မုန့်ဖုတ်ဆိုဒါက အိမ်တိုင်းလိုလိုမှာတော့ မရှိနိုင်ပေမယ့်လည်း City Mart တို့လို စူပါမားကတ်တွေမှာတော့ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။ အသားအရေအတွက် မျိုးစုံအသုံးပြုနိုင်တဲ့ မုန့်ဖုတ်ဆိုဒါကို အသားအရေအတွက် အဓိကအသုံးပြုနိုင်ပြီးတော့ ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။
မျက်နှာမှာဝက်ခြံပေါက်လာတဲ့အခါ အချိန်တန်ရင်တော့ ပျောက်သွားပေမယ့်လည်း မျက်နှာပေါ်မှာတော့ အမာရွတ်က စွဲကျန်နေခဲ့နိုင်ပါတယ်။ ပုံမှန်အားဖြင့် တဖြည်းဖြည်းနဲ့ ကင်းရှင်းသွားမှာဆိုပေမယ့် အချိန်တိုအတွင်း မြန်မြန်ပျောက်ချင်ရင်တော့ မုန့်ဖုတ်ဆိုဒါနဲ့အတူ အခြားပါဝင်ပစ္စည်းလေးတွေကို သုံးပေးနိုင်ပါတယ်။
မုန့်ဖုတ်ဆိုဒါနဲ့ သံပုယိုရည်
Source: KRX Media
လိုအပ်သည့်ပစ္စည်းများ
မုန့်ဖုတ်ဆိုဒါ – စားပွဲတင်ဇွန်း ၁ ဇွန်း
သံပုယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်ပုံ
ပါဝင်ပစ္စည်းနှစ်ခုကို အတူရောလိုက်ကာ မျက်နှာပေါ်မှာ သုတ်လိမ်းပေးပါ။ ၅ မိနစ်ကြာထားပေးပြီးနောက်မှာ ရိုးရိုးရေကိုသုံးပြီး မျက်နှာသစ်လိုက်ပါ။ တစ်ပတ်တစ်ကြိမ် မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် အဆီနဲ့ဖုန်အညစ်အကြေးတွေ ကင်းရှင်းပြီးတော့ အသားအရေလေးကို ပိုပြီးကြည်လင်ဝင်းပလာစေမှာဖြစ်ပါတယ်။
မုန့်ဖုတ်ဆိုဒါနဲ့ ရေသန့်
Source: Genetic Engineering and Biotechnology News
လိုအပ်သည့်ပစ္စည်းများ
မုန့်ဖုတ်ဆိုဒါ – စားပွဲတင်ဇွန်း ၁ ဇွန်း
ရေ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
မုန့်ဖုတ်ဆိုဒါကို ရေနဲ့အတူရောကာ ပျစ်နှစ်သွားပြီဆိုပါက အသားအရေပေါ်တင်လိမ်းကာ ၅ မိနစ်ကြာ ချေးချွတ်ပေးပါ။ နောက်ထပ် ၂ မိနစ်လောက် ဒီအတိုင်းထားပေးပြီးရင်တော့ ရိုးရိုးရေနဲ့ မျက်နှာသစ်ပေးလိုက်ပါ။
တစ်ပတ် ၂ ကြိမ်ပြုလုပ်ပေးမယ်ဆိုပါက မျက်နှာအသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပစ်ပြီး ဆားဝက်ခြံတွေကင်းရှင်းကာ ချွေးပေါက်တွေကိုလည်း ကျဉ်းသွားစေမှာဖြစ်ပါတယ်။
Source: glowpink.com