ခါးဆိုဒ်ကြီးနေလို့ ခါးဆိုဒ်သေးချင်တဲ့သူတွေအတွက် ခါးဆိုဒ်သိသိသာသာ လျော့သွားစေဖို့ ကူညီပေးမယ့် အိမ်မှာလုပ်လို့ရတဲ့ Workout 9 မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒီ Workout တွေက အိမ်မှာလုပ်လို့ရတာတွေဖြစ်လို့ လုပ်ရတာ ပိုအဆင်ပြေပါတယ်။

Russian Twists

ဘောလုံးမရှိလည်း လက်နှစ်ဖက်ကို လက်သီးဆုပ်ပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်လှည့် ညာလှည့် လုပ်ပေးရုံပါပဲ။ အကြိမ် 30 လုပ်ပေးရမှာပါ။

Plank Hip Dips

ပုံမှာလုပ်ပြထားတဲ့အတိုင်း Plank ထောက်ပြီး ခြေထောက်နဲ့ခါးကို ဘယ်စောင်းလိုက်၊ ညာစောင်းလိုက်နဲ့ ဒုတိယပုံထဲကလို လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါလည်း အကြိမ် 30 လုပ်ပေးရင် ရပါပြီ။

Bicycle Crunches

ပုံမှာလုပ်ပြထားတဲ့ Bicycle Crunches အတိုင်းလည်း အကြိမ် 30 လုပ်ပေးရမှာ ဖြစ်ပါတယ်။

Leg Raises

ခြေထောက်နှစ်ချောင်းကိုစုပြီး ဖြေးဖြေးချင်းစီ အပေါ်အထိရောက်အောင် 90 ဒီဂရီမြှောက်လိုက်၊ ဖြေးဖြေးချင်းစီ ပြန်ချလိုက်နဲ့ အကြိမ် 30 လုပ်ရမှာပါ။

Woodchoppers

ပုံမှာလုပ်ပြထားတဲ့အတိုင်း Weight တုံးကိုကိုင်ပြီး ဘယ်ညာတစ်လှည့်စီ လုပ်ပေးရမှာပါ။ အနေအထားနှစ်မျိုးလုံးပြီးမှ 1 ကြိမ်လို့သတ်မှတ်ပြီး ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် 20 စီ လုပ်ပေးပါ။

Side Plank with Hip Lifts

လက်တစ်ဖက်နဲ့ထောက်ထားပြီး နောက်လက်တစ်ဖက်ကိုက အပေါ်မြှောက်ထားပါ။ အဲ့အတိုင်းနေပြီး ခါးနဲ့တင်ပါးကို အောက်နှိပ်ချလိုက်၊ ပုံထဲကအတိုင်း ပြန်နေလိုက်နဲ့ အကြိမ် 20 လုပ်ပေးပါ။ အကြိမ်ပြည့်ရင် ဟိုဘက်ပြောင်းလှည့်နေပြီး အကြိမ် 20 အဲ့အတိုင်း ထပ်လုပ်ပေးပါ။

Mountain Climbers

ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်ညာတစ်လှည့်စီကို အမြန်လုပ်ပေးရမှာ ဖြစ်ပါတယ်။ တစ်ဖက်ကို အကြိမ် 20 စီ လုပ်ပေးပါ။

Dead Bugs

ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်လက်မြှောက်၊ ညာခြေထောက်ထောက်မြှောက် ပြီးရင် ညာလက်မြှောက်၊ ဘယ်ခြေထောက်မြှောက်နဲ့ တစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး 15 ကြိမ်စီ လုပ်ရပါမယ်။

Oblique V-Ups

ပုံမှာလုပ်ပြထားတဲ့ အနေအထားနှစ်မျိုးလုံးလုပ်ပြီးမှ 1 ကြိမ်လို့သတ်မှတ်ပြီး အနည်းဆုံး 15 ကြိမ် လုပ်ပေးပါ။ ဒါလည်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး 15 ကြိမ်စီ လုပ်ပေးရမှာဖြစ်ပါတယ်။