မင်္ဂလာပါ ပျိုမေလေးတို့ရေ… အရပ်မရှည်လို့ဆိုပြီး ကိုယ့်အရပ်ကို စိတ်တိုင်းမကျတဲ့ ပျိုမေလေးတွေရှိရင်တော့ ဒီဆောင်းပါးလေးက ပျိုမေတို့အတွက် အသုံးတည့်မယ့်ဆောင်းပါးလေးပဲဖြစ်ပါတယ်။

အရပ်ရှည်တဲ့ပုံပေါက်ဖို့အတွက် တကူးတကကြီး အားထုတ်ကြိုးပမ်းနေစရာမလိုပါဘူး။ မိမိရဲ့ဝတ်စားဆင်ယင်မှုစတိုင်လ်ကို အနည်းငယ်ပြောင်းလဲလိုက်ရုံနဲ့ ကမ္ဘာကျော်စူပါမော်ဒယ်တစ်ယောက်လို သွယ်လျလှပနိုင်ပါတယ်။

ဒါဆိုရင် အရပ်ရှည်တဲ့ပုံပေါက်အောင် အဝတ်အစားစတိုင်လ်ကို ဘယ်လိုပြောင်းလဲပြင်ဆင်ရမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ပျိုမေလေးက ဒေါက်ဖိနပ်ဝတ်တယ်ဆိုပါစို့… ဘယ်လိုဒေါက်ဖိနပ်မျိုးကို ရွေးချယ်ဝတ်ဆင်လေ့ရှိပါသလဲ။

ရှှုးဖိနပ်အနောက်ပိုင်းမှာ ဒေါက်ထည့်ပေးထားရုံသာမက ဖိနပ်အရှေ့ပိုင်းမှာပါ ဒေါက်ပါတဲ့ ဒေါက်ဖိနပ်မျိုးက ပျိုမေတို့ကို အရပ်ပိုရှည်ပုံပေါက်စေပါတယ်။

စတိုင်လ်ပန်ရွေးချယ်တဲ့အခါမှာလည်း ခြေမျက်စိဖုံးတဲ့စတိုင်လ်ပန်က အရပ်ရှည်ပုံပေါ်အောင် ကူညီပေးနိုင်ပါတယ်။

ဒါပေမယ့် တစ်ခုသတိထားရမှာကတော့ ရှည်လွန်းတဲ့ဘောင်းဘီ၊ ခြေထောက်နားမှာ တွန့်ခေါက်နေတဲ့ ဘောင်းဘီမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

အင်္ကျီဝတ်တဲ့အခါ ဘယ်လိုဝတ်ဆင်သင့်သလဲ။

အင်္ကျီတွေ တီရှပ်တွေကို ဘောင်းဘီနဲ့တွဲဝတ်တဲ့အခါ ဘောင်းဘီထဲသို့ ထည့်ဝတ်ပေးလိုက်ပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းကို ပိုရှည်သယောင် ထင်မှတ်စေပါတယ်။

ဘောင်းဘီတွေ ရွေးချယ်ဝတ်ဆင်တဲ့အခါ

ချက် အောက်လျှောဘောင်းဘီမျိုး မဝတ်ဆင်သင့်ဘဲ ခါးအပေါ်ထိ တက်ဝတ်လို့ရတဲ့ High-Waisted ဘောင်းဘီမျိုးကိုသာ ဦးစားပေးရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

အဝတ်အစားအရောင် ရွေးချယ်တဲ့အခါ

တူညီတဲ့အရောင်တစ်မျိုးတည်းကို အရောင်နုနဲ့ အရောင်ရင့် တွဲဖက်ဝတ်ဆင်ခြင်းက ဖက်ရှင်ကျချင်တဲ့ပျိုမေနဲ့ အရပ်ရှည်ချင်တဲ့ ပျိုမေလေးတို့အတွက် လျှို့ဝှက်ချက်တစ်ခုပါ။

Skinny Jeans တွေ ဝတ်မယ်ဆိုရင်

အပြာရောင် Skinny Jeans တွေကလည်း ဖက်ရှင်ကျတယ်ဆိုပေမယ့် အမဲရောင် Skinny Jeans ကတော့ သင့်ရဲခြေတံကို ပိုမိုသွယ်လျရှည်လျားတဲ့ပုံ ပေါ်စေပါတယ်။

ဖိနပ်အရောင်ရွေးချယ်တဲ့အခါ

Nude အရောင်လေးတွေ (သို့) မိမိဝတ်ဆင်တဲ့အဝတ်အစားနဲ့ သွေဖယ်သွားခြင်းမရှိဘဲ လိုက်ဖက်မှုရှိတဲ့ ဖိနပ်အရောင်တွေက အရပ်ပိုရှည်သယောင်ပေါ်စေပါတယ်။

အင်္ကျီအစင်းကျားတွေ ဝတ်မယ်ဆိုရင်ရော

အလျားလိုက်အစင်းကျားကို မရွေးချယ်ဘဲ ဒေါင်လိုက်အစင်းကျားကို ရွေးချယ်ခြင်းက အမှန်ကန်ဆုံးရွေးချယ်မှုပါပဲ။

နောက်ဆုံးအနေနဲ့ အရေးကြီးဆုံးတစ်ချက်ကတော့

အရပ်ရှည်ချင်တယ်ဆိုရင်တော့ ဒေါက်ဖိနပ်ရဲ့အကူအညီ ယူကို ယူသင့်ပါတယ်။ ဒေါက်ဖိနပ်က ပျိုမေတို့ကို ယုံကြည်မှုတိုးမြှင့်စေတဲ့အပြင် စမတ်ကျတဲ့ပုံပေါက်အောင်လည်း ကူညီပေးပါသေးတယ်။

Source: Brightside.me

By MyStyle Myanmar