အသက်ကြီးမှ ရင့်ကျက်တာမဟုတ်ပါဘူး။ အသက်ငယ်ငယ်လေးနဲ့ စိတ်ပိုင်းဆိုင်ရာရင့်ကျက်သူတွေလည်းရှိပါတယ်။ သင်က သင့်ကိုယ်သင် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်သူဟုတ်မဟုတ် သိချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို လုပ်တတ်လား ပြန်ဆန်းစစ်သင့်ပါတယ်။ ဒီအချက်တွေကို မလုပ်ဘူးဆိုရင်တော့ သင်ဟာ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်သူတစ်ယောက်ပါ။

၁။ မစဉ်းစားဘဲမလုပ်ဘူး


စိတ်ပိုင်းဆိုင်ရာရင့်ကျက်သူတွေက အလုပ်တစ်ခုမလုပ်ခင် အရင်စဉ်းစားပါတယ်။ လက်ရှိဒေါသထွက်တယ်ဆိုရင်လည်း ဝုန်းဒိုင်းကျဲ လုပ်ချင်ရာ မလုပ်တတ်ပါဘူး။ မလုပ်ခင် ဒါကို လုပ်သင့်လား အရင်စဉ်းစားတတ်ပါတယ်။ လုပ်ပြီးမှ နောင်တရနေမယ့် လုပ်ရပ်မျိုးကို ရှောင်တတ်ကြပါတယ်။

၂။ ကိုယ့်စိတ်ခံစားချက်ကို လျစ်လျူမရှူဘူး


အချို့သူတွေက စိတ်ညစ်နေတယ်ဆိုရင် ဒီစိတ်ညစ်တာကို ပျောက်ဖို့ ဘီယာသောက်တတ်ကြပါတယ်။ အစားအများကြီးစားတတ်ကြပါတယ်။ ကိုယ့်စိတ်ခံစားချက်ကို မဖြေရှင်းရင် ဒါက အမြဲဖြစ်နေမှာပါ။ စိတ်ပိုင်းဆိုင်ရာရင့်ကျက်သူတွေကတော့ ဒီစိတ်ခံစားချက်က ငါ့ဘဝကို ဘယ်လောက်ထိ သက်ရောက်မှုရှိလဲ။ ငါဒါအတွက် ဘာလုပ်နိုင်လဲ စတဲ့မေးခွန်းတွေကို မေးတတ်ကြပါတယ်။

၃။ ကိုယ့်ပြဿနာအတွက် တခြားသူကို အပြစ်မတင်ဘူး


ကိုယ့်အပြစ်သက်သာဖို့ ကာပြောတတ်တာကတော့ လူတိုင်းလိုလိုပါပဲ။ ကိုယ်က ပြဿနာတစ်ခုခုဖြစ်ပြီဆိုရင် ကိုယ့်အနားက လူတွေကိုပါ ဆွဲထည့်တာက ရင့်ကျက်သူတွေရဲ့ အပြုအမူမဟုတ်ပါဘူး။

၄။ တခြားသူတွေကို ဝေဖန်တာမလုပ်ဘူး


စိတ်ပိုင်းဆိုင်ရာရင့်ကျက်သူတွေက အခြားသူတွေကို မဝေဖန်တတ်ပါဘူး။ လိုတာရှိရင် လိုတာကို ပြောလိုက်ပါတယ်။ ကဲ့ရဲ့တာမျိုးမလုပ်တတ်ပါဘူး။ ဝေဖန်စရာရှိရင်လည်း မဝေဖန်ဘဲ ကျော်သွားတတ်ပါတယ်။

၅။ အချိန်တိုင်း စိုးရိမ်မနေဘူး


စိတ်ပိုင်းဆိုင်ရာရင့်ကျက်သူတွေက လာမယ့်အနာဂတ်အတွက် ကြိုစိုးရိမ်မနေပါဘူး။ မသေချာ မရေရာတာအတွက် စိုးရိမ်နေလို့ ဘာမှထူးလာမှာ မဟုတ်ပါဘူး။

၆။ အတိတ်မှာ မနေတတ်ဘူး


စိတ်ပိုင်းဆိုင်ရာရင့်ကျက်သူတွေက အနာဂတ်အတွက် စိုးရိမ်ပူပန်မှုမရှိသလို အတိတ်မှာလည်း မနေတတ်ပါဘူး။ အတိတ်မှာ ဒီလိုလုပ်ခဲ့ရင် ကောင်းသား ဆိုတဲ့ အတွေးလည်း မရှိတတ်ပါဘူး။ လက်ရှိအချိန်ကိုပဲ အာရုံစိုက်ကြပါတယ်။

၇။ ခက်ခဲတဲ့အရာတွေကို ကျော်မသွားဘူး


တချို့တွေက အခက်အခဲကြုံရင် ရှောင်ပြေးတတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာရင့်ကျက်သူတွေကတော့ ဒီအခက်အခဲကို ကျော်လွှားကြပါတယ်။

၈။ လူတွေကို အများကြီးမမျှော်လင့်ထားဘူး


လူတွေဆီကနေ မျှော်လင့်တာက အမှန်တော့ ကိုယ့်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ သူက ဒီလိုဖြစ်သင့်တာ။ ငါဒီလိုလုပ်ပေးရင် သူ့ဘက်က ပြောင်းလဲလာမှာ စသဖြင့် မျှော်လင့်နေတာက စိတ်ပိုင်းဆိုင်ရာရင့်ကျက်သူတွေရဲ့ အပြုအမူမဟုတ်ပါဘူး။ တခြားသူတွေဆီက ဘာမှမမျှော်လင့်ထားတာကောင်းပါတယ်။

၉။ ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိတယ်


လူတိုင်း ဝေဖန်ခံရမှာပါ။ မဝေဖန်ခံရတဲ့ လူဆိုပြီး ဒီကမ္ဘာမှာမရှိပါဘူး။ စိတ်ပိုင်းဆိုင်ရာရင့်ကျက်သူတွေကတော့ကိုယ့်ကို ဝေဖန်လာတဲ့သူတွေကို ရန်တွေ့ဖို့ စိတ်မစောကြပါဘူး။ ဒီအရာကနေ ငါပိုကောင်းလာအောင် ဘာတွေလုပ်လို့ရမလဲ ဆိုတဲ့အချက်ကို အဓိက စဉ်းစားတတ်ကြပါတယ်။

သင်က ဒီအချက်တွေ အကုန်လုံးမလုပ်တတ်တဲ့သူဆိုရင်တော့ သင်က ရင့်ကျက်သူတစ်ယောက်ပါ။ မဖြစ်သေးရင်လည်း ဒါတွေကို မှတ်ထားပြီး ဆက်ကြိုးစားပါနော်။

Source: HerBeauty.co

By MyStyle Myanmar