၁။ တစ်ယောက်ယောက်က သင့်ကို စိတ်ဝင်စားလို့ ကြည့်နေတယ်ဆိုရင်တောင် သင်ကဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ကျောက်ရုပ်ကြီးလိုဖြစ်သွားတယ်။

Photo Source: www.history.com

၂။ လူအများနဲ့ ပေါင်းသင်းဝင်ဆံ့ပြီး စကားအရမ်းများတဲ့ သင့်ကိုမရပ်မနားစကားပြောနေရင် သူကိုစကားဆက်မပြောအောင် စကားစ ဘယ်လိုဖြတ်ရမလဲ မသိဘူး။

Photo Source: blog.douglasburtet.com.br

၃။ လူအများက သင်နဲ့ စကားစမြည်ပြောချင်ပေမဲ့ သင်ကပြောဖို့ စိတ်မပါတတ်ဘူး။

Photo Source: www.hoy.com.ni

၄။ သင်တစ်ယောက်တည်း အေအေးဆေးဆေးအနားယူနေတဲ့ အချိန်ကိုမှ လာနှောင့်ယှက်ပြီး စကားလာပြောကြရင် သင့်မှာ ပြန်ပြောစရာစကားမရှိဖြစ်တတ်တယ်မလား။

Photo Source: bookkidsblog.wordpress.com

၅။ တစ်ခါတစ်လေမှာ ကိုယ့်လိုပဲ စကားနည်းတဲ့ Introvert တစ်ယောက်နဲ့ စကားပြောရတာက ကသိကအောက်နိုင်လှသလို၊ တစ်ခါတလေကျရင်လည်း ရင်ဘတ်ချင်းနီးသွားသလိုလည်း ခံစားရတယ်။

Photo Source: www.thefearlessman.com

၆။ လိုင်းပေါ်မှာ ရင်းနှီးတဲ့သူနဲ့ အပြင်မှာပထမဆုံးတွေ့တဲ့အခါ ဘာပြောလို့ ပြောရမှန်းမသိဖြစ်တတ်ကြသေးတယ်။

Photo Source: steemit.com

၇။ ကသိကအောက်နိုင်လှတဲ့ တိတ်ဆိတ်မှုကို ဖျောက်ဖို့ အတွက် ကိုယ်က စကားစပြောလိုက်ရင်လည်း အထူးအဆန်းတွေကို ဖြစ်လို့။

၈။ တစ်ခါတစ်လေမှာ ကိုယ်တစ်ယောက်တည်း အတွေး ရေယာဉ်ကြောထဲနစ်နေတဲ့ အချိန်မှာ တစ်ဖက်လူက ဘာပြောလိုက်မှန်းမသိလို့ပြန်မေးရပေါင်းလည်းများပြီ။

Photo Source: steemit.com

၉။ တစ်ခါတစ်လေ ခပ်ချောချောကောင်လေး၊ ကောင်မလေးတွေကိုတွေ့လို့ စကားပြောချင်ပေမဲ့ ဘယ်ကစပြောရမှန်းမသိလို့ သူတို့ ကိုယ့်စိတ်ကို ဖတ်တတ်သယောင် စိုက်ကြည့်တတ်ကြတယ်။ တစ်ဖက်လူကလည်း ဘယ်လိုလုပ်နားလည်မလဲ၊ အဲ့လိုကနေ ကိုယ့်အနာဂတ်ရည်းစားလောင်းလေးက ကိုယ့်ဘဝကနေ အပြီးအပိုင်ထွက်သွားကြရော။

Photo Source: nexusnewsfeed.com

၁၀။ သူငယ်ချင်းအများကြီးအုပ်စုဖွဲ့ပြီး စကားစမြည်ပြောနေရင်လည်း ကိုယ့်စကားကတိုးမပေါက်တာမျိုး။ ကိုယ်ကတစ်ခုခုပြောမယ်ကြံလိုက် တခြားတစ်ယောက်ကဖြတ်ပြောလိုက်နဲ့ ကြာလာတော့ စိတ်ကုန်ပြီး သူတို့ ပြောတာပဲ နားထောင်လိုက်ရတဲ့ အဖြစ်တွေလည်း ခဏခဏ ကြုံဖူးကြတယ်။

၁၁။ စကားလုပြောရရင်လည်း စကားလုံးတွေက ကမှောက်ကမှတွေဖြစ်ပြီး အစီအစဉ်မကျတော့ဘူး။

Photo source: icons8.com

၁၂။ သင်သွားနေကျ အားကစားခန်းမ၊ ကော်ဖီဆိုင်တွေကို မသွားတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လူတွေက သင့်ကို မျက်မှန်းတန်းမိနေကြပြီးတော့ လာစကားပြောတာကို မကြိုက်လို့။

Photo Source: medium.com

၁၃။ ဓာတ်လှေကားထဲမှာ မရင်းနှီးတဲ့ အိမ်နီးချင်းနဲ့ စက္ကန့်သုံးဆယ်လောက်အတူစီးရတာလည်း စိတ်ကြဉ်းကြပ်လိုက်တာ ပြောမနေနဲ့။

Photo Source: schmelevator.wordpress.com

၁၄။ သူငယ်ချင်းတွေက အပြင်သွားဖို့ခေါ်ရင်လည်း သင့်မှာငြင်းဆန်ဖို့ အကြောင်းပြချက်တွေ မရှိတော့တာလည်း စိတ်ညစ်ရတယ်။

Photo Source: www.phrasemix.com

၁၅။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကိုလာစပြောကြည့် စကားအများဆုံးလူကလည်း ကိုယ်ပဲ ဖြစ်နေတတ်တယ်။

Photo Source: thereisabookforthat.com

Source: introvertdear.com