၁။ သံချိတ်ကိုအသုံးပြုခြင်း

သံချိတ်များကို အသုံးပြုခြင်းသည် လေးလံသောအဝတ်အထည်များဒဏ်ကို ခံနိုင်ရည်မရှိသလို အဝတ်အစားတွေရဲ့ပုံပန်းသဏ္ဍာန်ကိုလည်း ပျက်စီးစေနိုင် ပါတယ်။ ဒါကြောင့် တောင့်တောင့်တင်းတင်းနှင့် နူးညံ့သည့်အသားရှိသော အဝတ်အစားတွေကို ခံနိုင်ရည်ရှိမည့် သက္ကလတ်အပျော့စားချိတ်ကို အသုံးပြုပေးပါ။

၂။ ဆွယ်တာအင်္ကျီများကို ပုံမှန်အင်္ကျီများလို ချိတ်ဆွဲခြင်း

လေးလံသောအင်္ကျီများကို ထိုပုံစံဖြင့်ချိတ်လှန်းခြင်းသည် လည်ပင်းနှင့်ပုခုံးတို့ကို ဆွဲဆန့်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ထည့်စရာနေရာမရှိဘူးဆိုပါက ဆွယ်တာအင်္ကျီများကို ခေါက်ကာ ပုံပါအတိုင်း ချိတ်အပေါ်တွင်လှန်းထားနိုင်ပါတယ်။

၃။ အခြောက်ခံပလတ်စတစ်အိတ်များတွင် ထည့်သိမ်းခြင်း

အခြောက်ခံခြင်းမှ အဝတ်များကို ပြန်ရပြီဆိုသည်နှင့် ပလတ်စတစ်အိတ်များထဲမှ အဝတ်ကိုချက်ချင်းထုတ်ပါ။ ပလတ်စတစ်ထဲကြာကြာထားခြင်းသည် အနံ့နှင့်အစိုဓာတ်ကိုစုအောင်းသွားစေနိုင်ပါတယ်။ အကယ်၍အဝတ်တွန့်ကြေမှာကို စိုးရိမ်ပါက ချိတ်တစ်ခုနှင့်တခုကြားတွင် နေရာအနည်းငယ် ချန်ပေးထားပါ။

၄။ အဝတ်အစားများကို မကြာခဏအခြောက်လျှော်ခြင်း

မကြာခဏအခြောက်လျှော်ခြင်းသည် အဝတ်အထည်များကို အရောင်မှေးမှိန်ခြင်း၊ ပျက်စီးခြင်းတို့ ဖြစ်ပေါ်စေနိုင်သောကြောင့် “အခြောက်လျှော်ပေးရမည်”  ဟု စာတန်းပါသည့် အဝတ်အထည်များကလွဲလျှင် လက်ဖြင့်လျှော်စေလိုပါတယ်။

၅။ အဝတ်လျှော်စက်ထဲသို့ ကြယ်သီး၊ ချိတ်၊ ဇစ်မဖြုတ်ဘဲ၊ အထက်အောက်ပြောင်းပြန်မလုပ်ဘဲ ထည့်လိုက်ခြင်း

ထိုသို့ပြုလုပ်ခြင်းသည် အဝတ်အထည်များ တစ်ခုနှင့်တစ်ခုညိတွယ်ပြီး ပျက်စီးမှုကိုဖြစ်စေနိုင်ပါတယ်။ ဂျင်းဘောင်းဘီများကဲ့သို့ ဆေးဆိုးထားသော အထည်များ အရောင်လွင့်ပျယ်ခြင်းမှ ကာကွယ်ရန်အတွက် အထက်အောက်ပြောင်းပြန်လှန်ပေးပါ။