သင်က အသက်အရွယ်ရလာတဲ့အချိန် ငယ်ငယ်ကထက် ပိုနုတယ်၊ ပိုချောတယ် ပြောခံချင်တယ်ဆိုရင်တော့ အသက် ၂၀ ကျော်အရွယ်တည်းက စလုပ်သင့်တဲ့ အရာတွေ ရှိပါတယ်။ အောက်ဖော်ပြပါ အလေ့အကျင့်တွေကို အသက် ၂၀ ကျော် အရွယ်တည်းက စလုပ်ထားမယ်ဆိုရင်တော့ သင်က အသက် ၃၀၊ ၄၀ ကျော်တဲ့အခါ ကိုယ်နဲ့ ရွယ်တူတွေထက် ပိုငယ်တယ်လို့ ထင်ရစေပါလိမ့်မယ်။ ဘယ်အရာတွေလဲ ကြည့်လိုက်ရအောင်နော်-

၁။ အရက်သောက်တာကို စလျှော့ပါ

တချို့မိန်းကလေးတွေက အရက်ကို ကြိုက်လို့ ပုံမှန်မဟုတ်ရင်တောင် သူငယ်ချင်းတွေနဲ့ တွေ့တိုင်း သောက်တတ်ပါတယ်။ အရက်က မကောင်းတာတော့ အားလုံးသိပြီး ဖြစ်မှာပါ။ သင်က အရက်သောက်လေ့ရှိတဲ့ မိန်းကလေးမျိုးဆိုရင်တော့ အသက် ၂၀ ကျော်ကတည်းက စလျှော့သင့်ပါပြီ။

၂။ ပိုအိပ်ပေးပါ

ပျိုမေအများစုက Social Media ခေတ်မှာ နောက်ကျမှ အိပ်ယာဝင်လာတတ်ပါတယ်။ မိန်းကလေးတစ်ယောက်က အနည်းဆုံး ၇ နာရီကနေ ၈ နာရီအတွင်း အိပ်ပေးသင့်ပါတယ်။ အိပ်ချိန်လုံလောက်မှ အသားအရေ စိုပြေမှာပါ။

၃။ ရေများများသောက်ပါ

ဝိတ်ကျချင်ရင် ရေများများသောက်၊ အသားအရေစိုပြေချင်ရင်လည်း ရေသောက်ဆိုတဲ့ စကားတွေကို သင်ကြားဖူးပြီးသား နေမှာမို့ ဒီအချက်ကို အများကြီး ပြောဖို့ မလိုလောက်တော့ပါဘူး။

၄။ ဗီတာမင် စသောက်ပါ

ကိုယ့်ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင် ကို အသက် ၂၀ ကျော်အရွယ်မှာ စသောက်သင့်ပါပြီ။ ငါးမစားတဲ့လူဆိုရင် Omega 3 ဆေးသောက်သင့်ပါတယ်။ ဗီတာမင်စီ၊ ဗီတာမင် အီး စတဲ့ ဗီတာမင်တွေကို စမှီဝဲသင့်ပါပြီ။

၅။ တစ်ပတ်မှာ သုံးကြိမ်

ပိုကျန်းမာဖို့ အသားအရေ ထဲက အပူအပုတ်တွေ ထွက်လာဖို့ တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ် လေ့ကျင့်ခန်း လုပ်ပေးရပါမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်သူက အရွယ်ပိုတင်ပါတယ်။

၆။ Skincare

ဒါကတော့ ထွေထွေထူးထူး ပြောစရာမလိုပါဘူး။ Moisturizer, Sunscreen စတဲ့ ပစ္စည်းတွေကို အသက် ၂၀ ကျော်ကစပြီး သုံးသင့်ပါပြီ။

၇။ မိတ်ကပ် ဖျက်ပါ

မိတ်ကပ်လိမ်းတတ်တဲ့ ပျိုမေတစ်ယောက်အနေနဲ့ မအိပ်ခင် မိတ်ကပ်တွေကို စင်ကြယ်အောင် သေချာ ဖျတ်ပေးရပါမယ်။ အသားအရေ သန့်ရှင်းမှ အိုမင်းရင့်ရင်မှု နှေးကွေးမှာပါ။ လေ့ကျင့်ခန်းမလုပ်ခင်လည်း မိတ်ကပ် ဖျက်သင့်ပါတယ်။

၈။ ဆံပင်ကို စဂရုစိုက်ပါ

ဆံကေသာ လှနေတယ်ဆိုရင် မိတ်ကပ်တောင် လိမ်းစရာမလိုဘဲ ကြည့်ကောင်းနေတတ်ပါတယ်။ ဆံကေသာအတွက်လိုအပ်တဲ့ ပေါင်းဆေး၊ ပျော့ဆေး၊ Hair Oil, Scalp scrub စတာတွေကို သုံးပေးသင့်ပါတယ်။

၉။ စားသောက်ပုံ ပြောင်းလဲပါ

အသက်ကြီးလာလေ ဝိတ်တက်ဖို့ ပိုလွယ်လာလေပါပဲ။ ဒါကြောင့် အစားအသောက် ပုံစံ ကို ပြောင်းပေးရပါမယ်။ ငယ်ငယ်က ဒီပမာဏပဲ စားပေးမယ့် ကြီးလာတဲ့အချိန် ကိုယ် စားချင်တာ အကုန် စားလို့ မရတော့ပါဘူး။ Carbohydrate များတဲ့ အစားအသောက်တွေနဲ့ အချိုများတဲ့ အစားအသောက်တွေ၊ နို့ထွက်အစားအသောက်တွေကို လျှော့စားသင့်ပါတယ်။ အသီးအရွက်ပိုစားပြီး အကြော်မုန့်တွေကို လျှော့သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar