မိန်းကလေးအများစုက ကိုယ့်ရှိယင်းစွဲကိုယ်အလေးချိန်ထက် ပေါင်အနည်းငယ်လောက်ကျရင်ကောင်းမှာပဲလို့ စိတ်ကူးယဉ်ကြပါတယ်။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလည်း မလုပ်ချင်၊ ဝိတ်ကလည်းကျချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ရအောင်။

၁။ သင့်ရဲ့အကြိုက်ဆုံး သရေစာမုန့်စားမယ့် အလေ့အကျင့်အစား တခြားအလေ့အကျင့်တစ်ခုပြောင်းလိုက်ပါ။

Yoga Class ဒါမှမဟုတ် Zumba Class တစ်ခုခုမှာ Member ဝင်လိုက်ပါ။ ဒါမှမဟုတ် စာအုပ်ဖတ်ဖို့၊ ဇာတ်လမ်းတွဲကြည့်ဖို့၊ Game ဆော့ဖို့ အချိန်ပေးပါ။ ဒါပေမယ့် သင့် အကြိုက်ဆုံးသရေစာမုန့်ကိုတော့ အဲ့ဒီ Activity တွေထဲ ဆွဲမသွင်းရဘူးနော်။

၂။ ဘယ်အရာက အရေးကြီးသလဲဆိုတာ မိမိကိုယ်ကိုသတိပေးပါ။

သင့်အိမ်နံရံ၊ အလုပ်စားပွဲမှာ သင်ကိုယ်သင်ပြန်အားပေးနိုင်မယ့် ကပ်ခွာမှတ်စုလေးတွေကပ်ထားပါ။ ဥပမာ- အရင်တုန်းကကြပ်တဲ့ ဂျင်းဘောင်းဘီက ဒီနေ့နည်းနည်းချောင်သွားတယ် ဆိုတဲ့ မှတ်စုလေးတွေရေးမှတ်ထား၊ ပြီးရင် ဖန်ပုလင်းလေးထဲထည့်ထားပါ။ လက်လျော့ချင်တဲ့အချိန်မျိုးဆို အဲ့ဒီ့မှတ်စုတိုလေးတွေပြန်ဖတ်ပေးပါ။

၃။ သာယာငြိမ့်ညောင်းတဲ့သီချင်းနားထောင်ပေးပါ။

လေ့လာတွေ့ရှိချက်အရ သာယာငြိမ့်ညောင်းတဲ့သီချင်းသံတွေက အစားစားချင်စိတ်ကို လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့်သီချင်းအေးအေးလေးတွေကို သင့်ရဲ့ဖုန်းထဲထည့်ထားပါ။ တေးဂီတဖျော်ဖြေပွဲတွေရှိရင်လည်း သွားနားထောင်ပေးပါ။ အဲ့လိုကနေ တဆင့်တက်ပြီးတော့ ကိုယ်ကြိုက်နှစ်သက်တဲ့တူရိယာပစ္စည်းတွေ တီးခတ်ချင်စိတ်ပေါ်လာရင်လည်း သင်ယူဖို့ အချိန်ပေးပါ။

၄။ မျက်စိအေးစေတဲ့ အရောင်တွေနဲ့ သင့်ပတ်ဝန်းကျင်ကို ဝန်းရံထားပါ။

အရောင်တွေနဲ့ အစားစားချင်စိတ်က ပတ်သက်ဆက်နွယ်နေတာကို သင်သိပြီးသားဖြစ်ပါလိမ့်မယ်။ အပြာရောင်၊ အညိုရောင်နဲ့ အမဲရောင်တွေက အစားစားချင်စိတ်ကို လျော့ချပေးပါတယ်။  အပြာရောင်၊ အညိုရောင်က အစားအစာထဲမှာ တွေ့ဖို့ခဲယဉ်းလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေရဲ့ဦးနှောက်က အဲ့ဒီ့အရောင်ရှိတဲ့အစားအသောက်တွေက အဆိပ်အတောက်ဖြစ်စေတယ်လို့ သတိပေးနေလို့ပါပဲ။ သင့်ရဲ့အခန်းနံရံ၊ လက်သည်းအရောင်တွေကို အပြာရောင်ပြောင်းကြည့်လိုက်ပါ။ ရှေးခေတ်က အဖြူအမဲရုပ်ရှင်ကားတွေ ကြည့်လိုက်ပါ။

၅။ ရနံ့နဲ့အစားစားချင်စိတ်ကို ဟန့်တားမယ်။

စံပယ်ပန်းရနံ့၊ လာဗန်ဒါပန်းရနံ့၊ သစ်ခွရနံ့တွေက သင့်ရဲ့တစ်နေ့တာလုံးပင်ပန်းနေတဲ့ စိတ်ကိုလန်းဆန်းစေရုံမက အစားစားချင်စိတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။ လိမ္မော်သီး၊ သံပုရာသီး၊ ရှောက်သီးစတဲ့ အသီးရဲ့ရနံ့က စွမ်းအင်ပမာဏကိုမြှင့်တင်ပေးနိုင်တဲ့အပြင် သင့်ရဲ့ Diet Plan ကိုအာရုံစိုက်နိုင်အောင် ကူညီပေးမှာပါ။ ဒါပေမဲ့ ဂျင်းနံ့သင်းသင်း၊ မဆလာနံ့သင်းထားတဲ့ လောလောလတ်လတ်ကြော်လှော်ချက်ပြုတ်ထားတဲ့ရနံ့တွေကိုတော့ ရှောင်ကြဉ်ရပါမယ်။

၆။ ကိုယ့်ကိုယ်ကို ဆုချပါ။

ကိုယ့်ရဲ့ပိုက်ဆံတွေကို အပြင်အစားအသောက်တွေ ဝယ်စားမဲ့အစား အဝတ်အစားလှလှလေးတွေဝယ်ပြီး ဂုဏ်ပြုလိုက်ပါ။ အဲ့လိုလုပ်ခြင်းက သင့်ကိုဇွဲရှိအောင်၊ ဝိတ်ချတဲ့အစီအစဉ်ကို လက်မလျော့အောင်ကူညီပေးပါတယ်။

၇။ ကိုယ့်ရဲ့တိုးတက်လာတဲ့ ဖြစ်စဉ်ကိုအောင်ပွဲခံပါ။

အရင်တုန်းက အရမ်းကြပ်တဲ့အဝတ်အစားတွေကို အခုပြန်ဝတ်ကြည့်လိုက်ပါ။ တစ်နေ့တာလုံးအတွက် diet မလုပ်ခင်ပုံ၊ လုပ်နေဆဲပုံ၊ လုပ်ပြီးသွားတဲ့ပုံတွေကို ဓာတ်ပုံရိုက်ထားပြီး Social Media တွေပေါ်မှာ တင်လိုက်ပါ။

၈။ ရံဖန်ရံခါ စိတ်ထွက်ပေါက်ပေးလို့ရတယ်ဆိုတာလည်း လက်ခံထားပါ။

အချိူများတဲ့ အစားအစာတွေလုံးဝစားလို့မရဘူးလို့ ကိုယ့်ကိုယ်ကိုဖိအားမပေးပါနဲ့။ နှစ်ပတ်တစ်ခါဖြစ်ဖြစ်၊ တစ်လတစ်ခါဖြစ်ဖြစ် ဘာဂါတို့ ကြက်ကြော်တို့စားပြီး အလိုလိုက်ပေးပါ။ မိမိကိုယ်ကိုအလိုလိုက်ခြင်းက ဇိဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

၉။ ကိုယ့်ရဲ့ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံအသစ်ထဲမှာ ပျော်ရွှင်မှုကိုရှာဖွေပါ။

အသက်ရှူလေ့ကျင့်ခန်းက Diet Plan ကို အများကြီးအထောက်အပံ့ပေးပါတယ်။ အစာစားချင်စိတ်ကို ထိန်းချုပ်နေရတာကြောင့် စိတ်ဖိစီးလာပြီဆို ငြိမ်ငြိမ်လေးထိုင်နေပြီးတော့ ရှူသွင်း၊ ရှူထုတ်ခြင်းကို ဖြည်းဖြည်းလေးလုပ်ပေးပါ။ တိတ်ဆိတ်ငြိမ်းအေးတဲ့ ပတ်ဝန်းကျင်မှာ စိတ်ဖိစီးစေတဲ့ခံစားချက်တွေပျောက်တဲ့အထိ ရှူသွင်းရှူထုတ်ပြုလုပ်ပါ။

Source: BrightSide