ကိုယ်အလေးချိန်လျှော့ချချင်တဲ့သူတွေအတွက် နေ့တိုင်းလုပ်ပေးမယ်ဆိုရင် တစ်ပတ်အတွင်းမှာတင် ၃ ကီလို ကျသွားစေမယ့် လေ့ကျင့်ခန်း ၉ ခုကို မျှဝေပေးလိုက်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်းရပ်ပြီး လက်နှစ်ဖက်ကိုပဲ ဟိုဘက်လှည့်ပို့လိုက်၊ ဒီဘက်လှည့်ပို့လိုက်နဲ့ လုပ်ပေးရမှာပါ။ ဒီလို လက်ကိုလှည့်တဲ့အခါမှာ လက်ပဲလှည့်ရပါမယ်။ ခန္ဓာကိုယ်ပါ လိုက်မလှည့်ရပါဘူး။ အနည်းဆုံး အကြိမ် ၃၀ လုပ်ပေးပါ။

မတ်တပ်ရပ်ပြီး ပုံမှာပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်ကိုကွေးပြီး မြှောက်လိုက်၊ ပြန်ချလိုက်နဲ့ ဘယ်၊ ညာ တစ်လှည့်စီ လုပ်ပေးရပါမယ်။ ဘယ်ခြောက်ထောက်မြှောက်တာ အကြိမ် ၃၀၊ ညာခြောက်ထောက်မြှောက်တာ အကြိမ် ၃၀ ဖြစ်ပါတယ်။

ကြမ်းပြင်မှာလှဲနေပြီး ပုံမှာပြထားသလို ခြောက်ထောက်နှစ်ဖက်ကိုကွေးပြီး မြှောက်ပါ။ လက်နှစ်ဖက်က ခြေချောင်းတွေကိုထိလိုက်ရပါမယ်။ ကိုယ်ပါကုန်းထလာစရာမလိုပါဘူး။ ခေါင်းပဲနည်းနည်းထလိုက်ရင် ရပါပြီ။ ပြီးရင်တော့ ပြန်လှဲပြီး ခြေထောက်လည်း ပြန်ချပါ။ ပြီးရင် ထပ်လုပ်ပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းကတော့ လှဲပြီး ပုံမှာပြထားတဲ့အတိုင်း လက်ပိုက်ကာ ကုန်းထပေးရမှာပါ။ ခြေထောက်က ကြမ်းနဲ့ထိထားရပါမယ်။ ကုန်းထလိုက်၊ ပြန်လှဲလိုက်နဲ့ အနည်းဆုံး အကြိမ် ၃၀ လုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းကတော့ ခြေထောက်ကိုဆန့်ပြီး လှဲနေပါ။ လက်ကို အပေါ်မြှောက်ပြီး လက်ချောင်းတွေကို ပုံမှာပြထားတဲ့အတိုင်း ယှက်ထားပေးရုံပါပဲ။ အဲ့အတိုင်းနေပြီး အသက်ကို ရှိုက်ရှူပြီး ခပ်ပြင်းပြင်းလေးပြန်ထုတ်တဲ့ အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးရုံပါပဲ။

ဒီလေ့ကျင့်ခန်းဆိုလည်း ပုံမှာပြထားတဲ့ cobra pose အတိုင်းနေပြီး ခုနကလို အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးရုံပါပဲ။ အချိန်ကတော့ ကိုယ်လုပ်နိုင်သလောက် လုပ်ပေးပါ။

ဒါလည်း ပုံမှာပြထားတဲ့အတိုင်းနေပြီး အသက်ရှူလေ့ကျင့်ခန်း လုပ်ရမှာပါ။ ခြေဖနောင့်က တင်ပါးနဲ့ ထိနေရပါမယ်။ လက်ဖဝါးနှစ်ဖက်က ခေါင်းရှေ့မှာထားရပါမယ်။

ဒီလေ့ကျင့်ခန်းမှာတော့ ထိုင်နည်းသေချာမှန်ဖို့ လိုပါတယ်။း ပုံမှာပြထားတဲ့အတိုင်း သေချာတူအောင်ထိုင်ပေးပါ။ ဘယ်ဘက်ကိုလှည့်ထိုင်ပြီး စက္ကန့် ၃၀ အသက်ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ အချိန်ပြည့်ရင် ညာဘက်ကိုလှည့်ထိုင်ပြီး စက္ကန့် ၃၀ အသက်ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ ပြီးရင် နှစ်ဖက်လုံးကို နောက်တစ်ကြော့ ထပ်လုပ်ပေးပါ။

နောက်ဆုံးလေ့ကျင့်ခန်းကတော့ ခြေထောက်ကိုကား၊ လက်နှစ်ဖက်ကိုဆန့်ပြီး မတ်တပ်ရပ်နေပါ။ ပြီးရင် ပုံ ၂ မှာပြထားတဲ့အတိုင်း လုပ်ပေးပါ။ ပြီးတာနဲ့ချက်ချင်း ပုံ ၃ မှာပြထားတဲ့အတိုင်း လုပ်ပေးပါ။ ၃ ခုလုံးလုပ်ပြီးမှ ၁ ကြိမ်လို့ သတ်မှတ်ပါတယ်။ လုပ်ရမယ့်အကြိမ်အရေအတွက်က ၃၀ ပါ။ ဘယ်၊ ညာ တစ်လှည့်စီ လုပ်ပေးရပါမယ်။

source:www.brightside.me