ဘရာတွေ အမျိုးမျိုးပေါ်လာတဲ့ အချိန်ကာလမှာ ပျိုမေတို့အတွက် ရွေးချယ်စရာ ဘရာပုံစံက အမျိုးမျိုးပါပဲ။ ရင်သားသေးတဲ့ ပျိုမေတို့နဲ့မှ အဆင်ပြေတဲ့ ဘရာရှိသလို ရင်သားကြီးတဲ့ ပျိုမေတို့အတွက် ထုတ်ထားတဲ့ ဘရာဆိုပြီးလည်း ရှိပြန်ပါတယ်။ ဘယ်လိုပုံစံပဲဖြစ်ဖြစ် အရေးကြီးတာကတော့ ဝတ်လိုက်ရင် ကိုယ့် ရင်သား Size နဲ့ ကွက်တိဖြစ်ပြီး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဖြစ်မယ့် ဘရာအမျိုးအစား ဖြစ်သင့်ပါတယ်။ ဒီတော့ ပျိုမေအများစုနဲ့ သင့်တော်တဲ့ ဘရာပုံစံတွေကို ကြည်ု့လိုက်ရအောင်နော်-

၁။ Front Closure Bra

သင်က နောက်ချိတ်နဲ့ ဘရာတွေကို ငြီးငွေ့နေပြီဆိုရင် ရှေ့ချိတ် ဘရာကို Try ကြည့်သင့်ပါတယ်။ ဒီဘရာစတိုင်က ရှေ့မှာ ချိတ်ရတာကြောင့် ရင်သားကို တင်းရင်းစေပါတယ်။

၂။ Push Up Bra

Push Up Bra ကတော့ ရင်သားကို ပိုကြီးတယ် ထင်ရစေတာကြောင့် Flat Chest ပျိုမေတို့အတွက် ဆုရသလိုပါပဲ။

၃။ Adhesive/ Stick On Bra

Adhesive Bra ကတော့ ကြိုးတစ်လုံးတွေ၊ ပခုံးအသားပေါ် အဝတ်အစားတွေ ဝတ်ရင် သင့်တော်ပါတယ်။ ကပ်ပြီး ဝတ်ရတာကြောင့် ရင်သားကို ပင့်တင်ပေးသလို ဖြစ်စေပါတယ်။

၄။ Sports Bra

သင်က အားကစားလုပ်နေကျ ပျိုမေတစ်ဦးဆိုရင်တော့ Sports Bra ကို မဖြစ်မနေ လိုအပ်ပါတယ်။

၅။ Full Support Bra/ Soft Cup Bra

ရင်သားကို အပြည့် Support လုပ်ပေးတဲ့ Bra စတိုင်က နူးညံ့ပြီး သက်တောင့်သက်သာ ရှိတာကြောင့် ပေါ့ပေါ့ပါးပါး နေရတာ ကြိုက်တဲ့ ပျိုမေတို့ သဘောကျပါလိမ့်မယ်။

၆။ Multiway Bra

ကြိုးဖြုတ်၊ ကြိုးတပ် ဘရာစတိုင်က အခြေအနေ အမျိုးမျိုးနဲ့ အဆင်ပြေတာမို့ ရှိထားသင့်တဲ့ Bra ပုံစံပါပဲ။

၇။ Minimizer Bra

Minimizer က ရင်သားကို သေးတဲ့ပုံစံမျိုး ရအောင် ဖန်တီးပေးနိုင်တာကြောင့် Large Size Chest တွေနဲ့ အဆင်ပြေပါတယ်။

၈။ Balconette Bra

သင်က ဆွဲဆောင်မှုရှိရှိ ဘရာတစ်ထည် လိုချင်ရင်တော့ Balconette Bra ကို ပိုင်ဆိုင်ထားသင့်ပါတယ်။

၉။ T Shirt Bra

T Shirt Bra က အရာမထင် ဘရာဖြစ်တာကြောင့် အသားကပ်တဲ့ အင်္ကျီတွေ၊ အင်္ကျီပါးပါးလေးတွေ ဝတ်ရင် ဝတ်ထားတယ် မထင်စေရတော့ပါဘူး။

Source: Allwomenstalk

By MyStyle Myanmar