ရည်းစားထားတယ်ဆိုတာက အရင်အတိတ်ဟောင်းတွေ၊ အဟောင်းတွေ ချန်ခဲ့ပြီး နှစ်ယောက်လုံး အတူတူ ရှေ့ဆက်မှ ပြည့်စုံနိုင်မှာပါ။ တစ်ယောက်ယောက်က အရင် အမှတ်တရတွေကို မစွန့်လွှတ်နိုင်သေးဘူးဆိုရင်တော့ ဒီအချစ်ရေးက ရေရှည်မှာ အဆင်ပြေလာနိုင်မှာ မဟုတ်ပါဘူး။ သင့်အနေနဲ့ သင့်ကောင်လေး၊ သင့်ကောင်မလေးက အရင် ရည်းစားဟောင်းကို မမေ့သေးဘူးလား သိထားသင့်ပါတယ်။ ဒီအချက်တွေကို သူတို့ဆီမှာ တွေ့ရသေးတယ်ဆိုရင်တော့ သူတို့က ရည်းစားဟောင်းကို မမေ့နိုင်သေးပါဘူး။

၁။ ဓာတ်ပုံတွေကို သိမ်းထားတယ်

သင့်ချစ်သူက အရင်ရည်းစားဟောင်းရဲ့ ဓာတ်ပုံတွေကို သိမ်းထားတုန်းဆိုရင်တော့ သူက မရိုးသားပါဘူး။ ဖုန်းထဲက မဖျက်ရသေးတာ၊ အိတ်ကပ်ထဲ သိမ်းထားတာ စသဖြင့် အရင်ရည်းစားရဲ့ ပုံရိပ်တွေ သူ့ဆီက မပျောက်သေးရင်တော့ သေချာသလောက်ရှိပါတယ်။

၂။ အရင်နေရာဟောင်းတွေ

သင့်ကောင်လေးက အရင်ကောင်မလေးနဲ့ လုပ်ခဲ့ဖူးတဲ့၊ သွားခဲ့ဖူးသေးတဲ့ နေရာတွေကို သင့်ကိုပါ ခေါ်သွားတယ်ဆိုရင်တော့ သူက အရင်ချစ်သူကို မမေ့သေးပါဘူး။ အရင်တစ်ယောက်ကို မမေ့သေးသူတွေက အရင်လူနဲ့ပဲ စိတ်ချင်းဆက်သွယ်ဖို့ ကြိုးစားတတ်ပါတယ်။

၃။ ရုတ်တရက်ကြီး သူတို့အကြောင်းကို ထပြောတယ်

သင်နဲ့ သူ စကားပြောနေတုန်း ရုတ်တရက်ကြီး အရင် တစ်ယောက်အကြောင်းကို ထပြောတတ်တယ်ဆိုရင် သူတို့ခေါင်းထဲ အရင်တစ်ယောက်က နေရာယူထားတုန်းပါ။

၄။ စိတ်တိုလွယ်တယ်

သင့်ဘက်က သူ့ကို အရင်ကောင်မလေးနဲ့ ပတ်သက်ပြီး စွပ်စွဲလိုက်ရင် သူတို့ဘက်က ဆတ်ဆတ်ထိမခံ ဒေါသထွက်တတ်ကြပါတယ်။ မလုံတဲ့ သူတွေက ပိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ ဒေါသထွက်တတ်ပါတယ်။

၅။ အရင်ရည်းစားလို ပြုမူခိုင်းတယ်

သင့်ပုံစံကို အရင်ကောင်မလေးလို ဖြစ်အောင် ကြိုးစားနေတယ်၊ သင့်ကို အရင်ကောင်မလေးနဲ့ နှိုင်းပြီး ပြောတတ်တယ်ဆိုရင် သူက အရင်ရည်းစားကို မမေ့သေးပါဘူး။

၆။ အရင်ရည်းစားရဲ့ မွေးနေ့

သင့်ကောင်လေး ဒါမှမဟုတ် ကောင်မလေးက သူတို့အရင် ရည်းစားရဲ့ မွေးနေ့ဆိုရင် Wish ပေးလိုက်ရမှ၊ တစ်ခုခု လုပ်ပေးလိုက်ရမှ စိတ်ကျေနပ်တတ်ကြပါတယ်။ အရင်ရည်းစားရဲ့ မွေးနေ့ရောက်ရင် လှုပ်လှုပ်ရွရွ ဖြစ်လာပြီဆိုရင် သူက အရင်တစ်ယောက်ကို မမေ့သေးပါဘူး။

၇။ အရင် ရည်းစားမိသားစုနဲ့ အဆက်အသွယ် ရှိသေးတယ်

သူက အရင်ရည်းစားဟောင်းရဲ့ မိသားစုတွေနဲ့ ဆက်သွယ်နေသေးတယ်ဆိုရင်တော့ အခြေအနေ မဟန်သေးပါဘူး။

၈။ သင်က အရင်ရည်းစားဟောင်းအကြောင်းကို ပြောလို့မရဘူး

သူကတော့ အရင်ရည်းစားဟောင်းအကြောင်း ပြောပေမယ့် သင်ပြောလိုက်တာနဲ့ သူတို့က မကြိုက်ချင်ကြပါဘူး။

၉။ သင်နဲ့ ဓာတ်ပုံတွေကို Social Media ပေါ် မတင်တတ်ဘူး

သင်နဲ့ သူ တွဲတာ အချိန်တစ်ခု ကြာတဲ့အချိန်မှာတောင် သူက သင်နဲ့ သူ့ပုံကို Social Media ပေါ် မတင်တတ်ပါဘူး။ ဒါပေမဲ့ ချွင်းချက်အနေနဲ့ Social Media တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။ ဒါပေမဲ့ Social Media က သင့်အတွက် အရေးပါတယ်ဆိုရင်တော့ စဉ်းစားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar