အဆီကျစေဖို့အတွက် အထောက်အကူပြုတဲ့ အကြောဆန့်လေ့ကျင့်ခန်း 9 မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာပဲ အလွယ်တကူလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။

1. The cobra

ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် 30 နေပေးရုံပါပဲ။ အချိန်ပြည့်ရင် ပုံမှန်အတိုင်းပြန်နေ၊ ပြီးရင် ထပ်လုပ်ပါ။ 3 ကြိမ်၊ 5 ကြိမ် လုပ်ပေးရင်ရပါပြီ။

2. Seated twist

ပုံမှာလုပ်ပြထားတဲ့အတိုင်း ညာခြေထောက်ကိုဆင်း၊ ဘယ်ခြေထောက်က ဒူးထောင်ပြီး ခါးကို ညာဘက်လှည့်ပါ။ အဲ့အတိုင်း စက္ကန့် 30 နေ၊ ပြီးရင် ဘယ်ခြေထောက်ကိုဆင်း၊ ညာခြေထောက်က ဒူးထောင်ပြီး ခါးကို ဘယ်လှည့်ကာ စက္ကန့် 30 နေပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 5 ကြိမ်စီ လုပ်ပေးပါ။

3. The warrior

ဒီလေ့ကျင့်ခန်းမှာလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်းလုပ်ပြီ စက္ကန့် 30 နေပါ။ အချိန်ပြည့်ရင် မတ်တပ်ပြန်ရပ် ပြီးရင် ထပ်လုပ်ပါ။ ဒါလည်း ခြေထောက်အနေအထားကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 5 ကြိမ်စီ လုပ်ပေးပါ။

4. Side lunge

ဒီလေ့ကျင့်ခန်းလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 5 ကြိမ်စီပဲ လုပ်ပေးရမှာပါ။ တစ်ခါလုပ်ရင် စက္ကန့် 30 ကြာအောင် နေပေးရပါမယ်။

5. Inner thigh stretch

ခြေဖဝါးနှစ်ကိုပူးထားပြီး ခါးကိုမတ်ထားပါ။ အဲ့အတိုင်း 1 မိနစ်နေပြီး အသက်ကို ရှိုက်ပြီးရှူလိုက်၊ ခပ်ပြင်းပြင်း ရှူထုတ်လိုက် လုပ်ပေးပါ။

6. Knee squeezes

ပုံမှာလုပ်ပြထားတဲ့အတိုင်းလုပ်ပြီး စက္ကန့် 30 နေပါ။ အချိန်ပြည့်ရင် ခြေထောက်ခဏပြန်ချ၊ ပြီးရင် ထပ်လုပ်ပါ။ 5 ကြိမ်လုပ်ပေးရင် ရပါပြီ။

7. Tricep stretch

လက်အနေအထားကို ပုံမှာလုပ်ပြထားတဲ့အတိုင်းလုပ်ပြီး 15 စက္ကန့်နေပါ။ ပြီးရင် လက်ကို ဘယ်ညာပြောင်းပြီး ထပ်လုပ်ပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး 5 ကြိမ်စီ လုပ်ပေးပါ။

8. Sitting side bend

ပုံမှာလုပ်ပြထားသလို ဘယ်လက်ထောက်၊ ညာဘက်ကိုအပေါ်မြှောက်ပြီး ဘယ်စောင်း၊ ခါးကိုလည်း ဘယ်စောင်းပါ။ အဲ့အတိုင်း 15 စက္ကန့်နေပြီး ခါးပြန်မတ်ပါ။ ပြီးရင် ထပ်လုပ်ပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 10 ကြိမ်စီ လုပ်ပေးပါ။

9. The bow

ပုံမှာလုပ်ပြထားသလို စက္ကန့် 30 နေပေးပါ။ အချိန်ပြည့်ရင် ခြေထောက်ပြန်ချ၊ ပြီးရင် ပြန်လုပ်ပါ။ အနည်းဆုံး 5 ကြိမ်တော့ လုပ်ပေးရပါမယ်။