မင်္ဂလာပါနော်။ ကိုယ်အမြဲလိုချင်နေခဲ့တဲ့ ဖိနပ်လေး လက်ထဲရောက်လာတဲ့အချိန်က ဓာတ်ပုံလှလှလေးရိုက်ပြီး မှတ်တမ်းတင်ရမယ့်အချိန်ပါပဲ။ သင်က ဖိနပ်သစ်လေးကြွားရင်း ဓာတ်ဖမ်းဖို့စဉ်းစားထားပေမယ့် ဘယ်လိုပိုစ့်ပေးရမှန်းမသိဖြစ်နေရင်တော့ ဒီဆောင်းပါးက သင့်အတွက်အသုံးဝင်မှာပါ။ ဒီတစ်ခေါက်မှာ ဝတ်ထားတဲ့ ဖိနပ်လေးပေါ်အောင် Celebrity တွေကိုယ်တိုင် ရိုက်လေ့ရှိတဲ့ Pose ပေးနည်းအိုင်ဒီယာတွေကို ဖော်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

၁။ နေအလင်းရောင်ရတဲ့အကွက်လေးမှာ ခြေထောက်ထားပြီး Squat ထိုင်နေတဲ့ပုံစံလေးနဲ့ ရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိသလို နေရောင်ထဲမှာ ဖိနပ်လေးထင်းနေမယ့် Pose ဖြစ်ပါတယ်။


၂။ လမ်းထောင့်တစ်နေရာမှာ ဒူးထောင်ပြီးထိုင်ရင်း မေးထောက်ထားလိုက်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျနေမယ့် Pose လေးဖြစ်ပါတယ်။


၃။ ထိုင်ရင်း Mirror Selfie ရိုက်တဲ့အခါ ဖိနပ်လေးပေါ်ဖို့ ဒီလိုဒူးတစ်ဖက်ထောင်ပြီး လက်နဲ့ဆွဲထားသလို ပုံစံ လုပ်ကြည့်ပါ။ တစ်မျိုးဆန်းပြီး အထာကျပါတယ်။


၄။ လှေကားမှာထိုင်ပြီး ရိုက်တာကလည်း သင့်ဖိနပ်လေးကို ပိုထင်းစေပါတယ်။ ပုံထဲကလို Pose လေးတွေ ရိုက်ကြည့်ပါ။


၅။ နောက်ထပ် လွယ်လွယ်ကူကူနဲ့ အထာကျမယ့် Pose လေးကတော့ နံရံနားကပ်ကာ လက်ထောက်ပြီး နောက်တစ်ဖက်နဲ့ ခါးထောက်လိုက်ပါ။ ခြေထောက်တစ်ဖက်ကွေးပြီး ဘေးဘက်ချိတ်ကာ ခပ်စောင်းစောင်းလေးနေလိုက်ရုံပါပဲ။


၆။ ဖိနပ်ကြိုးချည်တဲ့ Pose ကလည်း မသိမသာ Snap မိတဲ့ပုံလေးရစေတာမို့ သဘာဝဆန်ပါတယ်။


၇။ ဖိနပ်နဲ့ Outfit အရောင်လေးတိုက်ပြီး ဝတ်ထားတဲ့သူတွေက ဒီလို ခေါင်းမပါတဲ့ အောက်ပိုင်းပုံလေးရိုက်ရင် ပိုအထာကျပါတယ်။ ပုံထဲကလို Pose လေးတွေ ရိုက်ကြည့်ပါ။


၈။ ဒူးနှစ်ဖက်ကို လက်နဲ့ပိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ ကင်မရာဘက်လှည့်နေတဲ့ Pose လေး ပေးကြည့်ပါ။


၉။ ဖိနပ်အသေးစိတ်ပေါ်ဖို့ ခြေထောက်သီးသန့် ရိုက်တဲ့ပုံစံလေးလည်း Try ကြည့်နိုင်ပါတယ်နော်။ ခြေထောက်ချိတ်ထိုင်တာ သို့မဟုတ် ခြေထောက်တစ်ချောင်း မသိမသာရှေ့ထုတ်ထားတာမျိုး လုပ်ကြည့်ပါ။

Photo Source: preview.ph, Pinterest

By MyStyle Myanmar