မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ အကျီလက်ပြတ်လေးတွေက ပျိုမေတိုင်းကို စတိုင်ကျပြီး ချစ်ဖို့ကောင်းစေပါတယ်။ အကျ်ီလက်ပြတ်တွေကို ယုံကြည်မှုရှိရှိဝတ်နိုင်ဖို့ ချိုင်းကြားအသားအရေ ဖြူစင်နေဖို့လည်းလိုပါတယ်။ ချိုင်းအသားအရေက အမွှေးအမျှင်ရိတ်တာ များရင်လည်း ညိုသွားတတ်ပါတယ်။ ဒီတော့အရင်ကထက် ယုံကြည်မှုပိုရှိလာအောင် ချိုင်းကြားအသားအရေကို ဒီနည်းလမ်းနဲ့ ထိန်းသိမ်းလိုက်ပါနော်။

ဒီနည်းလမ်းအတွက် ပါဝင်ပစ္စည်းနှစ်မျိုးပဲလိုပါတယ်။ ဒါကတော့-

၁။ သံပယိုသီး

Source: fashionLady.com

၂။ Colgate သွားတိုက်ဆေး

Source: YouTube.com

အဖြူရောင်သွားတိုက်ဆေးကိုပဲ သုံးပေးပါ။ ဂျယ်ပုံစံနဲ့ သွားဖြူစေတဲ့ သွားတိုက်ဆေးတွေက အသားအရေအတွက်မကောင်းပါဘူး။

ပြုလုပ်ပုံ

ပထမဆုံး သွားတိုက်ဆေးအနည်းငယ်ယူပြီး ချိုင်းအောက်မှာ လိမ်းလိုက်ပါ။

သံပယိုသီးတစ်ခြမ်းယူပြီး အစေ့တွေဖယ်လိုက်ပါ။ သံပယိုသီးကို သင့်ချိုင်းမှာ ၅ မိနစ်ကြာပွတ်ပေးပါ။ အရည်ထွက်လာအောင် ဖိပွတ်ပေးပါ။

ငါးမိနစ်လောက်ထားပေးပါ။

ရေဆေးချပြီး အဝတ်နဲ့သုတ်လိုက်ပါ။ တပတ်ကို နှစ်ကြိမ်လောက် လုပ်ပေးရုံနဲ့ တလအတွင်း ဖြူဝင်းလာတဲ့ ဂျိုင်းကြား အသားအရေကို ပိုင်ဆိုင်ရရှိမှာပဲ ဖြစ်ပါတယ်နော်။

By MyStyle Myanmar