သင်က ဘယ်အချိန်ကြည့်ကြည့် လှနေတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ချင်ရင် အမြဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး Self-Care လုပ်နေသင့်ပါတယ်။ ဒီထဲ ဖော်ပြထားတဲ့အချက်တွေကတော့ အမြဲ လှပြီး ကျက်သရေရှိနေတဲ့ အမျိုးသမီးတွေ ပုံမှန်လုပ်နေတဲ့ အချက်တွေ ဖြစ်ပါတယ်​။

၁။ ၁ ပတ်မှာ ၁ ကြိမ်ကနေ သုံးကြိမ်ထိ Exfoliate လုပ်တယ်

မျက်နှာအသားအရေ ကြည်လင်ပြီး လှတဲ့ ပျိုမေအများစုက တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်ကနေ သုံးကြိမ်ထိ မျက်နှာ ချေးချွတ်လေ့ရှိကြပါတယ်။ Exfoliate လုပ်တာက မျက်နှာပေါ်က အညစ်အကြေးတွေကို ပါသွားစေနိုင်ပါတယ်။

၂။ Vitamin C နဲ့ Retinol ကို သုံးတယ်

Vitamin C က အသားအရေကို ကြည်လင်စေပါတယ်​။ Retinol ကတော့ မျက်လုံးအောက် အရေးအကြောင်းတွေနဲ့ အိုမင်းခြင်းကို လျော့ပါး နှေးကွေးစေပါတယ်။ လှချင်တဲ့ ပျိုမေတို့အနေနဲ့ ဒီ နှစ်မျိုးကို ပုံမှန် သုံးပေးသင့်ပါတယ်။

၃။ အပတ်တိုင်း Face Mask သုံးတာ

အမြဲလှနေတဲ့ မိန်းကလေးတွေက တစ်ပတ်မှာ တစ်ခါ Face Mask ကပ်ဖို့ကို မမေ့ကြပါဘူး။

၄။ ညတိုင်းပုံမှန် Double Cleansing လုပ်တယ်

ကျက်သရေရှိရှိ လှတတ်ကြတဲ့ ပျိုမေတို့ကတော့ ညတိုင်း Double Cleansing လုပ်တတ်ကြပါတယ်။

၅။ မိတ်ကပ်နဲ့ မအိပ်ဘူး

သင်က မျက်နှာအသားအရေကို မပျက်စီးစေချင်ရင် ညတိုင်း မိတ်ကပ်ဖျက်ဖို့ မမေ့သင့်ပါဘူး။

၆။ Self-Love ကို လေ့ကျင့်တယ်

ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့၊ ကျေးဇူးတင်တတ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် လက်ခံတတ်ဖို့ လိုအပ်ပါတယ်။ သင်က ဒီအချက်တွေကို လုပ်နိုင်ရင် Self-Love ကောင်းတယ်လို့ ပြောလို့ရပါတယ်။

၇။ တစ်ပတ်မှာ သုံးခါ ခေါင်းအုံးစွပ်လဲတာ

ခေါင်းအုံးစွပ် ပုံမှန်မလဲရင် ပျိုမေတို့ရဲ့ မျက်နှာမှာ အဖုဖြစ်တာ၊ ဝက်ခြံဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခေါင်းအုံးစွပ် သန့်ရှင်းရေးကို လျစ်လျူရှုထားလို့ မရပါဘူး။

၈။ မျက်နှာနဲ့ ခန္ဓာကိုယ်ထဲကို ရေဓာတ်များများ ဖြည့်တာ

လှလှလေး နေတတ်ကြတဲ့ ပျိုမေတို့က သူတို့ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ဖို့ မမေ့ကြပါဘူး​။ ရေများများသောက်ပြီး မျက်နှာ
အစိုဓာတ် ပြည့်နေဖို့ အစိုဓာတ်ထိန်းခရင် များများ လိမ်းကြပါတယ်။

၉။ Sunscreen ကို ပြန်လိမ်းကြတယ်

အသားအရေလေး အမြဲ ငယ်ရွယ်ပြီး လှနေတဲ့ ပျိုမေတို့က နေပူတဲ့ နေ့တွေမှာ Sunscreen ကို ပြန်လိမ်းဖို့ မမေ့ကြပါဘူး။

Photo Source: Pinterest

By MyStyle Myanmar