ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ရမှာလည်းပျင်းတယ်၊ ဗိုက်ကလည်း အဆီတွေများနေလို့၊ ဗိုက်ခေါက်ထွက်ပြီး ဗိုက်ပူနေလို့ ဗိုက်ချပ်ချင်တဲ့သူတွေအတွက် ယောဂကျင့်ရင်းနဲ့ ဗိုက်ချပ်အောင်လုပ်လို့ရမယ့် ယောဂကျင့်စဉ် ၉ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ယောဂကျင့်စဉ် ၁

ပုံမှာပြထားတဲ့အတိုင်းနေပြီး ၉၀ ဒီဂရီ angle ဖြစ်နေရပါမယ်။ အဲ့အနေအထားအတိုင်း ၃ မိနစ်နေပေးရမှာပါ။

ယောဂကျင့်စဉ် ၂

ပုံမှာပြထားတဲ့အနေအထားနဲ့ စက္ကန့် ၃၀ နေပေးရမှာ ဖြစ်ပါတယ်။ ခြေဖဝါးနဲ့ထောက်ထားပြီ။ လက်ဖဝါးနှစ်ဖက်က အတွင်းဘက်ကိုလှည့်ပြီး ထောက်ထားရမှာပါ။

ယောဂကျင့်စဉ် ၃

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်က ကွေးထားတဲ့ခြေထောက်ကို ဆွဲထားရမှာပါ။ လက်ကဆန့်နေရပါမယ်။ အဲ့အတိုင်း စက္ကန့် ၃၀ နေပေးရုံပါပဲ။

ယောဂကျင့်စဉ် ၄

ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၆၀ နေပေးရမှာပါ။ နည်းနည်းတော့ခက်ပေမယ့် ကြိုးစားပြီးလုပ်ကြည့်ပါ။ စက္ကန့် ၆၀ မနေနိုင်ရင် စက္ကန့် ၃၀ ကို ၂ ခေါက်လုပ်ပေးပါ။

ယောဂကျင့်စဉ် ၅

ပုံမှာပြထားတဲ့အတိုင်း အနည်းဆုံး စက္ကန့် ၆၀ ရအောင်နေပေးရပါမယ်။ ဒီယောဂကျင့်စဉ်က ကြာကြာနေနိုင်လေ ဗိုက်ပိုချပ်လေပါပဲ။

ယောဂကျင့်စဉ် ၆

ခြေထောက်တစ်ဖက်ကွေးပြီး နောက်ခြေထောက်တစ်ဖက်က ပုံမှာပြထားတဲ့အတိုင်း အနောက်ကိုဆန့်ထားပါ။ ခါးကိုလိမ်ပြီး လက်ကလည်း ပုံမှာပြထားတဲ့အတိုင်း လုပ်ရမှာပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် ဘယ်ညာပြောင်ပြီး နောက်ထပ် စက္ကန့် ၃၀ ထပ်နေပေးပါ။

ယောဂကျင့်စဉ် ၇

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ဆင်းပြီး နဖူးနဲ့ခြေထောက်ကို ထိနေအောင် လုပ်ပေးရမှာပါ။ အဲ့အတိုင်း ၁ မိနစ်ပြည့်အောင် နေပေးပါ။

ယောဂကျင့်စဉ် ၈

ဒူးထောက်ပြီး ပုံမှာပြထားတဲ့အတိုင်း ခါးကနေ အနောက်ကိုလန်ပြီး လက်နှစ်ဖက်က ခြေဖေနောင့်ကို ကိုင်ထားပါ။ အဲ့အတိုင်း ၁ မိနစ်နေပေးရမှာဖြစ်ပါတယ်။

ယောဂကျင့်စဉ် ၉

ပုံမှာပြထားတဲ့အတိုင်းလှဲပြီး ခါးကနေစပြီးကော့ထားရမှာပါ။ လက်ကိုလည်း ပုံထဲကအတိုင်း ထောက်ထားပါ။ အဲ့အနေအထားနဲ့ ၁ မိနစ်နေပေးရင်ရပါပြီ။