ဝမှ ပေါင်တုတ်တာမျိုးမဟုတ်ပါဘူး။ တချို့ကျတော့ တခြားနေရာအဆီမစုပဲ ပေါင်တွေ၊ လက်မောင်းတွေမှာ အဆီစုပြီး ပေါင်တုတ်တာ၊ လက်မောင်းတုတ်တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ပေါင်အဆီကျစေဖို့ကူညီပေးမယ့် ယောဂကျင့်စဉ် ၉ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာ အရမ်းလွယ်ကူတဲ့ ယောဂကျင့်စဉ်တွေ ဖြစ်ပါတယ်။

Warrior pose

ပုံမှာလုပ်ပြထားတဲ့ Warrior pose အနေအထားနဲ့ ၁၅ စက္ကန့်နေပြီးရင် မတ်တပ်ပြန်ရပ် ပြီးတာနဲ့ ချက်ချင်း အဲ့အတိုင်းပြန်လုပ် ၁၅ စက္ကန့် ပြန်နေပါ။ အဲ့အတိုင်း ခြေထောက်အနေအထားကို ပုံမှာလုပ်ပြထားသလို ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပြီး တစ်ဖက်ကို ၅ ကြိမ်စီ၊ တစ်ခါလုပ်ရင် ၁၅ စက္ကန့်နေပေးရမှာ ဖြစ်ပါတယ်။

Boat pose

ပုံမှာလုပ်ပြထားတဲ့ Boat pose အနေအထားနဲ့ ၁၅ စက္ကန့်နေပေးရမှာပါ။ ခြေထောက်ထားတဲ့ပုံစံက V shape ဖြစ်နေရပါမယ်။ အချိန်ပြည့်ရင် ခြေထောက်ပြန်ချ ပြီးတာနဲ့ ချက်ချင်းအဲ့အတိုင်း ပြန်လုပ်ပါ။ ဒါလည်း ၅ ကြိမ်လုပ်ရမှာပါပဲ။

Chair pose

Chair pose အနေအထားနဲ့ စက္ကန့် ၃၀ နေပြီးရင် မတ်တပ်ပြန်ရပ်ပါ။ ၁၀ စက္ကန့်နားပြီး ပြန်လုပ်ပါ။ အဲ့အတိုင်း ၃ ကြိမ်လုပ်ရပါမယ်။ တစ်ခါလုပ်ရင် စက္ကန့် ၃၀ နေရပါမယ်။

Triangle pose

Triangle pose နဲ့ ၁၅ စက္ကန့်နေပါ။ ပြီးရင် မတ်တပ်ပြန်ရပ် ပြီးရင် ပြန်လုပ်ပါ။ ဒါလည်း ပုံမှာလုပ်ပြထားသလို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၅ ကြိမ်စီ လုပ်ပေးပါ။

Bridge pose

Bridge pose အနေအထားနဲ့ စက္ကန့် ၃၀ နေရပါမယ်။ ပြီးရင် ခြေထောက်ပြန်ဆင်းပြီး ပုံမှန်အတိုင်း ၁၀ စက္ကန့်နေပါ။ ပြီးရင် ပြန်လုပ်ပါ။ ၃ ကြိမ်လုပ်ပေးရင် ရပါပြီ။

Pigeon pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်ကိုထားပြီး စက္ကန့် ၃၀ နေပါ။ ပြီးရင် ခြေထောက်ပြန်ဆန့်ပြီး ခဏရပ် ပြီးရင် ပြန်လုပ်ပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၅ ကြိမ်စီ လုပ်ပေးပါ။

Camel pose

ပုံမှာလုပ်ပြထားတဲ့ Camel pose အနေအထားနဲ့ စက္ကန့် ၃၀ နေပေးပါ။ ပြီးရင် ပုံမှန်အတိုင်းပြန်နေ၊ ပြီးရင် ပြန်လုပ်ပါ။ ၃ ကြိမ်လုပ်ရင် ရပါပြီ။

Garland pose

Garland pose အနေအထားနဲ့ကလည်း စက္ကန့် ၃၀ နေပြီး အချိန်ပြည့်ရင် ပုံမှန်အတိုင်းပြန်နေ၊ ပြီးရင် ပြန်လုပ်ပါ။ ၂ ကြိမ်၊ ၃ ကြိမ်လောက် လုပ်ပေးရင် ရပါတယ်။

Tree pose

Tree pose အနေအထားနဲ့ စက္ကန့် ၃၀ နေပေးပြီး အချိန်ပြည့်ရင် ခြေထောက်တစ်ဖက် ပြန်ချပါ။ ပြီးရင် နောက်တစ်ဖက်ပြောင်းလုပ်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၂ ကြိမ်လောက်လုပ်ရင် ရပါတယ်။