ရည်းစားထားတဲ့အခါ ကိုယ်နဲ့တွဲတာလည်းကြာနေပြီဆိုရင် ဒီအချက်လေးတွေကို တူတူလုပ်ကြည့်ပါ။ အရမ်းပျော်စရာကောင်းမှာ သေချာပါတယ်။ ရည်းစားမရှိသေးတဲ့သူတွေကလည်း ရည်းစားရလာတဲ့အခါ တူတူလုပ်ကြည့်လို့ရအောင် ဖတ်ထားလို့ရတယ်နော်။

သူငယ်ချင်းတွေပါခေါ်ပြီးတော့ ရည်းစားနဲ့အတူဟင်းချက်စားတာမျိုး၊ မုန့်လုပ်စားမျိုး လုပ်ကြည့်ပါ။ အရမ်းပျော်ဖို့ကောင်းပါတယ်။

ကိုယ့်ရည်းစားနဲ့အတူ သူငယ်ချင်းတွေပါခေါ်ပြီး ခရီးသွားကြည့်ပါ။ အရမ်းပျော်စရာကောင်းပါတယ်။ Couple Goals တွေလည်း ရိုက်လို့ရတာပေါ့။

ရည်းစားနဲ့ အိမ်မွေးတိရိစ္ဆာန်တူတူမွေးကြည့်ပါ။ ခွေးချစ်တတ်ရင် ခွေးမွေးပေါ့။

မိုးရေထဲလမ်းမလျှောက်ဖူးသေးရင်း ရည်းစားနဲ့တူတူမိုးရေထဲ လမ်းလျှောက်ကြည့်ပါ။ မိုးရာသီကိုကြိုက်တဲ့သူတွေကတော့ သဘောကျမှာပါ။

အကြိုက်ဆုံးရုပ်ရှင်တွေကို တူတူကြည့်ကြည့်ပါ။ မုန့်စားလိုက် ရုပ်ရှင်ကြည့်လိုက်နဲ့ လုံးဝကိုဇိမ်ပဲနော်။

Couple ဝတ်စုံမဝတ်ဘူးသေးရင် ဆင်တူလေးဝတ်ပြီး ဓာတ်ပုံရိုက်ကြည့်ပါ။

တစ်ယောက်ထဲဆိုရင် Workout လုပ်ရမှာ ပျင်းနေမှာ။ ဒါကြောင့် ရည်းစားနဲ့တူတူ Workout လုပ်ပါ၊ Gym တူတူကစားပါ။

ဝါသနာချင်းတူရင် ရည်းစားနဲ့သင်တန်းတူတူတက်ကြည့်ပါ။

ခက်ခဲတဲ့အရာတွေရှိလာခဲ့ရင် လက်မလျော့ပဲ အရှုံးမပေးပဲ နှစ်ယောက်တူတူကြိုးစားကြည့်ပါ။

နှစ်ယောက်တူတူပိုက်ဆံစုကြည့်ပါ။ ပိုက်ဆံစုတာများလာရင် နှစ်ယောက်အတွက် အမှတ်တရဖြစ်စေမယ့်အရာတွေ၊ အသုံးဝင်စေမယ့်အရာတွေ တူတူဝယ်လို့ရတာပေါ့။

Photo Source: www.freepik.com

]