လက်သည်းပုံဖော်ရတာဝါသနာပါပေမယ့် တစ်ခါတစ်လေ ဆိုင်သွားပြီး ပုံမဖော်ချင်တော့ဘူး၊ budget လည်းချွေတာချင်တယ် ဆိုတဲ့သူတွေအတွက် အိမ်မှာကိုယ်တိုင်ပုံဖော်လို့ရတဲ့ အရမ်းချစ်ဖို့ကောင်းပြီး ရိုးရှင်းတဲ့ လက်သည်းဒီဇိုင်း ၉ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

အဝါရောင်လေးကြိုက်ရင် အဝါ၊ လိမ္မော်နဲ့ အဖြူကိုစပ်ပြီး ဒီလိုလေးပုံဖော်ကြည့်ပါ။ အစက်ချတာနဲ့ အချောင်းလေးဆွဲတာပဲဆိုတော့ အရမ်းလွယ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း အဖြူဆိုးပြီး အနက်နဲ့ပုံဖော်ထားတာ အရမ်းရိုးရှင်းပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ သေချာကြည့်ပြီးလုပ်ရင် လွယ်ကူတဲ့ဒီဇိုင်းလေးပါပဲ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ပုံဖော်ရတာအရမ်းလွယ်ပါတယ်။ အရောင်လေးတွေကအစ ချစ်ဖို့ကောင်းတာကြောင့် အပြာကြိုက်ရင် ပုံဖော်ကြည့်သင့်ပါတယ်။

အပြာရောင်ကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးက အပြာအနုအရင့်စပ်ပြီး ပုံဖော်ထားတာဖြစ်လို့ ပိုသဘောကျမှာပါ။ သူလည်း အစက်ချတာနဲ့ အတုံးလေးဆွဲတာပဲဆိုတော့ လွယ်ပါတယ်။

အစက်လေးတွေလိုက်ချရုံပဲမို့ ကိုယ်အဆင်ပြေသလို ပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်းလေးပါ။ လုပ်ရတာအရမ်းလွယ်သလောက် ရိုးရှင်းပြီး အရမ်းလည်း ချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ပန်းပွင့်ပုံလေးက ပုံဖော်ရတာ အရမ်းလွယ်ပါတယ်။ အပင်သေးသေးလေးကလည်း ပုံဖော်ရတာလွယ်ပါတယ်။ ဒါကြောင့် ပုံဖော်ကြည့်ပါ။ ဆိုင်တောင်သွားစရာမလိုပဲ လှနေပါလိမ့်မယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ပုံဖော်ရတာလွယ်ပါတယ်။ အရောင်လေးတွေက အသက်ပါပဲ။ အိမ်မှာ ကိုယ်တိုင်ပုံဖော်မယ်ဆိုရင် လက်သည်းနီကိုသာ အရောင်စုံဝယ်ထားပါ။

အကွက်လေးတွေ၊ လိုင်းစင်းလေးတွေပဲ ပုံဖော်ရုံဆိုတော့ အရမ်းလွယ်ပါတယ်။ ဒီဇိုင်းထင်းနေတာမျိုးကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။

လက်သည်းနီကို ၃ ရောင်ဆိုးပြီး ဒီလက်သည်းဒီဇိုင်းလေး ပုံဖော်ကြည့်ပါ။ ဒီဇိုင်းဆန်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတာကြောင့် လူငယ်ကောင်မလေးတွေနဲ့ဆို ပိုပြီးလိုက်မှာပါ။

Photo source:www.pinterest.com