လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ။ ပျော်ရွှင်ဖွယ်အချစ်ရေးတစ်ခုရဖို့ နှစ်ဦးနှစ်ဖက်လုံးက အမှန်တကယ်ချစ်ဖို့၊ ဂရုစိုက်ဖို့၊ ယုံကြည်ဖို့နဲ့ နားလည်ဖို့လိုအပ်ပါတယ်။ ကိုယ့်ဘက်က အလေးပိုနေရင် ကြာလာတဲ့အချိန် အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်တတ်ပါတယ်။ အချစ်ရေးတစ်ခုမှာ သင့်ဘက်ကပဲ တစ်ဖက်သတ်လိုက်နေရကြောင်း ပြသတဲ့ လက္ခဏာတွေရှိပါတယ်။ ဒါတွေကတော့-

၁။ သင့်ကို သူက သိပ်အဆက်အသွယ်မလုပ်ဘူး

၂။ သင်ဆက်သွယ်လိုက်တဲ့အချိန်လည်း သူများ အနှောင့်အယှက်ဖြစ်သွားမလား စိတ်ပူနေရတတ်တယ်

Photo Source: Free pik

၃။ သူက သင်နဲ့ အတူတူ အနာဂတ်အစီအစဉ်တွေ ဆွဲဖို့ စိတ်မပါဘူး။

၄။ သင်နဲ့ တွေ့တာထက် သူက သူငယ်ချင်းတွေနဲ့ ပျော်ဖို့ ပိုအားသန်နေတယ်။

၅။ “သူကများ သင့်ကို တစ်နေ့ထားသွားမလား”ဆိုတဲ့စိတ်နဲ့ သင်က အမြဲစိတ်ပူရတတ်တယ်။

၆။ သူက သင့်ကို လုံးဝ ဂရုမစိုက်ဘူး။

၇။ သင့်ကို နိုင်စားတယ်။

၈။ သူက သင့်ဘဝကို စိတ်မဝင်စားဘူး။ သင့်အကြောင်းကို စိတ်မဝင်စားပါဘူး။

၉။ သင်စိတ်ခံစားချက်တစ်ခုခုကြောင့် သူ့ကို လိုအပ်နေတဲ့အချိန် အနားမှာ ရှိမနေတတ်ဘူး။

သင့်ရဲ့ အချစ်ရေးက ဒီအချက်တွေနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ ပြန်စဉ်းစားသင့်ပါပြီ။

Photo Source: Pinterest

By MyStyle Myanmar