တစ်နေရာရာ သွားချင်ပေမယ့် ခေါင်းမလျှော်ရသေးလို့ မသွားတော့ဘူး၊ တစ်ခုခု လုပ်ချင်ပေမယ့် ခေါင်းမလျှော်ထားလို့ စိတ်မကြည်ဘူးစတဲ့ အရာတွေကို ပျိုမေတိုင်း လိုလို ကြုံဖူးမှာပါ။ သင်က နေ့တိုင်း ခေါင်းလျှော်ရတာ၊ ခဏခဏ ခေါင်းလျှော်ရတာကို ငြီးငွေ့နေသူဆိုရင်တော့ အောက်ဖော်ပြပါ အရာတွေကို ပြုလုပ်နိုင်ပါတယ်။

၁။ Dry Shampoo

ဒါကတော့ ပျိုမေတိုင်း သိတဲ့ နည်းလမ်းဖြစ်သလို ခေါင်းခဏခဏ မလျှော်ချင်တဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းပဲဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ Dry Shampoo ကို ၈ လက်မ အကွာအဝေးလောက်ကနေ ဖြန်းသင့်ပါတယ်။ ဒါမှမဟုတ် ပေါင်ဒါမှုန့်ဆိုရင်တော့ သင့်ဆံပင်အရင်းကနေ စပြီး ဖြူးပေးနိုင်ပါတယ်။

၂။ Accessories

ခေါင်းခဏခဏ မလျှော်ချင်တဲ့ ပျိုမေတို့အနေနဲ့ ကလစ်၊ ဘီးကုတ်၊ ဦးထုပ်စတဲ့ Accessories တွေကို ဆောင်ထားသင့်ပါတယ်။ ကိုယ့်ဆံပင်ကိုယ် ယုံကြည်မှု မရှိလာတိုင်း ဒီ Accessories တွေနဲ့ ပြင်ဆင်ကြည့်သင့်ပါတယ်။

၃။ ကျစ်ဆံမြီးကျစ်ပါ

Photo Source: Instructables

Bad Hair Days တွေအတွက် နောက်ထပ် နည်းလမ်းကောင်း တစ်ခုကတော့ ကျစ်ဆံမြီးကျစ်တာပါ။ ကျစ်ဆံမြီးကျစ်တာက သင့်ဦးရေပြားကို ပေါ့ပါးသွားစေပါတယ်။

၄။ ဆံကြောင်းပြောင်းပါ

Photo Source: Pinkvilla

ဆံကြောင်းကို အမျိုးမျိုး ပြောင်းပေးတာကလည်း ခေါင်းမလျှော်ချင်တဲ့ နေ့တွေမှာ လုပ်ကြည့်သင့်တဲ့ နည်းလမ်းပါ။

၅။ ဆံပင်အဖြောင့်ကို ရှောင်ပေးပါ

ဆံပင်အဖြောင့်က သင့်ဆံသားကို ပိုကပ်သွားစေပြီး ခေါင်းမလျှော်တဲ့ နေ့တွေမှာ ကြည့်ရဆိုးစေပါတယ်။ ကပိုကယို ဆံပင်စတိုင်တွေက ခေါင်းပုံမှန် မလျှော်ချင်သူတွေနဲ့ လိုက်ဖက်ပါတယ်။

၆။ ခေါင်းဖြီးကို ပုံမှန်သန့်ရှင်းပေးပါ

ခေါင်းဖြီးမှာ ကပ်ကျန်ခဲ့တဲ့ အမှုန်တွေ၊ အညစ်အကြေးတွေက သင့်ခေါင်းလျှော်ပြီးသား ဆံပင်ကို ခဏလေးနဲ့ အနံ့ထွက်စေနိုင်ပါတယ်။

၇။ အစားအသောက် ဂရုစိုက်ပါ

ဆီကြော်စာ၊ အဆီများတဲ့ အစားအသောက်တွေက သင့်ဆံသားကို အဆီပိုပြန်စေပါတယ်။ အစိမ်းရောင်အသီးအရွက်တွေက ဆံသားအတွက် သင့်တော်ပါတယ်။

၈။ မိတ်ကပ်ကို သေချာပြင်ပါ

သင့်အနေနဲ့ ခေါင်းမလျှော်ဖြစ်တဲ့ ရက်တွေမှာ မိတ်ကပ်ကို အဓိက ပြင်ဆင်သင့်ပါတယ်။ ဒီလိုမှ ဆံသားကို မိတ်ကပ်ပြင်ထားတာနဲ့ အာရုံလွှဲရာရောက်ပါတယ်။

၉။ ခေါင်းလျှော်တဲ့အခါ

အခြေခံအချက်တွေဖြစ်တဲ့ ရှန်ပူကို ဦးရေပြားပေါ်မှာ ပွတ်ပေးတာ၊ Conditioner ကို ဆံပင်အဖျားမှာပဲ လိမ်းပေးတာ၊ နူးညံ့တဲ့ သဘတ်နဲ့ ဆံပင်ကို သုတ်ပေးတာ စတာတွေကို သေချာလုပ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar