[Zawgyi]

ေယာက်ာ္းေလးေတြက သူတို႔ရဲ႕ခ်စ္သူမိန္းကေလးေတြကို လက္ထပ္ခြင့္မေတာင္းခင္မွာ ေကာင္မေလးဆီမွာ ဘယ္လိုအရည္အခ်င္းေတြ ရွိသလဲဆိုတာ အၿမဲတမ္းအကဲခတ္ေလ့႐ွိပါတယ္။ ေအာက္မွာေဖာ္ျပထားတဲ့အခ်က္ေလးေတြကို ဆက္ဖတ္ၾကည့္မယ္ဆိုရင္ ေယာက်ာ္းေလးေတြ သူတို႔ေကာင္မေလးဆီက ဘယ္လိုအရည္အခ်င္းေတြ ႐ွိေစခ်င္လဲဆိုတာ သိလာမွာပါ။

၁။ ႐ိုးသားျခင္း

႐ိုးသားတဲ့မိန္းကေလးေတြက ေယာက်ာ္းေလးေတြရဲ႕ အသည္းနွလံုးကိုဖမ္းစားနိုင္ပါတယ္။ သူေတာ္ေကာင္းေယာင္ေဆာင္ၿပီးေတာ့ အကြက္ေတြေရြ႕ ဇာတ္လမ္းေတြ႐ိုက္ေနတဲ့သူမ်ိဳးဆို ေယာက်ာ္းေလးေတြက ခ်စ္ေရးမဆိုခင္၊ ဒါမွမဟုတ္ ခ်စ္သူျဖစ္ေနရင္ေတာင္မွ လက္ထပ္ခြင့္ေတာင္းသင့္ မေတာင္းသင့္ ေသခ်ာျပန္စဥ္းစားေလ့႐ွိပါတယ္။

၂။ စာနာျခင္း၊ မွ်ေဝခံစားျခင္း

စာနာစိတ္႐ွိတဲ့ ေကာင္မေလးနဲ႔ ခ်စ္သူျဖစ္တဲ့ေကာင္ေလးေတြဟာဆိုရင္ အခ်စ္ခံရတယ္လို႔ ခံစားၾကရတယ္။ ၿပီးေတာ့အဲ့လိုေကာင္မေလးေတြက သူတို႔အခက္အခဲျဖစ္ေနတဲ့အခ်ိန္တိုင္း ေဘးနားမွာအေဖာ္ျပဳၿပီး မွ်ေဝခံစားေပးမယ္လို႔လည္း ယံုၾကည္တတ္ၾကတယ္။

၃။ မိမိကိုယ္ကိုယံုၾကည္မႈ႐ွိျခင္း

စိတ္ဓာတ္ၾကံခိုင္ၿပီးေတာ့ မိမိကိုယ္ကိုယံုၾကည္မႈ႐ွိတဲ့ မိန္းကေလးကိုဆို ေယာက်္ားေလးေတြ ဒဲ့ေၾကြပါတယ္။

၄။ ၾကင္နာတတ္ျခင္း

သူတစ္ပါးအေပၚ မေကာင္းၾကံၿပီး ၾကင္နာစိတ္ကင္းမဲ့တဲ့သူမ်ိဳးကို လူတိုင္းမၾကိဳက္ၾကပါဘူး။ ဒါေၾကာင့္ သနားၾကင္နာစိတ္႐ွိျခင္းကလည္းပဲ ေယာက်ာ္းေလးေတြခ်စ္ေရးဆိုေစတဲ့ အဓိကအခ်က္ပဲျဖစ္တယ္။

၅။ ဟာသၪာဏ္႐ႊင္ျခင္း

အကယ္၍သင္ဟာ ဟာသၪာဏ္႐ႊင္တဲ့ေကာင္မေလးဆိုရင္ သင့္အနားမွာေနရတာကို သူေပ်ာ္ပါလိမ့္မယ္။

၆။ ၪာဏ္ပညာထက္ျမက္ျခင္း

မိန္းကေလးေတြရဲ႕ ထက္ျမက္တဲ့အရည္အခ်င္းကိုလည္းပဲ ေကာင္ေလးေတြလိုခ်င္တတ္ၾကပါတယ္။ ဒါမွလည္း သူတို႔အေလးအနက္ထားတဲ့သမီးရည္းစားဆက္ဆံေရးကို တည္ေဆာက္နိုင္မွာမို႔လို႔ပါ။

၇။ လွပတဲ့ နွလံုးသား႐ွိျခင္း

စိတ္ဝိညာၪ္လွပတဲ့မိန္းကေလးမ်ိဳးကို ေယာက်ာ္းေလးေတြ မေၾကြပဲမေနပါဘူး၊ ေၾကြကိုေၾကြပါတယ္။

၈။ ပြင့္လင္းမႈ႐ွိျခင္း

ကိစၥတစ္ခု၊ ျပႆနာတစ္ခု႐ွိလာၿပီဆိုရင္ သြယ္ဝိုက္ေကြ႕ပတ္ေနတာမ်ိဳးမဟုတ္ဘဲ သင့္ရဲ႕အေတြးကို ပြင့္ပြင့္လင္းလင္းနဲ႔ တိုက္႐ိုက္ေျပာျပမယ္ဆိုရင္ သင့္ေကာင္ေလးဆီက ေလးစားမႈကိုရ႐ွိမွာ အမွန္ပါပဲ။

Source: banter.fun

[Unicode]

ယောကျာ်းလေးတွေက သူတို့ရဲ့ချစ်သူမိန်းကလေးတွေကို လက်ထပ်ခွင့်မတောင်းခင်မှာ ကောင်မလေးဆီမှာ ဘယ်လိုအရည်အချင်းတွေ ရှိသလဲဆိုတာ အမြဲတမ်းအကဲခတ်လေ့ရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကို ဆက်ဖတ်ကြည့်မယ်ဆိုရင် ယောကျာ်းလေးတွေ သူတို့ကောင်မလေးဆီက ဘယ်လိုအရည်အချင်းတွေ ရှိစေချင်လဲဆိုတာ သိလာမှာပါ။

၁။ ရိုးသားခြင်း

ရိုးသားတဲ့မိန်းကလေးတွေက ယောကျာ်းလေးတွေရဲ့ အသည်းနှလုံးကိုဖမ်းစားနိုင်ပါတယ်။ သူတော်ကောင်းယောင်ဆောင်ပြီးတော့ အကွက်တွေရွေ့ ဇာတ်လမ်းတွေရိုက်နေတဲ့သူမျိုးဆို ယောကျာ်းလေးတွေက ချစ်ရေးမဆိုခင်၊ ဒါမှမဟုတ် ချစ်သူဖြစ်နေရင်တောင်မှ လက်ထပ်ခွင့်တောင်းသင့် မတောင်းသင့် သေချာပြန်စဉ်းစားလေ့ရှိပါတယ်။

၂။ စာနာခြင်း၊ မျှဝေခံစားခြင်း

စာနာစိတ်ရှိတဲ့ ကောင်မလေးနဲ့ ချစ်သူဖြစ်တဲ့ကောင်လေးတွေဟာဆိုရင် အချစ်ခံရတယ်လို့ ခံစားကြရတယ်။ ပြီးတော့အဲ့လိုကောင်မလေးတွေက သူတို့အခက်အခဲဖြစ်နေတဲ့အချိန်တိုင်း ဘေးနားမှာအဖော်ပြုပြီး မျှဝေခံစားပေးမယ်လို့လည်း ယုံကြည်တတ်ကြတယ်။

၃။ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း

စိတ်ဓာတ်ကြံခိုင်ပြီးတော့ မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့ မိန်းကလေးကိုဆို ယောကျ်ားလေးတွေ ဒဲ့ကြွေပါတယ်။

၄။ ကြင်နာတတ်ခြင်း

သူတစ်ပါးအပေါ် မကောင်းကြံပြီး ကြင်နာစိတ်ကင်းမဲ့တဲ့သူမျိုးကို လူတိုင်းမကြိုက်ကြပါဘူး။ ဒါကြောင့် သနားကြင်နာစိတ်ရှိခြင်းကလည်းပဲ ယောကျာ်းလေးတွေချစ်ရေးဆိုစေတဲ့ အဓိကအချက်ပဲဖြစ်တယ်။

၅။ ဟာသဉာဏ်ရွှင်ခြင်း

အကယ်၍သင်ဟာ ဟာသဉာဏ်ရွှင်တဲ့ကောင်မလေးဆိုရင် သင့်အနားမှာနေရတာကို သူပျော်ပါလိမ့်မယ်။

၆။ ဉာဏ်ပညာထက်မြက်ခြင်း

မိန်းကလေးတွေရဲ့ ထက်မြက်တဲ့အရည်အချင်းကိုလည်းပဲ ကောင်လေးတွေလိုချင်တတ်ကြပါတယ်။ ဒါမှလည်း သူတို့အလေးအနက်ထားတဲ့သမီးရည်းစားဆက်ဆံရေးကို တည်ဆောက်နိုင်မှာမို့လို့ပါ။

၇။ လှပတဲ့ နှလုံးသားရှိခြင်း

စိတ်ဝိညာဉ်လှပတဲ့မိန်းကလေးမျိုးကို ယောကျာ်းလေးတွေ မကြွေပဲမနေပါဘူး၊ ကြွေကိုကြွေပါတယ်။

၈။ ပွင့်လင်းမှုရှိခြင်း

ကိစ္စတစ်ခု၊ ပြဿနာတစ်ခုရှိလာပြီဆိုရင် သွယ်ဝိုက်ကွေ့ပတ်နေတာမျိုးမဟုတ်ဘဲ သင့်ရဲ့အတွေးကို ပွင့်ပွင့်လင်းလင်းနဲ့ တိုက်ရိုက်ပြောပြမယ်ဆိုရင် သင့်ကောင်လေးဆီက လေးစားမှုကိုရရှိမှာ အမှန်ပါပဲ။

Source: banter.fun