ခါးသေးပြီး waistline လေးပါပေါ်လာစေဖို့အတွက် ပုံမှန်လုပ်ပေးရမယ့် workout 9 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ရတာလည်း မခက်ခဲတာကြောင့် ခါးသေးပြီး waistline လေး ပေါ်နေချင်တယ်ဆိုရင်တော့ try ကြည့်သင့်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို ကစားပေးရမှာဖြစ်ပါတယ်။ လက်နှစ်ဖက်ကို ခေါင်းနောက်မှာထားပြီး ဘယ်ခြေထောက်ကိုမြှောက်ရင် ဘယ်ဘက်လှည့်၊ ညာခြေထောက်ကိုမြှောက်ရင် ညာဘက်လှည့်ပေးရမှာ ဖြစ်ပါတယ်။ အဲ့အတိုင်း ဆက်တိုက် ဘယ်ညာတစ်လှည့်စီ စက္ကန့် ၃၀ လုပ်ပေးရင်ရပါပြီ။

ပုံမှာပြထားတဲ့အတိုင်း လက်တွေ ခြေထောက်တွေကို ဆန့်ပြီးနေပါ။ ပြီးရင် ဒုတိယပုံထဲကလို ကုန်းထပါ။ ပြီးရင် ပြန်လှဲပါ။ အဲ့အတိုင်း ပုံစံ ၂ မျိုးကို ဆက်တိုက် စက္ကန့် ၃၀ လုပ်ပေးရမှာဖြစ်ပါတယ်။

လှဲနေပြီး လက်နှစ်ဖက်က ကြမ်းမှာကပ်ထားပါ။ ခေါင်းကိုထောင်ပြီး ခြေထောက်နှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း ယှက်ပေးရုံပါပဲ။ ဒါလည်း စက္ကန့် ၃၀ ပြည့်အောင် ဆက်တိုက်လုပ်ပေးပါ။

ပုံမှာပြထားတဲ့အတိုင်း ဘယ်လက်ကိုထောက်၊ ညာလက်ကိုရှေ့ဆန့်၊ ဘယ်ခြေကိုမြှောက်၊ ညာခြေကိုထောက်ထားပါ။ ပြီးရင် ဘက်ပြောင်းပြီး လုပ်ပေးပါ။ အဲ့အတိုင်း ဆက်တိုက် စက္ကန့် ၃၀ လုပ်ပေးရပါမယ်။ စစချင်းမှာတော့ နည်းနည်းကြောင်နေပေမယ့် လုပ်တာကြာရင် သွက်သွားပါလိမ့်မယ်။

ပုံမှာပြထားတဲ့အတိုင်း plank ထောက်တဲ့အနေအထားနဲ့နေပြီး ခြေထောက်ကို ကားလိုက်၊ စုလိုက် လုပ်ပေးရမှာဖြစ်ပါတယ်။ ဒါလည်း စက္ကန့် ၃၀ ဆက်တိုက်လုပ်ပေးရပါမယ်။

လက်နှစ်ဖက်ကို ဂုတ်နောက်မှာထားပြီး ဒုတိယပုံထဲကလို ခြေထောက်ကို 90 ဒီဂရီထား၊ ခေါင်းကိုအရှေ့နည်းနည်းကုန်းထပါ။ အဲ့အတိုင်း ပုံစံ ၂ မျိုးကို ဆက်တိုက် စက္ကန့် ၃၀ လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်းထိုင်ပြီး ခြေထောက်နဲ့လက်ကို ဆန့်လိုက်၊ ပြန်စုလိုက်နဲ့ စက္ကန့် ၃၀ ဆက်တိုက်လုပ်ပေးရမှာ ဖြစ်ပါတယ်။

ဒီ workout ကတော့ ပုံမှာပြထားတဲ့အတိုင်း တစ်လှည့်စီ သေချာတူအောင် လုပ်ပေးပါ။ ဘယ်ကိုပဲ ပုံစံ ၂ မျိုး ဆက်တိုက် စက္ကန့် ၃၀ လုပ်ပြီး အချိန်ပြည့်ရင် ညာဘက်ကိုပဲ ပုံစံ ၂ မျိုး ဆက်တိုက် စက္ကန့် ၃၀ လုပ်ပေးရင်ရပါပြီ။

ဒီ workout ကတော့ ရေကူးသလိုမျိုးပါပဲ။ ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ ဆက်တိုက်လုပ်ပေးရင် ရပါပြီ။