အခုနောက်ပိုင်း မိန်းကလေးတွေကြားမှာ Peeling လုပ်တာကို အပြောများလာကြပါတယ်။ Peeling လုပ်ခြင်းက အသားအရေကို ဝင်းပကြည်လင် စေပါတယ်။ အသားအရေကျွမ်းကျင်ပညာရှင်တွေက အရေပြားပေါ်မှာ ဂျယ်လီပုံစံအရည်တစ်မျိုးတင်လိုက်တာပါ။ ဒါက အရေကြောင်းတွေကို လျော့ပါးစေပြီး အရေပြားဆဲလ်အသစ်လဲလိုက်တဲ့သဘောပါ။
ဒီဂျယ်လီက အသားအရေကို ဝင်းပစေပေမယ့် သူ့မှာပါတဲ့ အက်ဆစ်တစ်မျိုးက သင့်အရေပြားအတွက်တဖြည်းဖြည်းနဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်ပါတယ်။ ဒါတွေကတော့
၁။ အရေပြားနီမြန်းလာခြင်း
Source: DermaNetwork
သင့်အရေပြားက Chemical Peeling လုပ်ပြီးနောက်မှာ နီမြန်းလာတတ်ပါတယ်။ ဒီလိုနီ လာရခြင်းက အလယ်အလတ် ဒါမှမဟုတ် အာနိသင်ပြင်း Peeling လုပ်တာကြောင့်ဖြစ်တာပါ။ ဒီလိုနီမြန်းလာရင် ပြန်ကောင်းဖို့ လပေါင်းများစွာကြာတတ်ပါတယ်။
၂။ အမာရွတ်ရခြင်း
Source: DermaNetwork
ပြင်ပက အရာတွေကို ကာကွယ်ပေးတဲ့ အရေပြားအပေါ်ယံလွှာကို Peeling လုပ်တဲ့အချိန်မှာ ခွာချရပါတယ်။ ဒါက အမာရွတ်ကျန်ခဲ့စေပါတယ်။ Chemical Peeling မှာပါတဲ့ အက်ဆစ်တွေက အပေါ်ယံအလွှာကို ပျက်စီးစေပြီး အရေပြားပိုးဝင်တာမျိုး ဖြစ်နိုင်ပါတယ်။
၃။ အရေပြားပိုးဝင်ခြင်း
Source: Fox News
အပေါ်ယံအလွှာခွာချခံရတာကြောင့် အတွင်းအရေပြားဟာ ပိုးဝင်ဖို့ အလားအလာများသွားပါတယ်။ ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ် အမျိုးမျိုးက အရေပြားပြဿနာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် Chemical Peeling လုပ်တဲ့အချိန်မှာ အတွင်းအရေပြားက ပိုးဝင်ဖို့ ဖြစ်နိုင်ချေများပါတယ်။
၄။ နှလုံးပျက်စီးခြင်း
Source: Knowridge Science Report
Chemical Peeling က အရေပြားကို ထိခိုက်စေရုံသာမက နှလုံးကိုလည်း သက်ရောက်မှုရှိပါတယ်။ ပညာရှင်တွေက အားပြင်းတဲ့ Peeling မှာ Carbolic အက်ဆစ်တစ်မျိုးကို အသုံးပြုကြပါတယ်။ ဒါက နှလုံးကြွက်သားကို ပျက်စီးစေနိုင်သလို နှလုံးခုန်နှုန်းကိုလည်း သက်ရောက်စေပါတယ်။ ခုန်နှုန်းမမှန်တာမျိုး ဖြစ်နိုင်ပါတယ်။
၅။ ကျောက်ကပ်ပျက်စီးခြင်း
Source: AFRO-American Newspaper
Carbolic အက်ဆစ်နဲ့အတူ Phenol လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးက အာနိသင်ပြင်းတဲ့ Chemical Peeling မှာပါဝင်ပါတယ်။ သူက ကျောက်ကပ်ကို အထိနာစေပါတယ်။
၆။ အသည်းပျက်စီးခြင်း
Source: Deccan Chronicle
Phenol က ကျောက်ကပ်ကို ပျက်စီးစေနိုင်သလို အသည်းကိုလည်း ထိခိုက်စေပါတယ်။ Chemical Peeling မှာ အက်ဆစ်အများအပြားပါဝင်ပါတယ်။ Peeling က တစ်ခါလုပ်ရင် ၁၀-၂၀ မိနစ်အထိကြာတာကြောင့် Phenol ကို ခန္ဓာကိုယ်ထဲစီးဝင်စေပါတယ်။ ဒီကနေတဆင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ ပျံ့နှံ့သွားပါတယ်။
၇။ အသားအရေအရောင်ပြောင်းလဲခြင်း
Source: DERMASCOPE Magazine
Chemical Peeling က အသားအရေရဲ့ နဂိုမူလအသားရောင်ကို ဆုံးရှှုံးစေပါတယ်။ ဖန်တီးထားတဲ့အရောင်ကို ရရှိဖို့ညှိယူရပါတယ်။ ဒီ Peeling ကို အရေပြား ညိုတာကနေ အသားလတ်တာပြောင်းလဲဖို့ ဒါမှမဟုတ် အသားလတ်တာကနေ အညိုဘက်ပြောင်းဖို့ အသုံးပြုကြပါတယ်။ သူက အလွန်အမင်းအရောင်ပြောင်းခြင်းကို ယူဆောင်လာပါတယ်။ ဒီလိုသက်ရောက်မှုတွေကြောင့် အရေပြားအရောင်ဟာ ဇောက်ထိုးမိုးမျှော်ဖြစ်ပါတော့တယ်။
၈။ အသားအရေပျက်စီးခြင်း
Source: catalystmedicalcenter.com
Chemical Peeling က အရေပြားအသစ်ဖြစ်စေတဲ့အပြင် ပျက်စီးတာပါ နောက်က လိုက်လာပါတယ်။ Peeling မှာ ပါတဲ့ဂျယ်လီနဲ့ တူတဲ့ ပစ္စည်းက အရေပြားဆဲလ်အဆင့်ကို ပျက်စီးစေပါတယ်။ ဒါက အရေပြားအသားမညီတာတွေ ဖြစ်စေပါတယ်။
၉။ အရေပြား အထိခိုက်လွယ်ခြင်း
Source: Newport Cosmeceuticals
Chemical Peeling က အရေပြားအထိခိုက်မခံတာမျိုးကို ဖြစ်စေပါတယ်။ အပေါ်ယံအလွှာခွာလိုက်တာကြောင့် အသားအရေက ခြောက်သွေ့ပြီး ထိခိုက်လွယ်လာပါတယ်။ အရေပြားအထိခိုက်လွယ်ရင် အရေပြားထိန်းသိမ်းတဲ့ အလှကုန်ဖိုးတွေနဲ့ ပိုက်ဆံပိုကုန်လာတော့မှာပါ။ ထိခိုက်လွယ်တဲ့ အရေပြားကို ထိရောက်စွာ မကုသနိုင်ရင်တော့ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ အမာရွတ်ကျန်တာမျိုးဖြစ်နိုင်ပါတယ်။
၁၀။ အရေပြားကွဲအက်ခြင်း
Source: INLIFE Healthcare
Chemical Peeling မှာ TCA လို့ခေါ်တဲ့ ဓာတုပစ္စည်းပါဝင်ပါတယ်။ သူက အရေပြားကွဲအက်ခြင်းကို ဖြစ်စေပါတယ်။
Chemical Peeling လုပ်တာက လုံးဝမကောင်းဘူးလို့တော့ မဆိုလိုပါဘူး။ ပျိုမေတို့ Peeling လုပ်တဲ့အချိန် ဒီအထဲမှာ ဘယ်လိုဓာတုပစ္စည်းတွေပါလဲ သိထားသင့်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း လှချင်ဇောနဲ့ Peeling ခဏခဏ လုပ်တာမျိုးမလုပ်သင့်ပါဘူးနော်။ ကိုယ်ပိုင်ဆိုင်တဲ့ အရေပြားကို ချစ်မြတ်နိုးကြပါလို့ တိုက်တွန်းချင်ပါတယ်။ Peeling လုပ်လို့ အပေါ်က ဆိုးကျိုးတစ်မျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် အရေပြားဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါပဲ။