ကိုယ့်ဆံပင်က တိုသည်ဖြစ်စေ ရှည်သည်ဖြစ်စေ၊ ဆံပင်ကောက်သည်ဖြစ်စေ၊ ဖြောင့်သည်ဖြစ်စေ မိန်းကလေးတိုင်းက ကျန်းမာလှပတဲ့ဆံကေသာကိုသာ ပိုင်ဆိုင်ချင်ကြတာပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆံကေသာ ကြမ်းတမ်းပျက်စီးသွားတဲ့အခါ အလွန်စိတ်ညစ်ရပါတယ်။

ငွေကုန်ကြေးကျလည်း မများအောင် သင့် ဆံပင်ကိုလည်း အစိုဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး ပြန်လည်ကျန်းမာသန်စွမ်းစေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ရပါတယ်။

ကြက်ဥအနှစ်နဲ့ ရေကို ရောလိုက်ပါ

ကြက်ဥအနှစ် ၂ လုံးကို ကြက်ဥအကာထဲမှ ဖယ်ထုတ်လိုက်ပါ။ ထို့နောက် ရေ စားပွဲတင်ဇွန်း ၃ ဇွန်း ထပ်ပေါင်းထည့်ကာ ခပ်ပြင်းပြင်းလေး မွှေခလောက်ပေးလိုက်ပါ။ ထို့နောက် ဆံကေသာအနှံ့သုတ်လိမ်းပြီးနောက် မိနစ် ၃၀ ခန့် စောင့်လိုက်ပါ။ မိနစ် ၃၀ ပြည့်မှ ရေအေးအေးလေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။ သင့် ဆံကေသာက စိုပြေနူးညံ့ပြီး တောက်ပြောင်သွားတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ကြက်ဥ၊ ပျားရည်နှင့် ဒိန်ချဉ်

ကြက်ဥ ၂ လုံးကို မွှေခလောက်လိုက်ပါ။ ထိုကြက်ဥထဲသို့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ ပေါင်းထည့်ပြီး ထပ်မံမွှေခလောက်လိုက်ပါ။ ရရှိလာတဲ့ အနှစ်များကို သင့် ဆံကေသာပေါ် သုတ်လိမ်းလိုက်ပါ။ မိနစ် ၂၀ ပြည့်မှ ရေအေးအေးလေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

ပျားရည်နှင့် ဟင်းသီးဟင်းရွက်ဆီ

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် သင့် ဆံကေသာပေါ် သုတ်လိမ်းကာ Shower Cap လေးနဲ့ ဆံပင်ကို အုပ်ထားလိုက်ပါ။ ၁၅ မိနစ်ခန့် ကြာမှ မိမိလျှော်နေကျ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပေးလိုက်ပါ။

ထောပတ်သီးနှင့် အုန်းရည်

ထောပတ်သီးမှည့်တစ်လုံးနှင့် အုန်းရည် ၆၀ မီလီလီတာတို့ လိုအပ်ပါလိမ့်မယ်။ ထောပတ်သီးကို အနှစ်လေးတွေဖြစ်သွားအောင် ချေလိုက်ပါ။ ထို့နောက် အုန်းရည်နဲ့ သမအောင် ရောမွှေလိုက်ပါ။ ပြီးမှ ဆံကေသာပေါ် အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးလိုက်ပါ။ ၄၅ မိနစ်၊ တစ်နာရီခန့် ကြာမှ ရေအေးအေးလေး (သို့) ကြက်သီးနွေး ရေနွေးလေးဖြင့် ခေါင်းလျှော်ပေးလိုက်ပါ။

Source: Stylecraze.com