ဖက်ရှင်ရေစီးကြောင်းက အရင်ကဖက်ရှင်လေးတွေပဲ တစ်ကျော့ပြန်ခေတ်စားနေတာပါ။ အရင်ကဆို မင်းသမီးတွေကြည့်လိုက်ရင် ခေါင်းလောင်းဘောင်းဘီလို့ခေါ်ကြတဲ့ Bell Shaped Jean Pants လေးတွေပဲ ဝတ်ကြတာဖက်ရှင်ပေါ့။

နောက်ပိုင်းကျတော့ ဂျင်းအကျပ်လေးတွေ ခေတ်စားလာပြန်ရော။ အခုကျတော့ အရင်ကခေတ်စားခဲ့တဲ့ Bell Shaped Jean Pants လေးတွေက ပြန်ပြီးခေတ်စားနေတာပါ။

ဒါကြောင့် ပျိုမေတို့လည်း ခေတ်နောက်မကျရအောင် Bell Shaped Jean Pants ဖက်ရှင်တွေကို မျှဝေပေးလိုက်တယ်နော်။

Bell Shaped Jean Pants ကို မိန်းကလေးဆန်တဲ့ အင်္ကျီအဖြူပုံစံမျိုးစုံနဲ့ တွဲဝတ်လို့လည်း ရပါတယ်။

ကိုယ်ကျပ်အင်္ကျီလေးတွေဆိုလည်း Bell Shaped Jean Pants နဲ့တွဲဝတ်ရင် အရမ်းလှတယ်နော်။

Bell Shaped Jean Pants ကို ကြိုးတစ်လုံးအင်္ကျီလေးတွေနဲ့ တွဲဝတ်လိုက်ရင် အရမ်းမိုက်ပြီး ဖက်ရှင်ကျပါတယ်။

ကိုရီးယားဆန်ဆန်လေးဝတ်ချင်ရင်တော့ Bell Shaped Jean Pants ကို တီရှပ်အကျပ်လေးတွေ Crop Top လေးတွေနဲ့ တွဲဝတ်နိုင်ပါတယ်။

Crop Top ကိုယ်ကျပ်လက်ပြတ်လေးတွေကို Bell Shaped Jean Pants နဲ့တွဲဝတ်ရင် အရမ်းမိုက်ပါတယ်။ စတိုင်လ်လည်းကျတယ်နော်။

Bell Shaped Jean Pants ကို မိန်းကလေးဆန်တဲ့အင်္ကျီလေးတွေနဲ့လည်း တွဲဝတ်နိုင်ပါသေးတယ်နော်။

တီရှပ်အပွလေးတွေနဲ့ Bell Shaped Jean Pants နဲ့တွဲဝတ်ရင်လည်း ပေါ့ပေါ့ပါးပါးနဲ့ Free Style ပုံလေးဖြစ်စေပါတယ်။

Bell Shaped Jean Pants ကို ရှပ်အင်္ကျီလေးတွေနဲ့တွဲဝတ်ပြီးတော့လည်း ဖက်ရှင်ကျကျ ရှိုးထုတ်နိုင်ပါသေးတယ်။

Bell Shaped Jean Pants ကို Shoulder Off လေးတွေနဲ့လည်း တွဲဝတ်နိုင်ပါတယ်။ Shoulder Off အတိုလေးနဲ့မှ လိုက်မှာနော်။

Photo Source: www.pinterest.com