သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့ဆိုတာက မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်အိပ်မက်တစ်ခုလိုပါပဲ။ စစ်တမ်းများအရတော့ သန်းကြွယ်သူဌေးထက်ဝက်ခန့်က သူတို့ရဲ့ ဇွဲလုံ့လနဲ့ ကြိုးစားမှုကြောင့်သာ သန်းကြွယ်သူဌေးဖြစ်လာကြတယ်လို့ ဆိုကြပါတယ်။

သူတို့တွေ ပြောလေ့ရှိတဲ့ အကြံဉာဏ်လေးတွေက သင့်ကိုသူတို့လိုဖြစ်သွားစေနိုင်မယ်လို့တော့ အာမ မခံပေမယ့် သင်သိထားလို့လည်း အကျိုးယုတ်စေမှာမဟုတ်ပါဘူး။

၁။ ၅၀၊ ၃၀၊ ၂၀ စည်းမျဉ်း

သင့်ရဲ့ဝင်ငွေကို အမျိုးအစားသုံးပိုင်း ပိုင်းလိုက်ပါ။ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကိုတော့ အိမ်ငှားခ၊ တစ်နေ့တာအတွက်လိုအပ်မယ့် အသုံးအဆောင်ပစ္စည်းများ၊ စားစရိတ်၊ သွားလာစရိတ် စတာတွေအတွက် ဖယ်ထားပါ။ ၃၀ ရာခိုင်နှုန်းကိုတော့ စိတ်အပန်းဖြေဖို့၊ ဈေးဝယ်ထွက်ဖို့၊ မိမိဝါသနာအတွက် အသုံးပြုဖို့စတာတွေ အတွက်ဖယ်ထားပြီးတော့ ၂၀ ရာခိုင်နှုန်းကိုတော့ ဘာမှ မသုံးစွဲဘဲ ဘဏ်မှာစုဆောင်းထားပါ။

၂။ ဈေးလျှော့တဲ့အချိန်မှာ ဝယ်ပါ

ဈေးလျှော့တဲ့အချိန်မှာ မိမိအတွက်လိုအပ်မယ့်အရာတွေကို ပြေးဝယ်ထားမယ်ဆိုရင် ပိုက်ဆံချွေတာရာရောက်ပါတယ်။

၃။ Credit Card မသုံးပါနဲ့

သင့်ပိုက်ဆံအိတ်ထဲမှာ Credit Card ရှိနေမယ်ဆိုရင် သင်လိုချင်တဲ့အရာမှန်သမျှကို အချိန်မရွေးဝယ်နိုင်တယ်ဆိုတဲ့ အတွေးက ခေါင်းထဲဝင်နေပါလိမ့်မယ်။

၄။ စက်ရုံကနေ တိုက်ရိုက်ဝယ်ပါ

မိမိဝယ်ချင်တဲ့ပစ္စည်းကို ဆိုင်တစ်ဆိုင်မှာ တွေ့ပြီဆိုတာနဲ့ စက်ရုံကနေတိုက်ရိုက်ဝယ်လို့ ရမရ စုံစမ်းကြည့်ပါဦး။ သင်နဲ့စိတ်တူကိုယ်တူသူငယ်ချင်းတွေနဲ့လည်း ဝယ်ဖို့ အဖော်စပ်လိုက်ပါ။ ပိုဈေးသက်သာတာကို တွေ့မြင်ရပါလိမ့်မယ်။

၅။ ပိုက်ဆံမဖြုန်းခြင်းကလည်း ပိုက်ဆံရှာနည်းတစ်မျိုးပါပဲ

ပစ္စည်းတစ်ခုခုဝယ်မယ်ဆိုရင် ငါတကယ်လိုအပ်ရဲ့လား၊ ဒီပစ္စည်းလေးကို မဝယ်ရင်ရော ဘာဖြစ်မလဲ ဆိုတဲ့ မေးခွန်းမျိုး ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါ။

၆။ သိုသိုသိပ်သိပ်နေပါ

ယနေ့ခေတ်လူတွေရဲ့ အကြီးမားဆုံးပြဿနာက မိမိဝင်ငွေထက် ပိုမိုသုံးစွဲခြင်းပဲဖြစ်ပါတယ်။ တခြားသူတွေ ကိုယ့်ကိုအထင်ကြီးစေချင်ရုံသပ်သပ်နဲ့တော့ မိမိရဲ့ပိုက်ဆံကိုမဖြုန်းတီးလိုက်ပါနဲ့။

၇။ ရင်းနှီးမြှုပ်နှံပါ

ပိုက်ဆံကို ပိုမိုပွားများလာအောင် မိမိယုံကြည်ရတဲ့လုပ်ငန်းတစ်ခုခုမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါ။

၈။ အောင်မြင်နေတဲ့သူ၊ အရည်အချင်းရှိသူတွေနဲ့ ပေါင်းသင်းပြီး လေ့လာသင်ယူပါ

သင့်ပတ်ဝန်းကျင်မှာ အောင်မြင်နေတဲ့သူတွေကို မြင်တဲ့အခါ သင့်အိပ်မက်တွေကို ပိုမိုကြီးမားလာအောင် သူတို့လိုကြိုးစားချင်စိတ်ဖြစ်လာအောင် လှုံ့ဆောင်ပေးပါလိမ့်မယ်။ အရည်အချင်းရှိသူများနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ သင့်ကိုအကြံဉာဏ်ကောင်းတွေရရှိအောင် ကူညီပေးပါလိမ့်မယ်။

၉။ ပိုက်ဆံက နံပါတ်တစ်တော့ မဟုတ်ပါဘူး

ပိုက်ဆံကပါးစပ်မပါပေမယ့် စကားတော့ပြောပါတယ်။ သင် နေထိုင်နေတဲ့နေရာ၊ စားသောက်တဲ့ အစားအစာ၊ သင်ပိုင်ဆိုင်တဲ့အရာတွေကို ပိုက်ဆံကသတ်မှတ်ပေးပါတယ်။ ဒါပေမဲ့ ပိုက်ဆံက အရာအားလုံးတော့မဟုတ်ပါဘူး။ သင်လိုချင်တဲ့အိမ်ကို ပိုက်ဆံနဲ့ ဝယ်လို့ရပေမယ့် အဲ့ဒီအိမ်ထဲမှာ အတူတူနေဖို့ မိသားစုကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရပါဘူး။ ပိုက်ဆံရှိပြီး ပျော်ရွှင်မှုမရှိရင်လည်း အလကားပါပဲ။ စာဖတ်သူတွေအတွက် ဒီနည်းလမ်းလေးတွေက အကျိုးရှိစေမယ်လို့ မျှော်လင့်မိပါတယ်။

Source: Brightside.me