အဆီဖုဆိုတာက မျက်နှာပေါ်မှာ ဖြစ်တတ်တဲ့ အဖြူရောင်အလုံးလေးတွေပါ။ နားခေါင်းနဲ့ မေးစေ့၊ နဖူးပေါ်မှာ တွေ့ရများပါတယ်။ အရေပြားအချပ်လေးတွေက ပိတ်မိနေတဲ့အချိန် အဆီဖုလေးတွေဖြစ်လာတတ်ပါတယ်။ အဆီဖုတွေက ဘယ်အချိန်ပိုသိသာလဲဆိုရင် မိတ်ကပ်လိမ်းတဲ့အချိန် မျက်နှာချောမွေ့မနေဘဲ အဲ့အဆီဖုတွေ ပေါ်နေတတ်တာပါ။ ဒီတော့ အဆီဖုတွေပျောက်အောင်လုပ်ဖို့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အဆီဖုတွေကို ဆိတ်တာ၊ ညှစ်တာမျိုးမလုပ်ပါနဲ့

အဆီဖုတွေကို ညှစ်လိုက်တာက အမာရွတ်ကျန်ခဲ့နိုင်ပါတယ်။ ပိုးဝင်တာမျိုးဖြစ်နိုင်တာကြောင့် လက်နဲ့ဖယ်ရှားတာမျိုးမလုပ်ပါနဲ့။

၂။ အဆီဖုဖြစ်တဲ့နေရာကို ဂရုစိုက်ပေးပါ

အဆီဖုဖြစ်တဲ့နေရာကို သန့်သန့်ရှင်းရှင်းထားပေးပါ။ မဟုတ်ရင်တော့ အဆီဖုတွေ ပိုဆိုးလာနိုင်ပါတယ်။

၃။ မျက်နှာကို ရေငွေ့ရိုက်ပေးပါ

ခွက်တစ်ခွက်ထဲမှာ ရေနွေးထည့်ပြီး မျက်နှာကို ရေငွေ့ရိုက်ပေးရပါမယ်။ ရေနွေးပူလွန်းတာမျိုးမဟုတ်ပါဘူး။ နွေးနွေးလေးဖြစ်ရပါမယ်။ မျက်နှာကို အနီးကပ်ကြီးမထားဘဲ ရေငွေ့ပေးပါ။ ဆယ်မိနစ်ထက်ပိုမကြာပါစေနဲ့။ ရေငွေ့မရိုက်ခင် မျက်နှာသစ်ပေးပါ။

Source: Organic Authority

၄။ မျက်နှာကို ချေးချွတ်ပေးပါ

မျက်နှာကို Scrub နဲ့ချေးချွတ်ပေးပါ။ နေ့တိုင်းမလုပ်ရပါဘူး။ ဒီလိုလုပ်ပေးတာက အဆီဖုဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးပါတယ်။

Source: Stylecraze.com

၅။ ပျားရည်နဲ့ ပေါင်းတင်ပါ

ပျားရည်က အဆီဖုတွေကို တိုက်ထုတ်ပေးပါတယ်။ ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။ ယောင်ယမ်းတာကျစေပါတယ်။ ပျားရည်နဲ့ပေါင်းတင်နည်းကတော့-

  • ပျားရည် သုံးဇွန်းကို သစ်ကြမ်းပိုးခေါက်မှုန့် ၁ ဇွန်းနဲ့ရောပေးပါ။
  • ဒီအရောကို စက္ကန့် သုံးဆယ်လောက် အပူပေးလိုက်ပါ။
  • ဒါကို မျက်နှာမှာလိမ်းပြီး ၁၀ မိနစ်ထားလိုက်ပါ။

Source: Alive magazine

၆။ နှင်းဆီရည်သုံးပါ

နှင်းဆီရည်က အဆီဖုတွေကို သက်သာစေနိုင်ပါတယ်။ မျက်နှာကို နှင်းဆီရည် တစ်နေ့ နှစ်ကြိမ်ကနေ သုံးကြိမ်အထိ သုံးပေးပါ။

၇။ Facial Peeling လုပ်ပေးပါ

Source: First Derm

ချေးချွတ်အာနိသင်ပါတဲ့ Peeling လုပ်ပေးတာက အဆီဖုသက်သာစေပါတယ်။ ဒါပေမဲ့ ဓာတုပစ္စည်းတွေများတဲ့ Peeling ကတော့ အဆီဖုပိုများစေပါတယ်။ Salicylic Acid ဒါမှမဟုတ် Glycolic Acid ပါဝင်တဲ့ Peeling မျိုးကိုပဲ ရွေးပေးပါ။ သင်က Peeling လုပ်နေကျသူမဟုတ်ရင်တော့ Peeling လုပ်တဲ့အချိန် ပိုထိခိုက်လွယ်နေပါလိမ့်မယ်။

၈။ Retinoid Cream သုံးပေးပါ

Source: Dermstore.com

Retinoid Cream မှာ အရေပြားအတွက်လိုအပ်တဲ့ ဗီတာမင်အေ ပါဝင်ပါတယ်။ တစ်နေ့မှာ တစ်ကြိမ် Retinoid Cream သုံးပေးပါ။ သုံးပြီးနောက် Sunscreen သုံးပေးဖို့မမေ့ပါနဲ့။ Retinoid Cream က နေရောင်ခြည်တိုက်ရိုက်ထိမိတဲ့အချိန် အသားအရေပျက်စီးဖို့ ပိုအားပေးတတ်လို့ပါ။

၉။ Sunscreen ပုံမှန်သုံးပေးပါ

Source: Stylecraze.com

Sunscreen ထဲကမှ အဆီပါဝင်မှုနည်းတာမျိုးကို ရွေးသုံးပေးပါ။ SPF ပါဝင်မှုများတဲ့ Sunscreen ကိုသုံးပေးပါ။