စိတ်ဓာတ်ကျနေတဲ့အချိန်၊ စိတ်ညစ်နေတဲ့အချိန်မှာ ဘာမှ လုပ်ချင်စိတ်မရှိတဲ့ အထိပါပဲ။ ကိုယ့်စိတ်ကို ပြန်အဆင်ပြေမယ်ဆိုတာ သိထားရင်တောင် ထပြီး လုပ်ချင်စိတ်မရှိတဲ့အထိ စိတ်ညစ်တဲ့ အချိန်တွေကို သင်ကြုံဖူးမှာပါ။ ဒါပေမဲ့ အကြံပြုချက်တစ်ခုကတော့ သင့်စိတ်က ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ ဒါကို တိုက်ထုတ်တဲ့အနေနဲ့ စိတ်ခွန်အား ဖြည့်တင်းပေးမယ့် သီချင်းတွေကို နားထောင်သင့်ပါတယ်။ သင် စိတ်ဓာတ်ကျနေတဲ့အချိန် နားထောင်နိုင်ဖို့ စိတ်ခွန်အား ဖြစ်စေမယ့် သီချင်းတွေကို ကြည့်လိုက်ရအောင်-

၁။ ROAR- KATY PERRY

Katy Perry ရဲ့ ဒီ Roar သီချင်းက ကိုယ့်ယုံကြည်ချက်တွေကို မြဲမြဲစွဲကိုင်ထားပြီး အားမလျှော့ဘဲ ကြိုးစားသွားနိုင်ဖို့ ရည်ရွယ်နေပါတယ်။ လူတွေက သူ့ကို စိတ်ညစ်အောင် လုပ်တဲ့အချိန်တိုင်း သူမရဲ့ ဟိန်းသံကိုပဲ ကြားရမယ်ဆိုပြီး ပြောပြထားတဲ့ သီချင်းပါ။

၂။ BRAVE- SARA BAREILLES

Katy Perry သီချင်းလိုပဲ ဒီသီချင်းကလည်း ကိုယ်ယုံကြည်တဲ့အရာမှာ မားမားမတ်မတ် ရပ်တည်ဖို့ ခွန်အားပေးတဲ့ သီချင်းပါ။ ကိုယ်ပြောချင်တဲ့ စကားကို မကြောက်ရွံ့ဘဲ သတ္တိရှိရှိ ပြောတာပဲ မြင်ချင်ပါတယ်ဆိုပြီး သီချင်းက တိုက်တွန်းထားပါတယ်။

၃။ STAND- RASCAL FLATTS

အားတက်စေမယ့် သီချင်းတွေကို ဆိုတတ်တဲ့ RASCAL FLATTS ရဲ့ ဒီ Stand သီချင်းကလည်း သီချင်းကောင်းတစ်ပုဒ်ပါ။ ဘယ်လောက်ပဲ ကိုယ့်ဘဝက ခက်ခဲကြမ်းတမ်းပါစေ မားမားမတ်မတ် ရပ်နေဖို့ လိုကြောင်း ပြောပြထားတဲ့ သီချင်းပါ။

၄။ STRONGER- KELLY CLARKSON

သင့်ကို စိတ်ဓာတ်ကျအောင် ပြုလုပ်တတ်တဲ့ အရာတွေက အဆုံးသတ်မှာ သင့်ကို သန်မာတဲ့လူတစ်ယောက် ဖြစ်အောင် ပြောင်းလဲပေးနိုင်ကြောင်း Stronger သီချင်းက ပြောပြနေပါတယ်။

၅။ BORN THIS WAY- LADY GAGA

သင့်ပုံစံက မွေးကတည်းက အတိုင်းပါပဲ။ လူတွေ သဘောကျဖို့လည်း ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ မလိုသလို ကိုယ့်ပုံစံကိုယ် ချစ်ဖို့ လိုအပ်တယ်လို့ Lady Gaga ရဲ့ သီချင်းက ပြောပြနေပါတယ်။

၆။ MARCHIN ON – ONEREPUBLIC

ဘယ်လို အခက်အခဲပဲ ကြုံပါစေ ဆက်သွားဖို့ One Republic က ဒီသီချင်းနဲ့ တိုက်တွန်းနေပါတယ်။

၇။ RAISE YOUR GLASS- PINK

ကိုယ်က အရှုံးသမား ဖြစ်ခဲ့ရင်တောင် ဒါကို ဂုဏ်ယူတဲ့ စိတ် ထားသင့်ပါတယ်။ ကိုယ်က အမိုက်စား လူတွေထဲ မပါခဲ့ရင်တောင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေဖို့ Pink သီချင်းက ပြောပြနေပါတယ်။

၈။ WHO SAYS- SELENA GOMEZ

Selena Gomez က Who Says သီချင်းမှာ သင့်ရဲ့ အလှဆုံး ပုံရိပ်က အစစ်အမှန်ဖြစ်တဲ့ သင်ဖြစ်ကြောင်း၊ အများရဲ့ အသိအမှတ်ပြုခံရဖို့ Beauty Queen ဖြစ်ဖို့ မလိုကြောင်း၊ ကိုယ့်ပုံစံနဲ့ ကိုယ်နေဖို့ ပြောပြထားပါတယ်။

၉။ HARD OUT HERE- LILLY ALLEN

အမျိုးသမီးတွေရဲ့ တွေးခေါ်မှုကို မကြည့်ဘဲ ပိန်တယ် ဝတယ် အမျိုးမျိုး ပြောတတ်တဲ့ လူတွေကို သရော်ထားတဲ့ ဒီသီချင်းက မြူးကြွပြီး သင့်ကို စိတ်ခွန်အားတက်စေမှာပါ။

Source: YouTube

By MyStyle Myanmar