတယ်။
Photo Source: Pinterest
By MyStyle Myanmar