ဆောင်းရာသီမှာဆိုရင် မိတ်ကပ်အများကြီးလိမ်းတာမျိုးတွေ၊ အထူကြီးလိမ်းတာမျိုးတွေက အဆင်မပြေပါဘူး။ သဘာဝဆန်ဆန်နဲ့ ပါးပါးကြည်ကြည် Glow Makeup Look တွေနဲ့မှ ပိုလှပြီး ကြည့်ကောင်းနေတာပါ။ ဒါကြောင့် ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ Glow Makeup Look တွေကို မျှဝေပေးလိုက်ပါတယ်။ ဒီ Look လေးတွေကြည့်ပြီး နမူနာယူပြီး ပြင်လို့ရတာပေါ့။

မိတ်ကပ်ပြင်ရတာသိပ်မကြိုက်တဲ့သူတွေဆိုရင် ဆောင်းတွင်းမှာ မိတ်ကပ်ကို ပါးပါးကြည်ကြည်လေးလိမ်းပြီး Eyeshadow အရောင်ဖျော့ဖျော့လေး ခြယ်၊ မျက်တောင်လေးကော့ပြီး နှုတ်ခမ်းနီးကို Lip Gloss လေးတွေ ဆိုးပါ။ ပိုပြီး Glow နေတဲ့ မိတ်ကပ် Look လေး ဖြစ်စေပါတယ်။ Lip Gloss မကြိုက်တဲ့သူဆိုလည်း နှုတ်ခမ်းနီအရောင်ဖျော့တာလေးကို ဆိုးပါ။

Photo Source: www.leeanfilm.com

မျက်နှာကို ပါးပါးကြည်ကြည်လေးနဲ့ Glow နေအောင်လိမ်းပြီး Eyeshadow အရောင်ကို Peach ဘက်သွားတာ၊ Pink ဘက်သွားတာလေးတွေ ခြယ်ပါ။ Eyeliner ဆိုးရင်လည်း တစ်ကြောင်းထဲ ပါးပါးလေးဆိုးပါ။ ပါးနီကို များများလေးခြယ်တာမျိုးက အခုခေတ်စားနေတဲ့ မိတ်ကပ် look လေးဖြစ်လို့ ပိုပြီးချစ်စရာကောင်းနေမှာပါ။ နှုတ်ခမ်းနီကိုလည်း အရောင်ဖျော့တာလေးတွေ ရွေးဆိုးတာက ဆောင်းရာသီနဲ့ ပိုလိုက်ပါတယ်။

Photo Source: www. whyyen.com

မျက်ကပ်မှန်တပ်နေကျသူတွေဆိုရင် မိတ်ကပ်ကိုပါးပါးလေးပြင်ပြီး Eyeshadow ဖျော့ဖျော့လေးခြယ်၊ Eyeliner ပါးပါးလေးဆွဲပြီး ကိုယ်ကြိုက်သလို ပါးနီခြယ်လို့ရပါတယ်။ ဒါပေမယ့် မျက်ကပ်မှန်တပ်ထားရင် နှုတ်ခမ်းနီအရောင်ကို ဖျော့တာလေးပဲဆိုးပါ။

Photo Source: www. whyyen.com

ရွှေရောင်ဘက်သွားတာလေးတွေကလည်း ဆောင်းရာသီနဲ့လိုက်ဖက်တဲ့အပြင် ပိုပြီး Glow စေတာမို့ ပြင်သင့်တဲ့ မိတ်ကပ် look လေးပါပဲ။ ဒီလိုလေးပြင်မယ်ဆိုရင် နှုတ်ခမ်းနီကိုတော့ အညိုဘက်သွားတာလေးဆိုးပေးပါ။ Eyeliner မဆွဲရင် ပိုလှပါတယ်။ ဆွဲမယ်ဆိုလည်း ပါးပါးလေးပဲဆွဲပါ။ ရွှေရောင်ခြယ်ထားတော့ Eyeliner အများကြီးဆွဲလိုက်ရင် လူကြီးဆန်သွားပါလိမ့်မယ်။

Photo Source: www.hauted0ll.com

Glow Makeup Look လေးလိမ်းပြီး မျက်လုံးကို အပေါ်၊ အောက် Eyeshadow လေးခြယ်ပြီး မျက်တောင်လေးကော့၊ နှုတ်ခမ်းအတွင်းသားလေးကို Lip Tint လေးဆိုးလိုက်ရုံနဲ့ အရမ်းလှပြီး ချစ်စရာကောင်းတဲ့ Makeup look လေး ဖြစ်သွားမှာပါ။

Photo Source: www.vloggest.com