ဆွယ်တာအင်္ကျီလေးတွေဆိုရင် တော်တော်များများက ဘောင်းဘီရှည်တွေနဲ့ပဲ တွဲဝတ်ကြတာများပါတယ်။ ဒါကြောင့် မိန်းကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ Cute Type ဖက်ရှင်တွေကို ဝတ်ရတာကြိုက်တဲ့ ပျိုမေတို့အတွက် ဆွယ်တာအင်္ကျီလေးတွေကို ဂါဝန်အတို၊ စကပ်အတိုတွေနဲ့ တွဲဖက်ဝတ်ဆင်လို့ရမယ့် ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ဆွယ်တာအနီလေးကို အနီရောင်စကပ်အတိုလေးနဲ့ တွဲဝတ်လိုက်ရင် Christmas အချိန်လေးနဲ့ လိုက်ဖက်တာမို့ လတ်တလောဝတ်လို့ကောင်းမယ့် ဖက်ရှင်လေးပါ။
Floral Dress အတိုလေးတွေဝတ်ရင် အပေါ်ကနေ ပန်းပွင့်အရောင်နဲ့တူတဲ့ ဆွယ်တာအရောင်လေးကိုရွေးပြီးသာ ထပ်ဝတ်လိုက်ပါ။ ရိုးရိုးလေးနဲ့ အရမ်းချစ်စရာကောင်းပါတယ်။
ဂါဝန်တိုလေးတွေဝတ်ပြီး အပေါ်ကနေ ကြယ်သီးနဲ့ ဆွယ်တာအနွေးထည်အင်္ကျီလေးတွေကို ထပ်ဝတ်ပြီး ကြယ်သီးအပြည့်တပ်ထားတာမျိုးလေးက ပိုချစ်စရာကောင်းပါတယ်။
အခုခေတ်စားနေတဲ့ ဒီလိုစကပ်အတိုလေးတွေနဲ့ ဆွယ်တာအင်္ကျီအရောင်နုနုလေးတွေကို တွဲဝတ်လိုက်ရင် အရမ်းချစ်စရာကောင်းပါတယ်။
ဆွယ်တာအပွ ဆိုဒ်အကြီးကြီးတွေကိုဝတ်တဲ့အခါမှာ စကပ်တိုလေးတွေနဲ့ တွဲဝတ်လိုက်ရင် ဖက်ရှင်ကျပြီး ချစ်စရာကောင်းနေမှာပါ။
ကိုရီးယားစကပ်အတိုလေးတွေနဲ့လည်း ဆွယ်တာအင်္ကျီအစင်းလေးတွေကို တွဲဝတ်ရင် အရမ်းလှပြီး ပေါ်လွင်ပါတယ်နော်။
စကပ်အတိုအကားလေးတွေကို လည်ထောင်ဆွယ်တာတွေနဲ့ တွဲဝတ်တာမျိုးကလည်း ကိုရီးယားဆန်ပြီး ချစ်စရာကောင်းစေပါတယ်။ ခရီးထွက်တဲ့အခါမျိုးမှာဆို ပိုဝတ်လို့ကောင်းတာပေါ့။
Photo Source: www.pinterest.com