ကျွန်ုပ်တို့တွေက လူတွေရဲ့ လေးစားတာ အထင်ကြီးတာ အားကျတာ လိုချင်ကြပါတယ်။ ဒါကြောင့်တစ်ခါတလေ အထင်ကြီးခံချင်လို့ ဟန်ဆောင်တာတွေ ရှိတတ်ပါတယ်။ အမှန်တော့ ဟန်ဆောင်မှုတွေများတာက မကောင်းပါဘူး။ အရှိကို အရှိအတိုင်း နေထိုင်ပြီး ရှိတာနဲ့ ရောင့်ရဲတတ်အောင် ကြိုးစားသင့်ပါတယ်။ ကျွန်ုပ်တို့ မွေးဖွားတဲ့ရာသီခွင်တွေက ကျွန်ုပ်တို့အပေါ် လွှမ်းမိုးမှုရှိပါတယ်။ ဒီရာသီခွင် (၅) ခုကတော့ ဟန်ဆောင်မှုကင်းကြပါတယ်။ လူတစ်ယောက်ကို ငွေကြေး၊ နေထိုင်ပုံ၊ ပိုင်ဆိုင်မှုတွေအပေါ် ကြည့်ပြီး ဒီရာသီခွင်တွေက မဆုံးဖြတ်တတ်ပါဘူး။ ဒီရာသီခွင် (၅) ခုကတော့-

၁။ CANCER (June 21 – July 22)

ဒီရာသီဖွားတွေက အယောင်ဆောင်ပုံစံနဲ့ မနေတတ်ကြပါဘူး။ သူတို့ မဟုတ်တဲ့ပုံစံမျိုး မနေကြပါဘူး။ သူတို့အနီးအနားက လူတွေရဲ့ အောင်မြင်မှုတွေကိုလည်း ဟန်ဆောင်ပြီး မပျော်ပြပါဘူး။ အမှန်တကယ်ရင်ထဲက ပီတိနဲ့ သူတို့က ပျော်တတ်ကြပါတယ်။ သူတို့ချစ်ရသူတွေကိုလည်း ပံ့ပိုးပေးကြပါတယ်။ အခြားသူတွေအပေါ်လည်း မနာလိုစိတ်မရှိပါဘူး။

၂။ PISCES (February 19 – March 20)

Pisces ရာသီဖွားတွေက သူတို့ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်သလို အခြားသူတွေအကြောင်းကိုလည်း နားလည်ပါတယ်။ လူတစ်ယောက်ရဲ့ စိတ်ကို အဖတ်နိုင်ဆုံးက ဒီရာသီဖွားတွေပါပဲ။ လူတစ်ယောက်က အကူအညီလိုရင်လည်း သူတို့က ကူညီဖို့အသင့်ပါပဲ။

၃။ TAURUS (April 20 – May 20)

ဒီရာသီဖွားတွေက လူတစ်ယောက်ရဲ့ အကြောင်းကို သူတို့ရဲ့ သွင်ပြင်တွေနဲ့ မဆုံးဖြတ်ပါဘူး။ တစ်ယောက်တည်းလည်းနေတတ်ကြပါတယ်။ အတင်းအဖျင်းတွေ၊ ကောလဟာလတွေကို ခေါင်းထဲမထည့်တတ်ကြပါဘူး။ သူတို့ရဲ့ ခံယူချက်ကိုပဲ အာရုံစိုက်ကြပါတယ်။

၄။ VIRGO (August 23 – September 22)

Virgo ရာသီဖွားတွေက သူတို့ပြောတဲ့စကားတွေကို မပြောခင် အရင်စဉ်းစားတတ်ကြပါတယ်။ သူတို့ပျော်ဖို့အတွက်နဲ့ လူတစ်ယောက်ရဲ့ ခံစားချက်ကို မလှည့်စားတတ်ကြပါဘူး။ ဒီရာသီဖွားတွေနဲ့ စကားပြောရတာ ပျော်ဖို့ကောငး်ပါတယ်။ သူတို့က သင်ပြောတာကို သေချာနားထောင်ပေးမှာပါ။ မာနမကြီးတတ်ကြပါဘူး။

၅။ CAPRICORN (December 23 – January 20)

Capricorn တွေက ပေါင်းရသင်းရ တကယ်လွယ်ပါတယ်။ သူတို့ရဲ့ အရည်အချင်းတွေကတော့ ဒီလိုပါ။ သူတို့က စိတ်ရှည်ကြတယ်။ ဉာဏ်ပညာကြွယ်ဝပြီး လက်တွေ့ဆန်ကြပါတယ်။ သူတို့က လူတွေကို မဝေဖန်ကြပါဘူး။ သူတို့ရှိတဲ့အရာအတွက် အမြဲကျေးဇူးတင်တတ်ကြပြီး ရည်မှန်းချက်ကြီးကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar