လူတိုင်းလူတိုင်းက အချစ်ဆိုတဲ့အရာနဲ့ ထိတွေ့ဖူးကြမှာပဲလေ။ ရည်းစားမထားဖူးသေးတာပဲဖြစ်ဖြစ်၊ အချိန်ကြာကြာရည်းစားမထားဖြစ်တော့ပဲ အခုမှ နောက်တစ်ခါအချစ်ကို ပြန်ပြီးခံစားမိတဲ့အချိန်တွေမှာ စိတ်ခံစားချက်တွေကအစ ပြောင်းလဲလာပါလိမ့်မယ်။

ဘာတွေပြောင်းလဲလာတယ်ဆိုတာကို သတိထားမိအောင် ဖော်ပြပေးလိုက်မယ်နော်။

စိတ်ဖိစီးမှုတွေကိုလျော့နည်းလာစေပါလိမ့်မယ်

အပြင်မှာအဆင်မပြေတာတွေရှိလာခဲ့ရင်လည်း တစ်ယောက်ထဲခံစားနေစရာမလိုပဲ ရင်ဖွင့်တိုင်ပင်လို့ရမယ့်သူက အနားမှာရှိနေတော့ ဘာပဲဖြစ်ဖြစ် နည်းနည်းတော့စိတ်ပြေစေတာပေါ့။ နောက်တစ်ခုက ကိုယ့်ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့သူမျိုးကို ပိုင်ဆိုင်ထားရတော့ စိတ်ဖိစီးမှုတွေဆိုတာ အရင်ကလောက်ရှိတော့မှာ မဟုတ်ပါဘူး။

လုံခြုံတယ်လို့ခံစားလာရမယ်

အရင် FA ဘဝတုန်းကလိုမျိုး ဘယ်သူဂရုစိုက်တာမှ မခံရတာမျိုးမဟုတ်ပဲ ရည်းစားရှိလာတဲ့အချိန်မှာ ရည်းစားရဲ့ ဂရုစိုက်တာတွေ၊ ကာကွယ်ပေးတာတွေကို ခံရတော့ ကိုယ့်ဘဝကပိုပြီးတော့ လုံခြုံမှုရှိလာတယ်လို့ ခံစားရမှာပဲဖြစ်ပါတယ်။

ပျော်ရွှင်မှုတွေနဲ့ ကြုံလာရမယ်

ရည်းစားရပြီး အချစ်ဆိုတာကိုခံစားရတဲ့အချိန်မှာ သင့်ဦးနှောက်ထဲမှာတွေးမိနေတာတွေက အရမ်းကို ပျော်စရာကောင်းပြီး ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကြည်နူးစရာကောင်းတာလေးတွေကိုပဲ ခံစားနေရမှာဖြစ်ပါတယ်။