ဆံပင်အရှည်ထားတဲ့ မိန်းကလေးတွေအတွက် သူများထက်ပိုလှပြီး တော်ဝင်ဆန်တဲ့အလှမျိုးကို ရရှိစေမယ့် ဆံထုံးပြင်ဆင်ထုံးဖွဲ့ပုံ ၉ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ပွဲတစ်ခုခုသွားတဲ့အခါမှာပဲဖြစ်ဖြစ် ဆံထုံးထုံးတော့မယ်ဆိုရင် ဒီပုံစံလေးတွေကို ပြင်ဆင်သွားလို့ရတာပေါ့။ ဒီဆံထုံးပြင်ဆင်ပုံလေးကတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ ကျက်သရေရှိပြီး အရမ်းလှတဲ့ ပုံစံလေးဖြစ်လို့ လူကြီးတွေပိုပြီး သဘောကျမှာပါ။
ဒီဆံထုံးပြင်ဆင်ပုံလေးကျတော့ လူငယ်ကောင်မလေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။ တော်ဝင်ဆန်တဲ့အလှလေးနဲ့ လှနေမယ့်ပုံစံလေးပါ။ Dress လေးတွေနဲ့ဆို အရမ်းလိုက်ဖက်ပါတယ်။
ဒီဆံထုံးပုံလေးဆိုရင် ရုပ်ရှင်တွေထဲမှာ တော်ဝင်အမျိုးသမီးတွေ ထုံးဖွဲ့နေကျပုံစံမျိုးလေးဖြစ်ပါတယ်။ အရမ်းလှပြီး ကျက်သရေရှိတာကြောင့် အသက် ၃၀ ကျော်အထက်တွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။
တော်ဝင်ဆန်ပြီး ကျော့ရှင်းလှပနေစေမယ့် ဆံထုံးပြင်ဆင်ပုံလေး ဖြစ်ပါတယ်။ လူကြီးလူငယ်အားလုံးနဲ့ လိုက်ဖက်ပါတယ်။
ဒီဆံထုံးပုံစံလေးဆိုလည်း ဘယ်လိုရှုထောင့်မျိုးကပဲကြည့်ကြည့် အရမ်းလှပြီး ဆွဲဆောင်မှုရှိစေပါတယ်။ Dinner တွေသွားရင် ထုံးသင့်တဲ့ ဆံထုံးပုံစံလေးပါ။
ဟိုးအရင်ခေတ်ကရုပ်ရှင်တွေမှာ မင်းသမီးလေးတွေ ပြင်ဆင်ထုံးဖွဲ့နေကျဖြစ်တဲ့ ဆံထုံးပုံစံလေးပါ။ တော်ဝင်ဆန်တဲ့အလှလေးနဲ့ ချစ်ဖို့ကောင်းတာကြောင့် လူငယ်ကောင်မလေးတွေနဲ့ဆို ပိုပြီးလိုက်ဖက်မှာပါ။
ဒီဆံထုံးပုံစံလေးကျတော့ ဆွဲဆောင်မှုရှိပြီး confident အပြည့်နဲ့ လှနေစေမယ့် ဆံထုံးပြင်ဆင်ထုံးဖွဲ့မှုလေးပါပဲ။
ဆံပင်အုံထူတဲ့သူလေးတွေဆိုရင် ဒီလိုဆံထုံးမျိုးထုံးကြည့်ပါ။ အရမ်းလှပြီး ကျက်သရေရှိတဲ့မျက်နှာလေး ဖြစ်နေပါလိမ့်မယ်။
ကျစ်ဆံမြီးဒီဇိုင်းတွေ အရမ်းကြိုက်တဲ့သူဆိုရင်တော့ ဒီဆံထုံးပြင်ဆင်ပုံလေးက တော်ဝင်ဆန်တဲ့အလှလေး ရစေပါတယ်။
Photo source:www. hadviser.com