ဝန်ခံပါတယ်။ ဥရောသူလေးတွေရဲ့အသားအရေထက် ကိုရီးယားမလေးတွေရဲ့ အပြစ်အနာအဆာကင်းတဲ့အသားအရေကို ပိုအားကျပါတယ်။ သူတို့တွေရဲ့အသားအရေထိန်းသိမ်းနည်းတွေကလည်း ထင်ထားတာထက်ရိုးရှင်းကြပါတယ်။ ဘာတွေဖြစ်မလဲဆိုတာတော့ ဆက်ကြည့်လိုက်ကြရအောင်ပါ။
၁။ နှိပ်နယ်ပေးပါ
Source: e-topforma.es
မျက်နှာသစ်တဲ့အခါတိုင်းမှာ စက်ဝိုင်းပုံစံအနေအထားအတိုင်း လှည့်ပြီးမျက်နှာသစ်ပေးပါ။ နဖူး၊ ပါးရိုး၊ ပါးနဲ့ မေးရိုးတွေကိုပါနှိပ်နယ်ပေးပါ။ ဒါမှကြွက်သားတွေပြေလျော့ပြီး ဆဲလ်အသစ်တွေ အလုပ်လုပ်ရပိုလွယ်လာမှာပါ။ အာနိသင်ပိုကောင်းချင်ရင်တော့ ရေဓာတ်ဖြည့်ပေးနိုင်တဲ့ Oil cleanser လေးတွေသုံးပြီးပါနှိပ်နယ်ပေးလို့ရပါတယ်။
၂။ ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားပေးပါ
Source: Bustle
ကျွန်မအန်တီက အသက် (၇၀) ပြည့်ပါပြီ။ ဘာအရေးအကြောင်းမှမရှိသေးပါဘူး။ လျို့ဝှက်ချက်ကတော့ အဝတ်ကြမ်း (Nubby Washcloth) ကိုကြက်သီးနွေးရေလေးထဲနှစ်ပြီး နေ့တိုင်းစက်ဝိုင်းပုံအတိုင်း အပေါ်ဘက်ကိုပဲဆွဲပြီး မျက်နှာသစ်ပေးနေလို့ပဲ ဖြစ်ပါတယ်။
၃။ မီးသွေး (Charcoal) Sheet Mask လေးတွေနဲ့ ပေါင်းတင်ပါ
Source: livin3.com
Sheet Mask ပေါင်းမြောက်များစွာထဲမှာမှ ကိုးရီးယားသူလေးတွေက Charcoal sheet mask တွေကိုသာ အများဆုံးအသုံးပြုကြပါတယ်။ အဆိပ်အတောက်တွေကိူ စုပ်ယူပေးနိုင်ပြီး ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်လို့တဲ့လေ။
၄။ Essence ကိုနှစ်ခြိုက်စွာ သုံးစွဲကြပါတယ်
Source: Bustle
ကျွန်မတို့နိုင်ငံမှာတော့ မျက်နှာသစ်ပြီးအသုံးပြကြတာ တိုနာပေါ့နော်။ ပြီးမှ Serum၊ Moisturizer စသဖြင့်သုံးကြတယ်ပေါ့။ ကိုးရီးယားသူလေးတွေကတော့ မျက်နှာသစ်ပြီးရင် Essence ကိုလိမ်းကြပါတယ်။ Essence ဟာ အသားအရေညီညာစေပြီး အားဖြစ်စေတယ်လို့ ယုံကြည်ကြလို့ပဲဖြစ်ပါတယ်။
၅။ နှုတ်ခမ်းကိုလည်း Exfoliate လုပ်ပေးတယ်
နှုတ်ခမ်းလေးက ပန်းရောင်သန်းနေတယ်ဆို လူကပိုနုပါတယ်။ နှုတ်ခမ်းအရောင်ကရင့်နေတယ်ဆို လူမျက်နှာကလည်းပိုရင့်နေပါတယ်။ ဒါကြောင့် Exfoliate ပုံမှန်လုပ်ပြီး ဆဲလ်သေတွေကိုဖယ်ရှားပေးပါ။
၆။ Sleeping mask တွေကိုလည်းပုံမှန်သုံးပေးပါ။
Source: New York Post
ညအိပ်ချိန်က အလှပြင်လို့အကောင်းဆုံးအချိန်ပါ။ အိပ်မောကျနေစဉ် Skin care လုပ်တာက နေ့ခင်းဘက်လုပ်တာထက် ပိုအာနိသင်ရှိပါတယ်။ ဒါကြောင့်လည်း Intensive Sleeping Mask တို့၊ Hyper Moisturize Cream တို့ဆိုတာမျိုးတွေ ထုတ်ထားတာပေါ့နော်။ ကိုးရီးယားမလေးတွေက ညဘက် Skin Care ကို မပျက်မကွက်နဲ့ ကောင်းကောင်းလုပ်ကြပါတယ်။
၇။ ဘာလီလက်ဖက်ရည်ကို သောက်ကြတယ်
ကိုးရီးယားမှာ ဘယ်စားသောက်ဆိုင်ကိုသွားသွား ဘာလီလက်ဖက်ရည် (Barley Tea) မရတဲ့ဆိုင်ဆိုတာ ခပ်ရှားရှားပါ။ ဘာလီလက်ဖက်ရည်မှာ အန်တီအောက်ဇီဒန့်ဓာတ် (Anti-oxidant) ကြွယ်ဝစွာပါဝင်ပြီး သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ ကိုးရီးယားသူလေးတွေကတော့ ဘာလီလက်ဖက်ရည်က ဝိတ်ကျစေနိုင်တယ်ဆိုပြီးတော့တောင် ယုံကြည်ကြပြီး နှစ်နှစ်ခြိုက်ခြိုက်သောက်သုံးကြပါတယ်။






