သင်က သင်သဘောကျတဲ့ ချစ်သူ ကောင်လေး အသစ်စက်စက်ကို လက်ဆောင်ပေးချင်ပေမယ့် အရမ်းကြွေနေတဲ့ ပုံစံမျိုး မပေါက်အောင် ကြိုးစားချင်သူ ဆိုရင်တော့ ဒီအကြောင်းအရာက သူအတွက်ပါပဲ။ “လိုက်ရင် ပြေးတယ်၊ ပြေးရင် လိုက်တယ်” ဆိုတဲ့ စကားနဲ့ သင်ရင်းနှီးမှာပါ။ တကယ်ချစ်တဲ့ စုံတွဲတွေကလွဲရင် သာမန် အချစ်ရေးမှာ သင့်ဘက်က အရမ်းဂရုစိုက်ပြီး ကြွေပြနေရင် သူ့ဘက်က အင်တင်တင် ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဘက်က ဂရုတစိုက် ရှိတယ်ဆိုတာ ဖော်ပြရာရောက်မယ့် အပြင် ပေးရတာ ပေါ့ပေါ့ပါးပါး ဖြစ်စေမယ့် လက်ဆောင်တွေကို သိချင်တယ်ဆိုရင်တော့ ဆက်ကြည့်လိုက်ပါနော်-

ခေါင်းဖြီး

ခေါင်းဖြီးက နေ့စဉ် ဘဝမှာ လိုအပ်တဲ့ ပစ္စည်းပါ။ သင့်ကောင်လေးက မုတ်ဆိတ်မွှေး ရှိတယ်ဆိုရင် ခေါင်းဖြီးအသေးလေးက အသုံးဝင်ဦးမှာပါ။

ကော်ဖီခွက်

သင့်ကောင်လေးက ကော်ဖီ၊ လက်ဖက်ရည်စတာတွေ သောက်ရတာ နှစ်သက်သူဆိုရင် ဒီလို အပူခံခွက်တွေက အသုံးဝင်ပါတယ်။

ပုလင်းအဖုံးဖွင့်တံ

ကောင်လေးတိုင်း ပုလင်းအဖုံးဖွင့်တံကို သဘောကျကြမှာပါ။ ဒါက အမျိုးသားတိုင်း လိုအပ်တဲ့ ပစ္စည်းပါ။

Battery Charger

မီးပျက်တဲ့အချိန် Battery Charger ကို မဖြစ်မနေ လိုအပ်ပါတယ်။ သင့်ကောင်လေးက သင့်လက်ဆောင်ကို တန်ဖိုးထားမှာ မလွဲမသွေပါပဲ။

Graphic T Shirt

အဓိပ္ပာယ် အမျိုးမျိုးရှိတဲ့ T Shirt တွေက အမျိုးသားတိုင်းရဲ့ အဖော်မွန်ပါ။ ဒီ T Shirt တွေက အချိန်တိုင်း အသုံးဝင်တဲ့ အဝတ်အစားတွေ ဖြစ်ပါတယ်။

အမွှေးရိတ်တဲ့ ပစ္စည်းတွေ

အမွှေးရိတ်ဓား၊ အမွှေးရိတ်စက်တွေက အမျိုးသားတိုင်းအတွက် အသုံးဝင်ပါတယ်။ အမွှေးရိတ်တာနဲ့ ဆက်စပ် ပစ္စည်းတွေက ကောင်လေးတွေ အားလုံး လိုအပ်တဲ့ ပစ္စည်းဖြစ်ပါတယ်။

ရေမွှေး

အရည်အသွေး အသင့်အတင့်ရှိတဲ့ ရေမွှေးပုလင်းတွေက ရတဲ့ အမျိုးသားတိုင်းကို ပျော်ရွှင်စေမှာပါ။

စာအုပ်

ကိုယ်ပေးချင်တဲ့ ခေါင်းစဉ်အလိုက် စာအုပ်တွေက ပေါ့ပေါ့ပါးပါး ပေးနိုင်မယ့် လက်ဆောင် ပစ္စည်းဖြစ်ပါတယ်။

နာရီ

ဈေးအသင့်အတင့်ရှိတဲ့ နာရီတွေက ကိုယ်သူ့ကို လေးစားကြောင်း ဖော်ပြတဲ့ လက်ဆောင်ပစ္စည်း ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar