မင်္ဂလာပါ ပျိုမေလေးတို့ရေ၊ အင်္ကျီတွေ တွန့်ပြီးကြေမွနေမှ၊ ဆံပင်တွေကလည်း ဖွာလန်ရှုပ်ပွနေမှ မသပ်မရပ်ဖြစ်တာမဟုတ်ပါဘူးနော်။ အခုဖော်ပြပေးမယ့် အရာတစ်ချို့ကို တစ်ခါတလေ ပျိုမေလေးတို့ မသိလိုက်ဘဲ လုပ်မိတဲ့အခါ ဆွဲဆောင်မှုကို လျော့ကျသွားစေနိုင်လို့ သတိထားပြီး ရှောင်ကြဉ်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်တယ်နော်။

၁။ လက်ခေါင်းစည်းကြိုးကို လက်ကောက်ဝတ်မှာ ပတ်ထားခြင်း

အလုပ်များတဲ့အခါ လွယ်ကူအောင်ဆိုပြီး ခေါင်းစည်းကြိုးကို လက်ကောက်ဝတ်မှာပတ်တတ်တဲ့ အကျင့်ရှိရင်တော့ ဖျောက်ပစ်လိုက်ပါနော်။ လက်ကောက်ဝတ်မှာနာရီတွေ လက်ကောက်တွေ ဝတ်တာမျိုးပဲ ပြုလုပ်ပေးပါ။ ခေါင်းစည်းကြိုးကိုတော့ ဆံပင်မစည်းထားဘူးဆိုရင် ပိုက်ဆံအိတ်ထဲမှာ ထည့်သိမ်းထားလိုက်ပါနော်။

၂။ ဆံပင်ထုံးထားတဲ့အခါ

အိမ်မှာနေတဲ့အခါ ဆံပင်ထုံးထားတာက ကိစ္စမရှိပေမယ့် အပြင်သွားတာပဲဖြစ်ဖြစ်၊ ရုံးသွားတာပဲဖြစ်ဖြစ် သင့်ကို ဖရိုဖရဲဖြစ်စေပါတယ်။ ဆံပင်ကို ပြင်ဆင်ဖို့အချိန်အနည်းငယ်ပေးပြီး မြင်းမြီးပုံစံ စည်းလိုက်တာပဲဖြစ်ဖြစ်၊ ပုံသွင်းတာပဲဖြစ်ဖြစ်ပြုလုပ်လိုက်ပါ။

၃။ မိတ်ကပ်ဖောင်ဒေးရှင်း ရွေးချယ်မှုမှားတဲ့အခါ

မိတ်ကပ်ဖောင်ဒေးရှင်းအရောင်က ကိုယ့်အသားအရေနဲ့ မကိုက်ညီဘူးဆိုရင် ကြည့်ရဆိုးစေတာကြောင့် သေချာရွေးဝယ်သင့်ပါတယ်။

၄။ အိတ်အကြီး ၂ လုံးကို တစ်ပြိုင်တည်း မသုံးမိပါစေနဲ့

အိတ်အထဲကမလိုအပ်တဲ့ ပစ္စည်းတွေကို ဖယ်ထုတ်ပြီး မိမိအတွက် အသုံးလိုမယ့်ပစ္စည်းလေးတွေကိုသာ ဆောင်ထားပေးပါ။

၅။ အင်္ကျီအောက်ခံကြိုးမပေါ်အောင် ဂရုစိုက်ပေးပါ

ပုခုံးလျှောအင်္ကျီလေးတွေ ဝတ်မယ်ဆိုလည်း ဘရာကြိုးဖျောက်ထားတာပဲဖြစ်ဖြစ်၊ ကြိုးအကြည်လေးနဲ့ တွဲဝတ်တာပဲဖြစ်ဖြစ်ပြုလုပ်ပေးပါ။ ပုံမှန်လည်ပင်းပိတ်အင်္ကျီဆိုရင်လည်း အောက်ခံကြိုးမပေါ်အောင် သတိပြုသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် သင့်ကိုပြင်ပြင်ဆင်ဆင်နဲ့ သပ်သပ်ရပ်ရပ်မနေဘူးလို့ အထင်ခံရနိုင်ပါတယ်။

၆။ အသားအရေ ခြောက်သွေ့ခြင်း

အသားအရေ အစိုဓာတ်ပြည့်ဝဖို့က အရေးကြီးတယ်ဆိုတာ မိန်းကလေးတွေအားလုံးသိထားပြီးသားပါ။ အသားအရေခြောက်ရင် အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်း လျင်မြန်စွာဖြစ်ပေါ်နိုင်တဲ့အပြင် အသားအရေကြမ်းတမ်းပြီး မလှမပဖြစ်စေပါတယ်။ အစိုဓာတ်ဖြည့်ပေးတဲ့ ခရင်မ်တွေ၊ စီရမ်တွေ လိမ်းပေးပါ။

၇။ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်း

ဆံပင်အဖျားနှစ်ခွဖြစ်တဲ့အခါ မိမိဘာသာမညှပ်ဘဲ အလှပြင်ဆိုင်သွားပြီး ဆံပင်ကိုသေသေချာချာပြုပြင်ထိန်းသိမ်းသင့်ပါတယ်။

၈။ အင်္ကျီအနေအထားကို ခဏခဏပြင်နေခြင်း

ကိုယ်ဝတ်တဲ့ဂါဝန်လေးက အရမ်းကြပ်နေတာပဲဖြစ်ဖြစ် ချောင်နေလို့ပဲဖြစ်ဖြစ် ပုံစံခဏခဏပြင်နေရတဲ့အခါ သင့်ရဲ့ဆွဲဆောင်မှုကို လျော့ကျစေပါတယ်။ ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်စေတဲ့အင်္ကျီလေးကိုသာ ရွေးချယ်ပေးခြင်းက ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုတိုးစေပါတယ်။

၉။ တိရစ္ဆာန်အမွေးလေးတွေ အဝတ်အစားပေါ်ကပ်နေခြင်း

ပျိုမေလေးတို့အိမ်မှာ ခွေးလေးတွေ ကြောင်လေးတွေ မွေးထားတယ်ဆိုရင် အဝတ်အစားပေါ်သူတို့အမွေးတွေ မကပ်အောင် ဂရုစိုက်သင့်ပါတယ်။

Source: Brightside.me