သင်က အလုပ်တာဝန်တွေကို အရင်ကထက် မြန်မြန်ပြီးချင်တယ်ဆိုရင်တော့ အခြေခံလိုက်နာရမယ့်အချက်တွေကို သိထားဖို့လိုပါတယ်။ အလုပ်မြန်မြန်ပြီးတဲ့ လူတစ်ယောက်အနေနဲ့ တခြားကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်နိုင်သလို စောစောလည်း အနားယူနိုင်ပါတယ်။ အလုပ်မြန်မြန်ဆန်ဆန်ပြီးစေမယ့် နည်းလမ်းတွေကတော့-
၁။ ဦးစားပေးတွေကိုရွေးပါ
ကိုယ့်ရဲ့လုပ်စရာတွေထဲက အရင်ဦးစားပေးရမယ့် အရာတွေကို ပထမဆုံးလုပ်ပေးပါ။ အရေးကြီးတာကို ကြို လုပ်ထားတဲ့အခါစိတ်ဖိစီးတာလည်း နည်းသွားပါလိမ့်မယ်။
၂။ တစ်ခါတည်းနဲ့ အလုပ်သုံးလေးခု လုပ်တာရှောင်ပါ
တစ်ခါလုပ်ရင် တစ်ခုတည်းလုပ်ပါ။ တစ်ချိန်တည်းမှာပဲ အလုပ် သုံးလေးခု လုပ်တဲ့အခါ အာရုံများပြီး ပိုနှောင့်နှေးစေပါတယ်။
ဒီအလုပ်ပြီးတာနဲ့ ဘယ်သွားမယ်။ ဘာစားမယ် စသည်ဖြင့် အလုပ်တစ်ခုပြီးမြောက်တိုင်း ကိုယ့်ကိုကိုယ် Reward ပေးပါ။
၄။ အရှုပ်တွေကို ဖယ်ရှားပါ
ကိုယ့်အနားက ရှုပ်ပွနေတဲ့ စားပွဲခုံ၊ အခန်းစတာတွေကို ရှင်းပေးပါ။ ရှင်းလင်းတဲ့ ပတ်ဝန်းကျင်က သင့်စိတ်ကို ပိုကြည်လင်စေပါတယ်။
၅။ မနက်ပိုင်း
တစ်နေ့တာလုံး လန်းဆန်းတက်ကြွနိုုင်ဖို့ မနက်ပိုင်းအချိန်က အရေးပါပါတယ်။ မနက်ခင်းခင်း စောစောထပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားပေးပါ။ လေ့ကျင့်ခန်း လုပ်ပေးပါ။ ကိုယ်လုပ်ချင်တဲ့အရာတွေကို မနက်စောစောမှာ List လုပ်ထားပါ။
အလုပ်တောက်လျှောက်လုပ်နေလို့ အလုပ်အမြန်မပြီးပါဘူး။ လုပ်လိုက် နားလိုက် လုပ်ပေးပါ။
၇။ နေရာပြောငး်ပေးပါ
အလုပ်လုပ်တဲ့အခါ နေ့တိုင်း တစ်နေရာတည်း လုပ်နေကျဆိုရင် ငြီးငွေ့လာတတ်ပါတယ်။ ဒါကြောင့် နေရာပြောင်းတာ ဒါမှမဟုတ် ကိုယ်နေနေကျ နေရာကို အသစ်အဆန်းပြင်ဆင်တာ စသည်ဖြင့် ပြုလုပ်ပေးပါ။
သင်ဘယ်အချိန်မှာ အလုပ်လုပ်တာ အားအရဆုံးလဲ ဆန်းစစ်ပါ။ အားရတဲ့အချိန်တွေမှာ အလုပ်ပိုလုပ်ပေးပါ။
ရည်မှန်းချက် အကြီးကြီး တစ်ခုအောင်မြင်ဖို့ ပန်းတိုင်သေးသေးလေးတွေ ပေါင်းစည်းရပါတယ်။ ခြေလှမ်းတစ်လှမ်းစီ လှမ်းရင်း နောက်ဆုံးရည်မှန်းရာ ပန်းတိုင်ဆီ အရောက်သွားနိုင်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ ်အလုပ်ပေးတိုင်း နည်းနည်းချင်းစီ အလုပ်ပေးပါ။
Photo Source: Pinterest
By MyStyle Myanmar