အခုနောက်ပိုင်းမှာတော့ စကပ်အကွက်လေးတွေက အရမ်းကိုခေတ်စားလာပါတယ်။ များသောအားဖြင့်တော့ လူငယ်ကောင်မလေးတွေကြားမှာ ပိုရေပန်းစားပြီး အဝတ်များနေတာပေါ့။ ဒါကြောင့် သင်လည်း စကပ်အကွက်လေးဝတ်မယ်ဆိုရင် ဒီဖက်ရှင်တွေကို ကြည့်ပြီး ဘယ်လိုဝတ်ရမလဲဆိုတဲ့ အိုင်ဒီယာလေးရသွားမယ်လို့ ထင်ပါတယ်။

စကပ်အကွက်လေးတွေကို အကွက်မှာပါတဲ့အရောင်လေးအတိုင်း T Shirt အရောင်ကိုရွေးပြီး တွဲဝတ်ကြည့်ပါ။ လူငယ်ဆန်ပြီး Free Style လေးဖြစ်စေပါတယ်။

စကပ်အကွက်လေးကို ဘာနဲ့ဝတ်ရမှန်းမသိရင် ပေါ့ပေါ့ပါးပါးဖြစ်တာလေးဝတ်ချင်တယ်ဆိုရင် T Shirt အဖြူလေးနဲ့သာ တွဲဝတ်ပါ။

ရိုးရိုးလေးနဲ့ ကိုရီးယားဆန်ဆန်လေးဝတ်ချင်ရင်တော့ စကပ်အကွက်ကိုအရောင်ငြိမ်တာလေးဝယ်ပြီး ဒီလိုအင်္ကျီလေးနဲ့ တွဲဝတ်လို့ရပါသေးတယ်။

စကပ်အကွက်လေးတွေကို ဆောင်းတွင်းဆို ဆွယ်တာအဖြူလေးတွေနဲ့လည်း ဖက်ရှင်ကျကျတွဲဝတ်နိုင်ပါတယ်။

စကပ်အကွက်ကို ကြိုးတစ်လုံးလေးနဲ့တွဲဝတ်ရင်လည်း မိုက်ပါတယ်။ ကြိုးတစ်လုံးနဲ့မဝတ်ချင်ရင် အပေါ်ထပ်လေး ထပ်ဝတ်ပေါ့။

စကပ်အကွက်တွေဆိုရင်တော့ ဆွယ်တာကို အဖြူတို့ အနက်တို့နဲ့ တွဲဝတ်တာပဲ ပိုလိုက်ပါတယ်နော်။

စကပ်အကွက်လေးတွေကို ဖက်ရှင်ကျကျ ကုတ်နဲ့လည်း တွဲဝတ်နိုင်ပါသေးတယ်။

Hoodie ချစ်သူလေးတွေဆိုရင်တော့ စကပ်အကွက်လေးတွေကို Hoodie နဲ့သာ တွဲဝတ်လိုက်ပါ။

ဒီဖက်ရှင်လေးကတော့ အွန်လိုင်းရှော့ပင်းတော်တော်များများမှာလည်း မြင်ဖူးပြီးသားဖြစ်ကြမှာပါ။ စကပ်အကွက်လေးတွေကို ဒီလို Crop Top ကိုယ်ကျပ်လေးနဲ့တွဲဝတ်ရင်လည်း ဖက်ရှင်ကျပြီး မိုက်နေမှာပါ။

စကပ်အကွက်ကိုမှ အကားလေးတွေဆိုရင် ချစ်စရာကောင်းပါတယ်။ ဒါပေမယ့် ကလေးအရမ်းဆန်တာမျိုးမဖြစ်ချင်ရင်တော့ အင်္ကျီအမဲလက်ရှည်လေးတွေ၊ ဆွယ်တာလေးတွေနဲ့ပဲ တွဲဝတ်ပါ။

ကိုရီးယားစကပ်အကွက်လေးဆိုရင်လည်း အရမ်းကလေးဆန်တာမျိုးမဖြစ်အောင် အင်္ကျီအမဲကိုယ်ကျပ်လေးနဲ့ တွဲဝတ်နိုင်ပါတယ်။

အမိုက်စားဖက်ရှင်လေးဝတ်ချင်ရင်တော့ စကပ်အကွက်လေးတွေကို ရင်ပြတ်အင်္ကျီလေးတွေနဲ့လည်း တွဲဝတ်လို့ရသေးတယ်နော်။

Photo Source: www.pinterest.com