ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတဲ့အခါ မျက်လုံးမိတ်ကပ်လိမ်းခြယ်မှုကလည်း အရေးပါလှပါတယ်။ မျက်လုံးဟာ သင့်နှလုံးသားရဲ့ တံခါးပေါက်ဆိုသလိုပါပဲ။ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကိုလည်း သူ့ရဲ့ မျက်ဝန်းကနေတဆင့် တွေ့မြင်နိုင်ပါတယ်။

ဒီတစ်ခါမှာတော့ မျက်လုံးမိတ်ကပ်လိမ်းခြယ်ရတာကြိုက်တဲ့သူတွေအတွက်ရော၊ မျက်လုံးကို အမြဲတမ်း လန်းဆန်းတောက်ပနေချင်သူတွေအတွက်ပါ မျက်လုံးမိတ်ကပ်လိမ်းခြယ်ရာမှာ အသုံးဝင်တဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

၁။ အရောင်တောက်တောက်တွေပဲခြယ်စရာမလိုပါဘူး

မျက်လုံးကိုလိမ်းခြယ်ရာမှာ အရောင်ရင့်ရင့် တောက်တောက်တွေပဲ သုံးစရာမလိုပါဘူး။ အရောင်နုနုလေးတွေနဲ့ဆို ပိုပြီးနုပျိုနေစေမှာဖြစ်ပါတယ်။

၂။ Eyeliner အရောင်တောက်တာကိုသုံးနိုင်ပါတယ်

သင့်မျက်လုံးကို ပိုပြီးအမြင်ဆန်းစေပြီး ပိုကြည့်ကောင်းစေဖို့ အရောင်တောက်တဲ့ Eyeliner ကိုသုံးနိုင်ပါတယ်။

၃။ သင့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ Eyeshadow အရောင်ကိုရွေးချယ်ပါ

သင့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ Eyeshadow အရောင်ကို ရွေးချယ်ဖို့အရေးကြီးပါတယ်။ သင့်မျက်လုံးအရောင်နဲ့လည်း လိုက်ဖက်အောင်ရွေးချယ်ပါ။

၄။ မျက်ခုံးမွှေးကို သဘာဝကျကျလေးဆွဲပါ

မျက်ခုံးမွှေးဆွဲတဲ့အခါ အရမ်းအထူကြီးမဟုတ်ဘဲ သင့်မျက်ခုံးမွှေး ပုံဖော်ထားတဲ့လိမ်းကြောင်းအတိုင်း အလိုက်သင့်လေး သဘာဝကျကျဆွဲပေးဖို့ အရေးကြီးပါတယ်။ မဟုတ်ရင်တော့ မျက်ခုံးမွှေး ထူထူသိပ်သိပ်လေးနဲ့ သဘာဝကျတော့မှာမဟုတ်ပါဘူး။

Source: www.blushbabe.com

Featured Image Source: StyleWile.com