မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ မိန်းကလေးတွေရဲ့ ဖက်ရှင်အသုံးအဆောင်တွေထဲ မရှိမဖြစ်ရှိရမယ့် အရာတစ်ခုကတော့ အဖြူရောင် Sneaker ပါပဲ။ ဒီဖိနပ်က အဝတ်အစားတိုင်းနဲ့ လိုက်သလို သင့်ကို စတိုင်ကျစေပါတယ်။ ဒါပေမဲ့ အဖြူရောင်ဆိုတဲ့အတိုင်းပဲ ဝတ်ရလှပေမယ့် ကြာလာတဲ့အခါ တခြားအရောင်တွေထက် အစွန်းအထင်းလွယ်ပါတယ်။

အလုပ်များလှတဲ့ခေတ်ကြီးမှာ ဒီဖိနပ်ကိုပဲ ဂရုစိုက်နေဖို့ အချိန်မရှိပါဘူး။ ဖိနပ်လျှော်တဲ့အချိန်မှာလည်း အသစ်အတိုင်းသန့်ရှင်းသွားဖို့ကလည်း မလွယ်တဲ့ကိစ္စပါ။ ဒါကြောင့် လွယ်ကူပြီး အကောင်းပကတိအတိုင်း နဂိုအဖြူသစ်သစ်လွင်လွင်လေး ရနိုင်မယ့် အဖြူရောင် Sneaker သန့်ရှင်းနည်းနှစ်ခုကို ပြောပြပေးလိုပါတယ်။

၁။ မုန့်ဖုတ်ဆိုဒါ နည်းလမ်း

Source: Fab How

ဒီနည်းလမ်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-

  • မုန့်ဖုတ်ဆိုဒါ
  • အရောင်မရှိတဲ့ ရှာလကာရည်
  • ရေနွေး
  • သွားတိုက်တံအဟောင်း

ပြုလုပ်ပုံကတော့

  • ပထမဆုံး ဖိနပ်ကြိုးနှစ်ချောင်းကို ဆွဲဖြုတ်ပါ။
  • မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းထည့်ပါ။ ဖိနပ်ဆိုဒ်ကြီးရင်တော့ နှစ်ဇွန်းထည့်ပါ။
  • ပြီးတာနဲ့ ရေနွေးထည့်ပါ။ ထည့်ပြီးနောက် ရှာလကာရည်ဇွန်းတစ်ဝက်ထည့်ပေးပါ။
  • ဒီအရောကို သွားတိုက်တံနဲ့ ယူပြီး သင့်ဖိနပ်ကို ပွတ်တိုက်ပေးပါ။
  • ဖိနပ်ကြိုးကိုလည်း ဒီနည်းလမ်းအတိုင်းပဲ မုန့်ဖုတ်ဆိုဒါခွက်ထဲ လျေျာ်ပေးပါ။
  • ဖိနပ်သန့်ရှင်းသွားတဲ့အချိန်မှာ ၃ နာရီကနေ ၄ နာရီအခြောက်ခံပေးပါ။
  • အခြောက်ခံပြီးနောက်မှာတော့ ဖိနပ်ထဲက မုန့်ဖုတ်ဆိုဒါမှုန့်တွေကို ခါချပါ။ ရေမစိုတဲ့ သွားတိုက်တံအခြောက်နဲ့ ဖိနပ်ပေါ်က မုန့်ဖုတ်ဆိုဒါတွေကို ဖယ်ပေးပါ။
  • ဖိနပ်ကြိုးကို ရေနဲ့ဆေးချပါ။

၂။ အဖြူရောင်သွားတိုက်ဆေး

Source: Diy Home Life

ဒီနည်းလမ်းမှာ သွားတိုက်ဆေးကို ဘာလို့အဖြူရောင်သုံးခိုင်းတာလဲဆိုတော့ ဖိနပ်အစွန်းအထင်းမပေအောင်ပါ။

လိုအပ်တဲ့ပစ္စည်းတွေကတော့

  • သွားတိုက်ဆေး
  • သွားတိုက်တံအဟောင်း

သန့်ရှင်းနည်းကတော့

  1. သွားတိုက်ဆေးကို ဖိနပ်ပေါ်မှာ ညှစ်ချပြီးလူးပေးပါ။
  2. ပြီးနောက် သွားတိုက်တံနဲ့ ဖိနပ်ကို တိုက်ပေးပါ။
  3. ဖိနပ်ကြိုးကိုလည်း ဒီနည်းလမ်းအတိုင်းပဲလုပ်ပေးပါ။
  4. အပေါ်က နည်းလမ်းလိုပဲ ၃ နာရီကနေ ၄ နာရီအထိထားပါ။
  5. ပြီးတာနဲ့ ဖိနပ်ပေါ်က သွားတိုက်ဆေးတွေကို စိုနေတဲ့အဝတ်နဲ့ သုတ်ချပါ။

ဒီနည်းလမ်းနှစ်ခုကတော့ အဖြူရောင် Sneaker ကို အကောင်းအတိုင်း ပြန်ဖြစ်ဖို့ ဆေးကြောနည်းပါ။

ဘယ်နည်းလမ်းက ပိုကောင်းလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။

နည်းလမ်းနှစ်ခုလုံးက ကောင်းပါတယ်။ ဒါပေမဲ့ ဖိနပ်အသားအလိုက် နည်းလမ်းတွေကို ပြောင်းသုံးရပါမယ်။

ချည်သားနဲ့ လုပ်ထားတဲ့ အဖြူရောင် Sneaker မျိုးကို မုန့်ဖုတ်ဆိုဒါနည်းလမ်းနဲ့ ဆေးကြောသင့်ပါတယ်။

Leather အမျိုးအစား White Sneaker တွေကိုတော့ သွားတိုက်ဆေးနည်းလမ်းနဲ့ သန့်ရှင်းပေးသင့်ပါတယ်။

By MyStyle Myanmar