ဝတ်ရတာ သက်တောင့်သက်သာရှိပြီး လွတ်လပ်ပေါ့ပါးတဲ့ လူငယ် Vibe ကို ၇စေတဲ့ ၁၉၉၀ ခုနှစ်တွေက ဖက်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျပြီး နေ့တိုင်း ဝတ်လို့ရတဲ့ 90s Teenage Fashion Ideas တချို့ကို ဝေမျှပေးချင်ပါတယ်။

Striped Sweaters

ဝတ်ရတာ သက်တောင့်သက်သာရှိပြီး လူငယ်ဆန်တဲ့ အစင်းအစင်းဆွယ်တာအင်္ကျီလေးတွေက ချစ်စရာကောင်းပြီး ပေါ့ပေါ့ပါးပါးရှိပါတယ်။

Slip Dresses

စတိုင်လည်းကျပြီး ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ Slip Dresses တွေကလည်း ဆယ်ကျော်သက်ကောင်မလေးတွေနဲ့ တကယ်လိုက်ဖက်တဲ့ စတိုင်ပါ။

Bike Shorts

၁၉၉၀ လောက်က ခေတ်စားခဲ့တဲ့ Bike Shorts တွေကလည်း Harvard Sweatshirt တွေနဲ့ တွဲဝတ်လိုက်ရင် တကယ်ကို အမိုက်စားပါပဲ။

Cargo Pants

90s စတိုင်ဆိုတာနဲ့ လူတိုင်းပြေးမြင်ကြတာက Cargo Pants ပါပဲ။ Daily Wear ဝတ်လို့ရတဲ့ Cargo Pants ကို လိုက်ဖက်တဲ့ တီရှပ် ၊ ဖိနပ်တွေနဲ့ တွဲဝတ်တာက ပေါ့ပေါ့ပါးပါးနဲ့ ဘယ်တော့မှရိုးမသွားတဲ့စတိုင်ပါ။

90s Overalls

ငယ်ပြီး လွတ်လပ်ပေါ့ပါးတဲ့ ချစ်စရာကောင်မလေး Look မျိုးအတွက်ဆို ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျတဲ့ Overalls လေး ဝတ်ကြည့်ပါ။

Tracksuits

အားကစားနဲ့ Street Style ကို ပေါင်းထားတဲ့ Tracksuits တွေက 1990 ခုနှစ်ကတည်းက ခုထိ မရိုးသွားတဲ့ဖက်ရှင်ပါ။ ဖက်ရှင်ကျကျနဲ့ အမိုက်စား Tracksuits တွေက ဝတ်ရတာ စတိုင်လ်ကျပြီး သက်တောင့်သက်သာရှိပါတယ်။

Flannel Shirts

အရောင်မျိုးစုံ ဒီဇိုင်းမျိုးစုံနဲ့ Flannel Shirt တွေကို အပေါ်ထပ်အနေနဲ့ဘဲ ဝတ်မလား ၊ စတိုင်ထုတ်ဖို့ ခါးမှာဘဲပတ်မလား ၊ နည်းလမ်းအမျိုးမျိုးအတွက် ဖလန်နယ်ရှပ်အင်္ကျီက အသုံးဝင်ပါတယ်။