အိတ်တွေက ကျွန်မတို့ အတွက် လှဖို့အပြင် ခန္ဓာကိုယ်အချိုးအစားကို ပံ့ပိုးဖို့ ကိုယ်နေဟန်ထားအတွက်လည်း အရေးပါပါတယ်။ အိတ်ဝယ်တဲ့အခါ ကျွန်မတို့ ခန္ဓာကိုယ်ကို နာကျင်မှုမဖြစ်စေတဲ့ အိတ်တွေကို ရွေးချယ်သင့်ပါတယ်။ ဒါကြောင့် အိတ်ဝယ်တဲ့အခါ အကောင်းဆုံးနဲ့ အလှဆုံးရွေးချယ်နိုင်ဖို့ ဒီနည်းလမ်းတွေကို လိုက်နာပေးပါနော်။

၁။ ကိုယ့်ခန္ဓာကိုယ်နဲ့ ကပ်ကပ်ရပ်ရပ်ရှိတဲ့အိတ်


အိတ်တစ်လုံးရဲ့ အလေးချိန်က ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုတည်းပေါ်ကို မှီခို်မနေသင့်ပါဘူး။ မျှမျှတတဖြစ်နေသင့်ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ အိတ်ကြိုးစွပ်ပြီး လွယ်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်ညာ ပြောင်းလွယ်ပေးဖို့တော့ သတိထားပေးပါ။

၂။ လက်မောင်းတစ်ခုတည်းပေါ်ကို မှီခို်တဲ့ အိတ်မျိုးမရွေးပါနဲ့


ပခုံးတစ်ခုတည်းနဲ့ လွယ်နိုင်တဲ့အိတ်တွေက တံတောင်၊ လက်ကောက်ဝတ်၊ လည်ပင်းနဲ့ ပခုံးကို နာကျင်စေပါတယ်။

၃။ အိတ်အလေးချိန်ကို ဂရုစိုက်ပါ


အိတ်အလေးကြီးတွေ မဝယ်ပါနဲ့။ ဘာလို့လဲဆိုတော့ ကိုယ့်ပစ္စညး်တွေ ထည့်တဲ့အချိန် ပိုလေးသွားစေလို့ပါ။

၄။ ချိန်းကြိုးအိတ်မျိုးရှောင်ပေးပါ


ချိန်းကြိုးနဲ့အိတ်တွေက ပခုံးနာကျင်စေပါတယ်။

၅။ စမ်းလွယ်ကြည့်ပါ


ဆိုင်မှာ မဝယ်ခင်ကတည်းက စမ်းလွယ်ပါ။ လမ်းလျှောက်ရတာ အဆင်ပြေလား အကုန်စမ်းသပ်ကြည့်ပါ။

၆။ အိတ်သေးသေးလေးတွေ


အိတ်သေးသေးလေးတွေ လွယ်ပါ။

၇။ ဒီဇိုင်းအတိအကျရှိတဲ့ အိတ်ကိုရွေးချယ်ပါ


ပခုံးမနာဖို့ ကိုယ့်ခန္ဓာကိုယ်မနာကျင်စေဖို့ သေချာပြင်ဆင်ထားတဲ့ အိတ်မျိုးကို ရွေးချယ်ပါ။

၈။ ခန္ဓာကိုယ်ရဲ့ သန်မာတဲ့အစိတ်အပိုင်းတွေကို အသုံးပြုပြီး လွယ်ရတဲ့ အိတ်တွေကို ရွေးပါ


ကျောပိုးအိတ် ၊ ခါးမှာလွယ်တဲ့အိတ် စတဲ့ အိတ်မျိုးကို ရွေးဝယ်ပါ။ ခါးမှာ လွယ်တဲ့အိတ်ဆိုရင် လွယ်လို့လွယ်ထားမှန်းတောင် သိမှာမဟုတ်ပါဘူး။

၉။ ကြိုးအပြားကြီးတာ ဝယ်ပါ


အိတ်ရဲ့ ကြိုးကို အပြားကြီးတာမျိုးရွေးဝယ်ပေးပါ။

Source: Brightside.me

By MyStyle Myanmar