မင်္ဂလာပါ ပျိုမေလေးတို့ရေ၊ အမြဲတမ်းစမတ်ကျပြီး ကြည့်ကောင်းနေဖို့ အသည်းအသန်ကြိုးစားနေစရာမလိုပါဘူး။ အသေးအမွှားအရာလေးတွေကို အချိန်ခဏလေး ပေးလိုက်ရုံပါပဲ။

ဒါဆိုရင် အမြဲတမ်း စမတ်ကျပြီး ကြည့်ကောင်းနေစေမယ့် လျှို့ဝှက်ချက်လေးတွေက ဘာတွေ ဖြစ်မလဲဆိုတာ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်နော်။

လက်သည်းဖျက်ဆေးကုန်သွားတဲ့အခါ လက်သည်းဘယ်လိုဖျက်ရမလဲ

လက်သည်းအကြည်ရောင်လေးကို ထပ်ဆိုးပေးပြီး မခြောက်သေးခင်မှာ ချက်ချင်းပြန်ဖျက်ပေးလိုက်ပါ။ အရင်ဆိုးထားတဲ့ လက်သည်းဆိုးဆေးအဟောင်းတွေပါ အတူတူပျက်သွားပါလိမ့်မယ်။

အင်္ကျီတွန့်ကြေနေတာကို အချိန်တိုအတွင်းဖြေရှင်းဖို့အတွက်

မီးပူတိုက်ဖို့အချိန်မရရင် အဲ့ဒီတွန့်ကြေနေတဲ့ နေရာကိုပဲ ဆံပင်ဖြောင့်စက်နဲ့ အပူပေးလိုက်ရုံပါပဲ။

ဖိနပ်ကြိုးရဲ့ အနားစဖွာနေတာကို ဘယ်လိုဖြေရှင်းမလဲ

ဖိနပ်ကြိုးစကို လက်သည်းအကြည်ရောင်လေး ဆိုးပေးလိုက်ပါ။

ဖိနပ်ရဲ့ မကောင်းတဲ့ အနံ့အသက်တွေကို ဖယ်ရှားဖို့ဆိုရင်

မုန့်ဖုတ်ဆိုဒါကို အိတ်သေးသေးတစ်လုံးထဲ ထည့်ထားပြီး ဖိနပ်ထဲမှာ တစ်ညလောက် ထည့်ထားလိုက်ပါ။ အနံ့ဆိုးတွေကို မုန့်ဖုတ်ဆိုဒါက စုပ်ယူသွားပါလိမ့်မယ်။

အသားကပ် ပြဲသွားတယ်ဆိုရင်

ဒီ့ထက် အကြီးကြီးပြဲမသွားအောင် ဆံပင်စပရေးနဲ့ ဖြန်းတာပဲဖြစ်ဖြစ်၊ လက်သည်းအကြည်ရောင် ဆိုးလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

လက်ကောက် ဝတ်တဲ့အခါ လက်တစ်ဖက်တည်းနဲ့ လွယ်လွယ်ကူကူဝတ်ဖို့ဆိုရင် ပုံမှာ ပြထားသလိုပဲ လက်ကောက်ရဲ့ အစွန်းတစ်ဖက်ကို တိတ်နဲ့ ကပ်ပေးလိုက်ပါ။

ကျောပြောင်ဂါဝန်ဝတ်မယ်ဆိုရင် ဘရာကို ဂါဝန်နဲ့ တစ်ထပ်တည်းကျအောင် ချုပ်ထားလိုက်ရုံပါပဲ။

အမျိုးသမီးဝတ် စွပ်ကျယ်အင်္ကျီလေးတွေ ဝတ်တဲ့အခါ ဘရာကြိုးမပေါ်အောင် ဘယ်လိုလုပ်ရမလဲ

ပုံမှာ ပြထားသလို ကွင်းလေးတပ်ပေးလိုက်မယ်ဆိုရင် ဘရာကြိုးက လျှောကျတော့မှာ မဟုတ်ပါဘူး။

ရင်သားတင်းတင်းရင်းရင်းနဲ့ ကျစ်ကျစ်လျစ်လျစ်ဖြစ်နေတဲ့ ပုံပေါက်ချင်တယ်ဆိုရင်တော့ ကြိုးပျောက်ဘရာ ဝတ်ပေးပါ။

Source: Brightside.me