Anxiety တွေများနေတာက မကောင်းပါဘူး။ ကိုယ့်စိတ်ကို Control မလုပ်နိုင်ရင် လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ် Yoga ကျင့်တာပဲဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။ Yoga ကျင့်ပေးတာကတော့ ပိုကောင်းတာပေါ့။ ဒါကြောင့် Anxiety တွေကိုလျှော့ချပေးမယ့် Yoga Pose 9 ခု ကို မျှဝေပေးလိုက်ပါတယ်။

1. Sun Salutation A, variation

ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် 30 နေပြီး အသက်ကိုရှူသွင်းရှူထုတ် လုပ်နေပေးပါ။ အချိန်ပြည့်ရင် လက်ကိုပြန်ချ၊ ပြီးရင် အဲ့အတိုင်း ပြန်လုပ်ပါ။ အနည်းဆုံး 5 ကြိမ်လုပ်ပေးရပါမယ်။

2. Child’s Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း သေချာတူအောင်လုပ်ပေးပါ။ အဲ့အနေအထားနဲ့ 1 မိနစ်နေပြီး အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်၊ ပြန်ရှိုက်သွင်းလိုက်နဲ့ လုပ်ပေးပါ။ အချိန်ပြည့်ရင် ခါးပြန်မတ်ပါ။ ပြီးရင် အဲ့အတိုင်း ပြန်လုပ်ပါ။ 3 ကြိမ် လုပ်ပေးရပါမယ်။

3. Standing Forward Bend

ဒီ Yoga Pose မှာလည်း ပုံထဲကအတိုင်း သေချာလုပ်ပေးပါ။ ဒါလုပ်တဲ့အချိန်မှာလည်း အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်၊ ပြန်ရှိုက်သွင်းလိုက်နဲ့ စက္ကန့် 30 နေပေးပါ။ အချိန်ပြည့်ရင် မတ်တပ်ပြန်ရပ်ပါ။ ပြီးရင် အဲ့အတိုင်း ပြန်လုပ်ပါ။ 5 ကြိမ်လုပ်ပေးရပါမယ်။

4. Garland Pose

ဒီ Yoga Pose ကိုလုပ်တဲ့အခါမှာ ခါးကို ကုန်းနေလို့မရပါဘူး။ ပုံမှာလုပ်ပြထားသလို စက္ကန့် 30 နေပြီး အပေါ်မှာလိုပဲ အသက်ရှူလေ့ကျင့်ခန်းလုပ်နေပါ။ အချိန်ပြည့်ရင် ပုံမှန်အတိုင်းပြန်နေ ပြီးရင် ပြန်လုပ်ပါ။ 3 ကြိမ်လောက်လုပ်ရင် ရပါပြီ။

5. Fish Pose

Fish Pose လုပ်တဲ့အခါမှာ ပုံမှာလုပ်ပြထားသလို တံတောင်နဲ့ထောက်ပြီး လက်နှစ်ဖက်ကို တင်ပါးအောက်မှား ထားရပါမယ်။ အဲ့အတိုင်း 1 မိနစ်မှ 3 မိနစ်အထိ ကိုယ်အဆင်ပြေသလောက်နေပြီး အသက်ခပ်ပြင်းပြင်းရှူထုတ်လိုက်၊ ပြန်ရှိုက်သွင်းလိုက်နဲ့ လုပ်နေပေးရမှာ ဖြစ်ပါတယ်။

6. Bridge Pose

Bridge Pose အတိုင်း ကြာကြာမနေနိုင်ရင် တင်ပါးအောက်မှာ ပုံထဲကလို တစ်ခုခုခံထားလည်း ရပါတယ်။ အဲ့အတိုင်း 1 မိနစ်နေပေးပြီး အသက်ရှူလေ့ကျင့်ခန်း လုပ်နေရုံပါပဲ။

7. Cobra Pose

ပုံမှာလုပ်ပြထားသလို စက္ကန့် 30 နေလိုက်၊ ပြီးရင် ပုံမှန်အတိုင်း ပြန်နေလိုက်၊ ပြီးရင် အဲ့အတိုင်း ပြန်ုလုပ်လိုက်နဲ့ 5 ကြိမ်လုပ်ပေးပါ။

8. Supine Spinal Twist

Supine Spinal Twist Pose နဲ့ ပုံထဲကအတိုင်း 1 မိနစ် (သို့) 2 မိနစ်နေပေးပါ။ အချိန်ပြည့်ရင် ဘယ်ညာပြောင်းပြီး အဲ့အတိုင်း ထပ်လုပ်ပေးရုံပါပဲ။

9. Tree Pose

နောက်ဆုံး Yoga ကတော့ အလွယ်ဆုံးပါပဲနော်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် 30 နေပြီး အသက်ကို ရှူသွင်းရှူထုတ် သေချာလုပ်နေပေးရင် ရပါပြီ။