မျက်ခုံးမွှေးမရှိတဲ့သူတွေနဲ့ မျက်ခုံးမွှေးထူထူလေး လိုချင်တဲ့သူတွေအတွက် မျက်ခုံးမွှေးသန်ပြီး ထူလာစေဖို့ ကူညီပေးမယ့် အရိုးရှင်းဆုံးနည်းလမ်း ၉ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အရမ်းလည်းလွယ်ကူပြီး ရိုးရှင်းတဲ့ နည်းလမ်းတွေဖြစ်တဲ့အပြင် ၉ မျိုးတောင်ဆိုတော့ ကိုယ်အဆင်ပြေမယ့်တစ်မျိုးကို ရွေးပြီးလုပ်လိုက်ရုံပဲ။

ကြက်ဆူဆီ

ကြက်ဆူဆီကို လက်ချောင်းလေးနဲ့ယူပြီး မျက်ခုံးမှာလိမ်းပေးပါ။ ပြီးရင် မိနစ် ၃၀ ထားပြီးမှ Makeup Remover နဲ့ ဖျက်ပေးပါ။ ပြီးမှ ရေကြက်သီးနွေးလေးနဲ့ မျက်နှာသစ်ပါ။ Makeup Remover မသုံးပဲ မျက်နှာသစ်လိုက်ရင်ကျတော့ ကြက်ဆူဆီတွေမပြောင်ပဲ ဖြစ်နေတတ်ပါတယ်။

အုန်းဆီ

အုန်းဆီကို ဂွမ်းတံလေးနဲ့ယူပြီး မျက်ခုံးမွှေးမှာ လိမ်းလိုက်ပါ။ တစ်ညထားပြီး မနက်ရောက်မှ မျက်နှာသစ်လိုက်ရုံပါပဲ။

သံလွင်ဆီ

သံလွင်ဆီကို လက်ချောင်းလေးနဲ့ယူပြီး မျက်ခုံးမွှေးမှာလိမ်းပေးပါ။ ပြီးရင် လက်ချောင်းလေးတွေနဲ့ Massage လုပ်ပေးပါ။ တစ်နာရီထားပြီးမှ မျက်နှာသစ်ပေးပါ။

ကြက်သွန်နီအရည်

ကြက်သွန်နီကို Blender နဲ့ကြိတ်ပြီး အရည်ညှစ်ချပါ။ ရလာတဲ့အရည်ကိုမှ မျက်ခုံးမွှေးမှာလိမ်းပေးပြီး တစ်နာရီထားပါ။ အချိန်ပြည့်မှ မျက်နှစ်သစ်လိုက်ပါ။

ကြက်ဥအနှစ်

ကြက်ဥကိုဖောက်ပြီး အနှစ်နဲ့အကာ သပ်သပ်စီခွဲပါ။ ပြီးရင် ကြက်ဥအနှစ်ကို Eyebrow Brush နဲ့ယူပြီး မျက်ခုံးမွှေးကို သုတ်လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးမှ ရေကြက်သီးနွေးနဲ့ သန့်စင်ပေးပါ။

Petroleum Jelly

Petroleum Jelly ကို ညတိုင်း မျက်ခုံးမွှေးမှာ သုတ်လိမ်းပေးပြီး မနက်ရောက်မှ မျက်နှာသစ်ပါ။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်အတွင်းက ဂျယ်လ်ကို ဇွန်းနဲ့ခြစ်ယူပြီး မျက်ခုံးမွှေးကို ပွတ်ပေးရုံပါပဲ။

သံပယိုသီး

သံပယိုသီးကို ခြမ်းပြီး မျက်ခုံးကိုပွတ်ပေးပါ။ မိနစ် ၂၀ ထားပြီးမှ ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်ပေးပါ။

နွားနို့

နွားနို့ကို ဂွမ်းလုံးလေးနဲ့တို့ယူပြီး မျက်ခုံးမွှေးကိုပွတ်ပေးပါ။ ပြီးရင် ၁၅ မိနစ်ထားပြီးမှ ရေနဲ့ပြန်သန့်စင်ရမှာပါ။