ရေမွှေးကို ဘယ်လိုနေရာမှာဆွတ်မှ အနံ့ကြာရှည်ခံမလဲ၊ ရေမွှေးပုလင်းကိုဘယ်နေရာတွေမှာ ထားသင့်လဲဆိုတာကို ဗဟုသုတအနေနဲ့ သိထားဖို့လိုပါတယ်။ ရေမွှေးဆွတ်လိုက်ပြီဆိုတာနဲ့ ကိုယ့်ဆီမှာ အနံ့ကြာကြာခံအောင် တစ်နေကုန်မွှေးနေအောင် ဘယ်လိုဆွတ်ရမလဲဆိုတာကိုလည်း ပြောပြပေးလိုက်ပါတယ်။

ဘီးမှာရေမွှေးဖြန်းပါ

ကိုယ်ဖြီးမယ့်ဘီးမှာ ရေမွှေးဖြန်ပြီး ခေါင်းပြီးတာဟာ ကိုယ့်ဆီမှာ အနံ့ကြာကြာစွဲစေပါတယ်။

Lotion လိမ်းပြီးဆွတ်ပါ

ရေမွှေးဆွတ်မယ့်နေရာကို အနံ့မပါတဲ့ Lotion တို့ Moisturizer တို့လိမ်းပြီးမှ ဆွတ်မယ်ဆိုရင် ရေမွှေးနံ့ကြာကြာစွဲစေပါတယ်။

Source: www.statecollegemagazine.com

ရေမွှေးဆွတ်ပြီးချက်ချင်းအင်္ကျီမဝတ်ပါနဲ့

ရေမွှေးဆွတ်ပြီးပြီးချင်း ရေမွှေးမခြောက်ခင်မှာ အင်္ကျီမဝတ်ပါနဲ့။ ခြောက်သွားမှ ခဏနေမှဝတ်ပါ။

ရေမွှေးကိုအဝတ်မှာမဆွတ်ပါနဲ့

ရေမွှေးကိုအဝတ်အစားမှာဆွတ်တာက အနံ့ခဏပဲရပါတယ်။ ကိုယ့် Skin ပေါ်မှာပဲ ဆွတ်ပေးမှ အနံ့ကြာရှည်ခံတာပါ။

Source: www.tipsoye.com

ရေမွှေးကိုဆွတ်သင့်တဲ့နေရာ (၄) ခု

ရေမွှေးဆွတ်တဲ့အခါမှာ အနံ့ကြာရှည်ခံအောင် တစ်နေကုန်အနံ့စွဲနေအောင် လက်ကောက်ဝတ်၊ လည်ပင်း၊ တံတောင်ကွေးနဲ့ တံတောင်ဆစ်နေရာမှာ ဆွတ်ပေးပါ။

လက်ကောက်ဝတ်နှစ်ခုကိုမပွတ်ပါနဲ့

တော်တော်များများက ရေမွှေးကိုလက်ကောက်ဝတ်မှာဆွတ်ပြီးရင် လက်ကောက်ဝတ်နှစ်ခုကို ပွတ်လေ့ရှိကြတယ်။ ဒါကမှားယွင်းတဲ့နည်းလမ်းပါနော်။

Source: www.shutterstock.com

ရေမွှေးပုလင်းကိုလှုပ်ရမ်းပြီးမသုံးပါနဲ့

ရေမွှေးဆွတ်ခါနီး ပုလင်းကိုလှုပ်ရမ်းပြီးမသုံးပါနဲ့။ ဒီတိုင်းပဲ ဆွတ်ပါ။

ရေမွှေးကိုဘူးခွံထဲပြန်သိမ်းပါ

ရေမွှေးပုလင်းကို အပြင်မှာထုတ်မထားပါနဲ့။ သူ့ကိုထည့်ထားတဲ့ဘူးလေးတွေ၊ အိတ်လေးတွေနဲ့ပဲ ပြန်ထည့်ထားပေးပါ။ အဓိကကတော့ ရေမွှေးပုလင်းကို အဖုံးပြန်ဖုံးထားဖို့ပါပဲ။

ရေမွှေးကိုအေးတဲ့နေရာနဲ့ မှောင်တဲ့နေရာမှာ သိမ်းပါ

ရေမွှေးကို နေရောင်ခြည်ထိတဲ့နေရာမှာထားတာက အနံ့တွေပျက်စေပါတယ်။ အေးတဲ့နေရာနဲ့ မှောင်တဲ့နေရာမှာပဲ ရေမွှေးကိုထားပါ။ ရေချိုးခန်းထဲမထားပါနဲ့။ ကိုယ့်ဘီဒို၊ အံဆွဲစတဲ့နေရာတွေမှာ ထည့်ထားတာတော့ အကောင်းဆုံးပါပဲ။

Source: www.independent.co.uk