ဒူးမည်းတာ တံတောင်မည်းတာက မိန်းကလေးတွေရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုကို ကျဆင်းစေပါတယ်။ ဒူးပေါ်တဲ့ စကပ်တိုလေးတွေ ဝတ်တဲ့အချိန် စိတ်ကသိကအောက်ဖြစ်စေပါတယ်။ သင်က ဒူးမည်းတံတောင်မည်းနေလို့ စိတ်ညစ်နေတယ်ဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဒူးမည်းတာကို ကိုယ့်အိမ်မှာပဲ အိမ်တွင်းပစ္စည်းတွေနဲ့ ဖြူလာအောင်ပြုလုပ်နိုင်ပါတယ်။ နည်းလမ်းတွေကတော့-
၁။ မုန့်ဖုတ်ဆိုဒါ
ခွက်တစ်ခွက်ထဲမှာမုန့်ဖုတ်ဆိုဒါ သုံးဇွန်းနဲ့ နွားနို့ ၂ ဇွန်းထည့်ပေးပါ။ အနှစ်ဖြစ်အောင် မွှေပေးပါ။ ဒီအနှစ်ကို ညိုမည်းတဲ့နေရာမှာ လိမ်းပြီး မိနစ် ၂၀ လောက် ခြောက်တဲ့အထိထားပေးပါ။ ပြီးရင်တော့ ရေဆေးချပါ။ မုန့်ဖုတ်ဆိုဒါက ချေးချွတ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ နွားနို့နဲ့ ပေါင်းစပ်လိုက်တဲ့အခါ အသားအရေကို တောက်ပသွားစေပါတယ်။
၂။ ပျားရည်နဲ့ သံပယိုသီး
သံပယိုရည်တစ်ဇွန်းနဲ့ ပျားရည်တစ်ဇွန်းရောပေးပါ။ ပြီးနောက် ညိုမည်းတဲ့ တံတောင်နဲ့ ဒူးပေါ်လိမ်းပြီး မိနစ် ၃၀ လောက်ထားပေးပါ။ ပြီးနောက် ရေဆေးချပါ။ သံပယိုသီးက အသားအရေကို တောက်ပစေတဲ့ သဘာဝအသီးတစ်မျိုးပါ။ ပျားရည်က အသားအရေကို အစိုဓာတ်ပေးပါတယ်။
၃။ ဒိန်ချဉ်နဲ့ ရှာလကာရည်
ဒိန်ချဉ်သုံးဇွန်းနဲ့ ရှာလကာရည် နှစ်ဇွန်းကို ရောပေးပါ။ ပြီးနောက် ဒီအရောကို တံတောင်နဲ့ ဒူးမှာလိမ်းပြီး မိနစ် ၄၀ ထားပေးပါ။ ပြီးနောက် ရေဆေးချပါ။ ရှာလကာရည်မှာပါဝင်တဲ့ Acetic အက်ဆစ်က အသားအရေကို လင်းစေပြီး ဒိန်ချဉ်က အသားအရေဖြူစေပါတယ်။
By MyStyle Myanmar